ဒေါ်နယ် ဘရန် ကို ၁၉၃၂ တွင်မွေးဖွားခဲ့သည်။ အမေရိကန် အိမ်ရာမြေလုပ်ငန်းလုပ်ကိုင်သူ အထင်ကရ ပုဂ္ဂိုလ် တဦးဖြစ်ပြီး Irvine Company တွင် ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ဒေါ်နယ်လ် ဘရန်
မွေးသက္ကရာဇ် (1932-05-11) မေ ၁၁၊ ၁၉၃၂ (အသက် ၉၁)[၁][၂][၃]
လော့အိန်ဂျယ်
နိုင်ငံသား အမေရိကန်
ပညာရေး ဝါရှင်တန်တက္ကသိုလ်
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၂ ဘီလျံ
ကြင်ဖော် Brigitte (Muller) Bren
သားသမီး ၇ယောက်

အတ္ထုပ္ပတ္တိ ပြင်ဆင်ရန်

စကိတ်စီးခြင်းနှင့် ပက်သက်၍ ရရှိခဲ့သော ပညာသင်ဆုဖြင့် ဝါရှင်တန်တက်ကသိုလ်တွင် ၂ နှစ်ကြာအောင် ပညာသင် ကြားခဲ့ပြီး Beta Theta Pi အဖွဲ့ဝင်တယောက်ဖြစ်ခဲ့သည်။ ဝါရှင်တန်တက်ကသိုလ် တွင် စီးပွားစီမံ ဘာသာရပ်ဖြင့် ဘွဲ့ ရရှိခဲ့သည်။

၁၉၅၆ အိုလံပစ် စကိတ်အသင်းတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားခဲ့သော်လည်း ထိခိုက် ဒဏ်ရာရခဲ့သောကြောင့် ရွေးချယ်ခြင်းမခံခဲ့ရပေ။ သူသည် ကောလိပ်မှ ထွက်ခဲ့ပြီးနောက် အမေရိကန်ရေတပ်တွင် အရာရှိအဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ဘရန် သည် Hollywood ရုပ်ရှင်ကားထုတ်လုပ်သူ Milton ဘရန် နှင့် မြို့တော်စည်ပင်သာယာရေးလုပ်ငန်း များကို ဦးဆောင်လုပ်ကိုင်သူ Marion ( Newbert ) ဘရန် တို့၏ သားဖြစ်သည်။ သူ့မိဘများသည် ၁၉၄ရ တွင်ကွာရှင်းခဲ့ကြပြီးနောက် သူ့အဖေက အကယ်ဒမီဆုရမင်းသမီး Claire Trevor နှင့် ၁၉၄၈ တွင် လက်ထပ်ခဲ့သည်။ သူအမေက သံမဏိလုပ်ငန်းပိုင်ရှင် Earle M. Jorgensen နှင့် လက်ထပ်ခဲ့သည်။

၁၉၅၈ တွင် ချေးငွေ ဒေါ်လာ ၁၀,၀⁠၀ဝ ဖြင့် Newport Beach တွင် သူ၏ ပထမဆုံးအိမ်ကို ဆောက်လုပ်ခဲ့ သည်။၁၉၅၈ တွင် အိမ်ဆောက်လုပ်သည့် လုပ်ငန်းလုပ်ကိုင်သည့် ဘရန် Company ကို တည်ထောင်ခဲ့ပြီး သူ၏ စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သည်။ ၁၉၆၃ တွင် သူနှင့် အခြားနှစ်ယောက်တို့ပေါင်းပြီး Mission Viejo Company ( MVC ) ကိုစတင် တည်ထောင်ခဲ့ပြီး California ရှိ Mission Viejo မြို့တွင် မြေဧက ၁၀,၀⁠၀ဝ ကိုဝယ်ယူပြီး Mission Viejo မြို့တိုးတက်မည့် လုပ်ငန်းများကို အစီအစဉ်များရေးဆွဲပြီး လုပ်ကိုင်ခဲ့သည်။ MVC Company တွင် ၁၉၆၃ မှ ၁၉၆ရ အထိ ဥက်ကဌ အဖြစ်တာဝန်ယူလုပ်ကိုင်ခဲ့သည်။ (၇) ၁၉၇ဝ International Paper Company မှ MVC ကို ဒေါ်လာ ၃၄ သန်းဖြင့် ဝယ်ယူခဲ့သည်။ (၈) ထို့နောက် ၁၉၇၂ စီးပွားပျက်ကပ်အပြီးတွင် တချိန်က အလွန်အမင်းလှုပ်ရှားခဲ့သည့် အိမ်ရာမြေလုပ်ငန်း အရောင်းအဝယ်အေးသွားချိန်တွင် ဘရန် ထံသို့ဒေါ်လာ ၂၂ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။

ဘရန် သည် MVC ကို ဆက်လက်လုပ်ကိုင်ခဲ့ပြီး ( နောက်ပိုင်းတွင် Philip Morris ထံသို့ရောင်းချခဲ့သည် ) ၁၉၇ရ တွင် ၁၄၆ နှစ် သက်တမ်းရှိပြီဖြစ်သော Irvine Company ကို ဝယ်ယူလုပ်ကိုင်ရန်အတွက် ရင်းနှီးမြုပ်နှံသူများ အဖွဲ့တဖွဲ့နှင့် ဆက်သွယ်ပူးပေါင်းခဲ့သည်။ ဘရန် သည် အကျိုးတူယာယီပူးပေါင်းထားသောအဖွဲ့အစည်းတွင် ရှယ်ယာ ၃၄.၃% ပိုင်ဆိုင်မှုဖြင့် ရှယ်ယာ အများဆုံးပိုင်ဆိုင်သူဖြစ်ပြီး ကုမ်ပဏီအုပ်ချုပ်ရေးအဖွဲ့တွင် ဒုတိယ ဥက်ကဌနေရာဖြင့် တာဝန်ယူလုပ်ကိုင်ခဲ့သည်။ ၁၉၈၃ တွင် ထိုလုပ်ငန်း၏ အများဆုံးပိုင်ဆိုင်သူတယောက် ဖြစ်လာခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့တွင် ဥက်ကဌ အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ ၁၉၆၆ တွင် ထိုလုပ်ငန်းမှ ကျန်ရှိသော ရှယ်ယာများကိုဝယ်ယူခဲ့ပြီး ထိုကုမ်ပဏီကို တဦးတည်းပိုင်ဆိုင်လုပ်ကိုင်ခဲ့သည်။ ၂၀⁠၀၈ Forbes မှ အချမ်းသာဆုံး အမေရိကန် ၄၀ဝ စာရင်းတွင် အသားတင်ဒေါ်လာ ၁၂ ဘီလီယံခန့် ပိုင်ဆိုင်ပြီး အမေရိကန်တွင် အချမ်းသာဆုံး အိမ်ရာမြေအသုံးချလုပ်ငန်း လုပ်ကိုင်သူအဖြစ် စာရင်း ဝင်ခဲ့သည်။

ကုသိုလ်ရေးလှူဒါန်းမှုများ ပြင်ဆင်ရန်

၂၀⁠၀၈ တွင် BussinessWeek မှ ဘရန် သည် အမေရိကန်နိုင်ငံရှိ ထိပ်ဆုံးရှိ ပရဟိတလုပ်ငန်းအလှူရှင် ၁ဝ ယောက်စာရင်းတွင် တယောက်အပါအဝင်ဖြစ်ပြီး ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက် ခြင်းလုပ်ငန်း၊ သုတေသနလုပ်ငန်းများအပါအဝင် သူ၏ ကူညီထောက်ပံမှုများနှင့် အခြား သုတေသန လုပ်ငန်းများတွင် ဒေါ်လာ ၁ ဘီလီယံကျော်လှူဒါန်းခဲ့သည်။(၁၂)

ပညာရေး ပြင်ဆင်ရန်

ပညာသင်ကြားရေးကို ထောက်ခံအားပေးသူတယောက်ဖြစ်သည်နှင့်အညီ ဘရန် သည် အစိုးရအထက်တန်း ကျောင်းများနှင့် အဆင့်မြင့် အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများသို့ K-12 အစီအစဉ်အတွက် ဒေါ်လာသန်း ၂၀ဝ ကျော် ထောက်ပံ့လှူဒါန်းခဲ့သည်။ ဘရန် ၏ ထောက်ပံကူညီမှုများသည် California University, Irvine University of California, Santa Barbara နှင့် Chapman University တို့အပါအဝင် California ရှိ တက်ကသိုလ်များကို များစွာအကျိုးဖြစ် ထွန်းစေခဲ့ သည်။

သူသေဆုံးပြီးသည့်နောက်တွင် သူ၏ အားပေးကူညီထောက်ပံမှုများကို ဂုဏ်ပြုသောအားဖြင့် Irvine University of California တွင် ဘရန် Events Center နှင့် Donald ဘရန် သတင်းအချက်အလက်နှင့် ကွန်ပျူတာ သိပ်ပံကျောင်းကို တည်ထောင်ခဲ့ပြီး မကြာသေးမီကပင် Donal ဘရန် Hall ကို ဆောက်လုပ်ထား ခဲ့သည်။ သူမိထွေးသေဆုံးပြီးသည့်နောက်တွင် ထိုတက်ကသိုလ်ကို Claire Trevor အနုပညာကျောင်းဟု မှည့်ခေါ်ခဲ့သည်။ ထို့အပြင် သူသေဆုံးပြီးသည့်နောက်တွင် Santa Barbara University of California ကိုလည်း ဘရန် Hall နှင့် ဘရန် သဘာဝပတ်ဝန်းကျင် ဆိုင်ရာသိပ်ပံနှင့် စီမံခန့်ခွဲမှု ဘွဲ့လွန်သင်တန်းကျောင်းဟု မှည့်ခေါ်ခဲ့သည်။

ဘရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ်ပံနှင့် စီမံခန့်ခွဲမှုဘွဲ့လွန်သင်တန်းကျောင်းကို စုစုပေါင်း ဒေါ်လာ သန်း ၂ဝ လှူဒါန်းခဲ့ပြီး ကျောင်း၏ အဓိကပညာရပ်နှင့် သက်ဆိုင်သော အစီအစဉ်များသာမက ဝန်ထမ်းရေးရာနှင့် အထူးလူမှုရေးလှုပ်ရှားမှု လုပ်ငန်းများတွင်ပါ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လျက်ရှိသည်။ ၂၀⁠၀ရ ဩဂုတ်လတွင် ဘရန် သည် မကြာသေးမီက တည်ထောင်ခဲ့သော ကယ်လီဖိုးနီးယားမှ ဥပဒေတက်ကသိုလ် တခုဖြစ်သော Irvine School of Law ကို ဒေါ်လာသန်း ၂ဝ လှူဒါန်းမည်ဟု ကတိပြုခဲ့သည်။ ထိုသို့လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်မှာ အမျိုးသားရေး၊ နိုင်ငံရေးအရ လက်ခံထားသော စည်းကမ်း ထိန်းသိမ်းမှုနှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်များ စည်းရုံးထောက်ပံနိုင်ရန်၊ အောင်မြင်ကျော်ကြားသော ဥပဒေပညာ သင်ဆု ၁၁ ဆုအတွက် ထောက်ပံနိုင်ရန်နှင့် လိုအပ်လျှင်လိုအပ် သလောက်ထုတ်ပေးနိုင်သော ရန်ပုံငွေ နှင့်အတူ စည်းကမ်းထိန်းသိမ်းမှုနှင့် သက်ဆိုင်သည့်ပုဂိ်ဂုလ်များအား ကူညီထောက်ပံ့နိုင်သည့် ငွေပဒေသာပင် တည်ထောင်ရန် ရည်ရွယ်ပြီးလှူဒါန်းခြင်း ဖြစ်သည်။

ထိုသို့ကူညီထောက်ပံမှုကို အသိအမှတ်ပြုသောအားဖြင့် ထိုကျောင်းကို UC Irvine Donald ဘရန် School of Law ဟု ကနဦးအမည်ပေးထားခဲ့သည်။ ၂၀⁠၀၈ တွင် ကျောင်းနာမည်တွင် သူ၏ နာမည်ပါဝင်လိမ့်မည်မဟုတ်ဟူသော သဘောတူညီမှုတခုရှိလာခဲ့ သည်။ စည်းကမ်းထိန်းသိမ်းမှုနှင့် သက်ဆိုင်သည့်ပုဂိ်ဂုလ်တယောက်ဖြစ်သော Erwin Chemerinsky က “ ကျွန်တော်တို့အနေနဲ့ ဘရန် ၏ လှူဒါန်းမှုကို လှိုက်⁠လှိုက်လှဲ⁠လှဲကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူးနှင့် မစ္စတာဘရန်တို့ကြားမှာ ကတော့ ငါတို့ကျောင်းဟာ အခြားကယ်လီဖိုးနီးယား တက္ကသိုလ်များရဲ့နာမည်လိုပဲ ဖြစ်သင့်တယ် လို့ဆုံးဖြတ်လိုက်ကြတယ် ” လို့ပြောကြားခဲ့တယ်။ (၁၅) ၁၉၈၄ မှ ၂၀⁠၀၄ အတွင်း ဘရန် သည် UC Irvine သို့ဒေါ်လာ ၄၃ သန်းကျော်လှူဒါန်းခဲ့သည်။ ထိုလှူဒါန်းခဲ့ သည့် ရန်ပုံငွေများတွင် ဒေါ်လာသန်း ၂ဝ ကို သတင်းအချက်အလက်နှင့် ကွန်ပျူတာ သိပ်ပံကျောင်းရှိ မဟာဌာနမှ ဆရာ⁠ဆရာမများအသစ်များ စုဆောင်းခန့်အပ်နိုင်ရန်အတွက် အသုံးပြုလျက်ခဲ့သည်။

ထိုကျောင်းကိုနောက်ပိုင်းတွင် The Donald ဘရန် School of Information and Computer Sciences (၁၆) ဟု အမည်ပြောင်းခဲ့ပြီး အထပ် ၆ ထပ်ပါဝင်သော Donald ဘရန် Hall ကို ဆောက်လုပ်ခဲ့ရာ ၂၀⁠၀ရ တွင်ဖွင့်လှစ်ပေးခဲ့သည်။ Donald ဘရန် Hall တွင် သုတေသနပြုလုပ်သည့် လက်တွေ့စမ်းသပ်ခန်းများ၊ မဟာဌာနမှ ဆရာ⁠ဆရာမများအတွက် ရုံးခန်းများနှင့် စာသင်ခန်းများ ပါဝင်သည်။ California Institute of Technology ၏ ယုံကြည်စိတ်ချစွာဖြင့် ထိန်းသိမ်းရန် အပ်နှံခြင်းခံရသူတယောက် ဖြစ်သည့် ဘရန် သည် ၂၀⁠၀၁ တွင် California Institute of Technology သို့ ဒေါ်လာ ၁ဝ သန်း လှူဒါန်းခဲ့သည်။ ထိုအလှူငွေ များကို သင်တန်းသားအသစ်များအား မဟာဌာနသို့ တက်ရောက် သင်ကြားနိုင်ရန်အတွက်ပေးသော ပညာသင်ဆု ဖြစ်သည့် ဘရန် Scholars ကို ထောက်ပံရန် နှင့် ဘရန် Professorships ၅ ခုအတွက် ထောက်ပံမည့် ငွေပဒေသာပင် စိုက်ထူရန်အတွက် အသုံးပြုခဲ့သည်။

၂၀⁠၀၃ တွင် ဘရန် သည် Virginia, Quantico ရှိ တပ်မတော်ရေကြောင်းတက်ကသိုလ်သို့ဒေါ်လာ ၁ သန်းလှူ ဒါန်းခဲ့သည်။ ထိုအလှူငွေများကို ကျင့်ဝတ်နှင့် ခေါင်းဆောင်မှု၊ တီထွင်ဆန်းသစ်မှုနှင့် ပြုပြင်ပြောင်းလဲမှုစသည့် အခန်းများတွင်ပေးအပ်မည့် ဘွဲ့နှစ်ခု အတွက် အဓိက ရည်ရွယ်ပြီး ထောက်ပံလှူဒါန်းခြင်းဖြစ်သည်။

အဆင့်မြင့် ပညာသင်ကြားမှုများအားလှူဒါန်းမှုများအပြင် ဘရန် သည် ကယ်လီဖိုးနီးယားရှိ K-12 အစိုးရကျောင်းများ တွင်လည်း အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့သည်။ ၂၀⁠၀၈ ဖေဖော်ဝါရီတွင် ဘရန် သည် ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ K-6 ကျောင်းသားများအား ကျောင်းချိန်ပြင်ပလှုပ်ရှားမှုများအတွက် ကူညီထောက်ပံပေးသည့် အဖွဲ့အစည်း တခုဖြစ်သော THINK Together အဖွဲ့သို့ဒေါ်လာ ၈.၅ သန်းလှူဒါန်းခဲ့သည်။ ကျောင်းချိန် ပြင်ပလှုပ်ရှားမှုအစီအစဉ်များကို Santa Ana ဒေသရှိ ကျောင်းပေါင်း ၄ဝ တွင် တိုးချဲ ့လုပ် ကိုင်နိုင်ရန်အတွက် ထိုအဖွဲ့အစည်းသို့ ၂၀⁠၀၆ခုနှစ်တွင်ပထမအကြိမ်အဖြစ် ဒေါ်လာ ၁သန်း ကူညီလှူဒါန်း ခဲ့သည်။

တရားဝင် ထုတ်ပြန်ကြေညာချက်များအရ ထိုကဲ့သို့သူ၏လှူဒါန်းမှုများသည် ၁ဝ နှစ်ကျော်အတွင်း ကျောင်းသား ၁၀,၀⁠၀ဝ ကျော်ကို အကျိုးဖြစ်ထွန်းစေခဲ့သည်။ ၂၀⁠၀၆ ခုနှစ်အတွင်း California, Irvine ဒေသရှိ Irvine Unified School သို့ဒေါ်လာ သန်း ၂ဝ ထောက်ပံကူညီလှူဒါန်းခဲ့သည်။ ထိုအလှူငွေများကို ထိုအရပ်ဒေသတွင် ဂီတ၊ အနုပညာနှင့် သိပ်ပံဘာသာရပ်များ သင်ကြားမည့် ဆရာ⁠ဆရာမများ ငှားရမ်းခန့် အပ်နိုင်ရန်အတွက် အသုံးပြုမည် ဖြစ်သည်။

ထိုလှူဒါန်းမှုသည် ၁ဝ နှစ်ကျော်အချိန်အတွင်း ၄ တန်းမှ ၆ တန်းကျောင်းသားများအား ဂီတ၊ အနုပညာနှင့် သိပ်ပံဘာသာရပ် များ သင်ကြားခွင့်ရရှိစေရန် အထောက်အကူပြုမည် ဖြစ်သည်။ ထို့အပြင် ၂၀⁠၀ဝ ခုနှစ်တွင် ဘရန် သည် Irvine ရှိ ကျောင်းများသို့ဒေါ်လာ ၂၅ သန်း ထောက်ပံ လှူဒါန်းခဲ့သည်။ Irvine Public Schools Foundation မှ ယခင် အလုပ်အမှုဆောင် Tim Shaw က ” ဘရန် ၏ နှစ်စဉ် လှူဒါန်းမှုများက အခြေခံကျတဲ့ ဂီတ၊ အနုပညာနှင့် သိပ်ပံဘာသာရပ် သင်ကြားချက်များအတွက် အများပြည်သူဆီက ခိုင်မာတဲ့ထောက်ခံ အားပေးမှုများ ရရှိအောင် မျိုးစေ့ချပေးခဲ့တယ်” လို့ဖော်ပြခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်ခြင်း ပြင်ဆင်ရန်

၂၀⁠၀၉ မတ်လတွင် London Sunday Times ၏ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းသည့် နည်းပညာ (သို့မဟုတ်) စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးလုပ်ကိုင်သူ၊ (သို့မဟုတ်) သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းမှုလုပ်ငန်းများတွင် ငွေကြေးမြောက်မြားစွာ ထောက်ပံလှူဒါန်းကူညီသူ အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ဝ စာရင်းကို ဖော်ပြထားသော Green Rich List စာရင်းတွင် အဆင့် ၉ ရရှိခဲ့သည်။ UC Santa Barbara School of Environmental Science သို့ ဒေါ်လာ သန်း ၂ဝ လှူဒါန်းခဲ့မှုကြောင့် ထိုစာရင်းတွင် နေရာတနေရာရရှိခဲ့ခြင်းဖြစ်သည်။

နှစ် ၃ဝ ကာလအတွင်း California, Orange County သို့ ပန်းခြံ၊ မြက်ခင်းစိမ်းကွင်းပြင်များ၊ အပန်းဖြေ နားနေစရာနေရာများနှင့် သစ်တောကြိုး ဝိုင်းများအဖြစ် အသုံးပြုနိုင်ရန်အတွက် မြေဧက ၅၀,၀⁠၀ဝ ( ၂၀ဝ ကီလိုမီတာ ပတ်လည် ) ကို လှူဒါန်းခဲ့သည်။ ထိုလှူဒါန်းခဲ့သောမြေဧကများသည် ဘရန် ၏ အကြံအစည်များကို ပြည့်ဝအောင် ဖြည့်ဆည်း ပေးနိုင်ခဲ့ပြီး သမိုင်းဝင် Irvine Ranch ၏ မြေဧက ၉၃,၀⁠၀ဝ ( ၃၈ဝ ကီလိုမီတာ ပတ်လည် ) ကို ထိမ်းသိမ်း စောင့်ရှောက်မှု ပေးနိုင်ခဲ့သည်။ ထိုမြေဧက ၉၃,၀⁠၀ဝ အနက် ဧက ၄၀,၀⁠၀ဝ ကို Irvine Ranch National Natural Landmark (အမျိုးသားသဘာဝသမိုင်းပြတိုက်) အဖြစ်ပြုလုပ်ရန် လျာထားသတ်မှတ်ထားသည်။

၂၀⁠၀၆ ခုနှစ်တွင် ဘရန် အား ထိုသို့ဆောက်လုပ်ရန် လှူဒါန်းသည့်အတွက် ချီးကျူးဂုဏ်ပြုသည့် အခမ်း အနားတွင် ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး Arnold Schwarzenegger က “ ဘရန် ကယ်လီဖိုးနီးယားကို ပေးခဲ့တဲ့လက်ဆောင်က အရမ်းကို ကြီးကျယ်ခမ်းနားသည့် လက်ဆောင်တခုဖြစ်တယ်။ Donald ဘရန် ဟာ အဆုံးစွန် ပေးကမ်းစွန့်ကြဲမှု ပြုသူလဲဖြစ်တယ်။ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး အတွက် ပူးပေါင်း ဆောင်ရွက်မှုရုံသာမက ပညာရေး၊ အနုပညာ၊ ဂီတ၊ အစရှိတဲ့ လူသားမျိုးနွယ် အကျိုး စီးပွား အတွက်ပါ ကူညီထောက်ပံလှူဒါန်းမှု များ ပြုလုပ်ခဲ့တယ်။ သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းစောင့်ရှောက်ဖို့အတွက် သူက ဒေါ်လာ ၁ဝ သန်းပေါင်း မြောက်မြားစွာကို သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းမှာ ရင်းနှီး မြုပ်နှံခဲ့တယ်။ သူဟာ အရမ်းကိုထူးခြားပြီး အံဩဖို့ကောင်းတဲ့လူတယောက်ဖြစ်တယ်။” ဟု ပြောကြားခဲ့ သည်။

၂၀⁠၀၈ တွင် California ပြည်နယ်ကို ပထမဆုံး California Natural Landmark အဖြစ် ပြုလုပ်ရန်လျာထားရခြင်းမှာ ထိုနယ်မြေ၏ တန်ဖိုးရှိ ဂေဟစနစ်ကြောင့် ဖြစ်သည်။ Irvine Ranch ၏ မြေနေရာအစိတ်အပိုင်း တခုဖြစ်သော ကာကွယ် စောင့်ရှောက်မည့်မြေနေရာကို The Irvine Ranch သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ယူထိမ်းသိမ်းမည် ဖြစ်သည်။ မကြာသေးမီက ၂၀၁ဝ ဇွန်လတွင် ဘရန် သည် သူပေးထားခဲ့သည့်ကတိအတိုင်း California, Orange County ကွင်းပြင်တခုနှင့် ဥယျာဉ်မြေဧက ၂၀,၀⁠၀ဝ ကို လက်ဆောင်အဖြစ် ပေးလှူခဲ့သည်။ ထိုသို့ပေးလှူရန်အတွက် Orange County ကြီးကြပ်အုပ်ချုပ်သူများ ဘုတ်အဖွဲ့မှ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပြီး Orange County သမိုင်းတွင် ပုဂ်ဂလိကပိုင်ဆိုင်မှုမှ အများပိုင်အဖြစ် ပြုလုပ် ခဲ့သည့်အကြီး ကျယ်ဆုံး အလှူဒါန တခု ဖြစ်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဟောင်း Gale Norton က ဘရန် ၏ မြေဧကပေါင်းမြောက်မြားစွာ လှူဒါန်းခဲ့မှုကို ဂုဏ်ပြု ပြောကြားရာတွင် “ The Irvine Ranch က သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် ပူးပေါင်းဆောင် ရွက်ခဲ့ကြတာကို ပုံဖော်ပြသနေတယ်။ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးစိတ်ဓာတ်ရှိပြီး ပူးပေါင်းဆောင် ရွက်တက်တဲ့ နိုင်ငံသား တယောက်က ဗဟိုအစိုးရ၊ နိုင်ငံပိုင်အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများ၊ နိုင်ငံသားများနှင့် အခြား လုပ်ဖော်ကိုင်ဖက် များ .. စတာတွေနဲ့ လက်တွဲပြီးတော့ လူသားများနှင့် တောရိုင်းတိရစာ်ဆန်များပါ ရှင်သန်နေထိုင်နိုင်မည့် သဘာဝပတ်ဝန်းကျင်တခုကို ရည်ရွယ်ချက်ရှိရှိ၊ လေးလေးနက်နက် နဲ့ ဖန်တီးခဲ့တယ် “ ဟု ပြောကြားခဲ့ သည်။

သုတေသနလုပ်ငန်းများ ပြင်ဆင်ရန်

၂၀⁠၀ရ တွင် ဘရန် သည် California, La Jolla ရှိ Burnham ဆေးဝါးသုတေသနသိပ်ပံကျောင်းသို့ ဒေါ်လာ ၂.၅ သန်း ကတိပြုလှူဒါန်း ခဲ့သည်။ ထိုသို့ငွေကြေးထောက်ပံထည့်ဝင်ခြင်းသည် ဘရန် အား ဥက်ကဌနေရာသို့ရောက်ရှိစေခဲ့ပြီး လှူဒါန်းလိုက်သော ငွေကြေးများကို Burnham ဆေးဝါးသုတေသနသိပ်ပံကျောင်းမှ ပြုလုပ်သော အခြားရောဂါအများကြီးရှိသည့်အနက်မှ ကင်ဆာ ရောဂါ၊ အာရုံကြောယိုယွင်းလာသည့် ရောဂါ၊ ဆီးချိုရောဂါ နှင့် ကလေးသူငယ်များတွင်ဖြစ်တက်သော ရောဂါများကို သုတေသနပြုလုပ်ရာတွင် အသုံးပြုခဲ့သည်။

ဂုဏ်ထူးဆောင် ဆုတံဆိပ်များ ပြင်ဆင်ရန်

ဘရန် သည် ၂၀⁠၀၄ ခုနှစ်တနှစ်ပတ်လုံးတွင် ဘဏ်ဍာရေးဆိုင်ရာကူညီထောက်ပံမှုများပြုလုပ်ခဲ့သောကြောင့် California Univesity ရှိ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုတခုဖြစ်သော Univesity of California Persidential Medal ဆုကို ရရှိခဲ့သည်။ ထိုဆုရရှိသည့်အချိန်အထိ ဒေါ်လာ ၄၃ သန်းကျော်လှူဒါန်းခဲ့ပြီးဖြစ်သည်။

ဆုပေးအပ်သည့် အခမ်းအနားတွင် ယခင်ဥက္ကဋ္ဌဟောင်းဖြစ်သူ Robert Dynes က “ ဘရန် က ပရဟိတ လုပ်ငန်းများနဲ့တက်ကသိုလ်တွေရဲ့အရည်အသွေးတွေကို ကောင်းမွန်ပြည့်ဝစေတဲ့ ပညာရပ်ဆိုင်ရာထူးချွန်မှုတွေကို လှူဒါန်းမှု ပြုလုပ်ဖို့အရမ်းစိတ်အားထက်သန်တယ်” ဟုပြောကြားခဲ့သည်။

၂၀⁠၀၆ တွင် သူ၏ ကုမ်ပဏီရုံးခန်းအား အဆောက်အအုံသစ်ဆောက်လုပ်တိုးချဲ့ပြီး လုပ်ငန်းချဲ့ထွင်နိုင်ခဲ့သဖြင့် Orange County စီးပွားရေးဂျာနယ်မှ ဘရန် အား “ Businessperson of the Year” အဖြစ်သတ်မှတ်ခဲ့သည်။ အမေရိကန်ဗဟိုအစိုးရက ဘရန် အား သူ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်ကြိုးပမ်းမှုများအတွက် အသိအမှတ်ပြု လက်ခံခဲ့ကြသည်။ ထိုနှစ်မှာပင် The Los Angeles Times မှ ဘရန် အား ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ အစွမ်းအစအရှိဆုံး ပုဂိ်ဂုလ်များတွင် တယောက်အပါအဝင်ဖြစ်သည်ဟု သတ်မှတ်ဖော်ပြခဲ့သည်။ ထိုဆောင်းပါးတွင် “ရိုး⁠ရိုးလေးပါပဲ၊ Donald ဘရန် ၏ အရှိန်အဝါကြောင့် Orange County က Orange County နဲ့တူနေတယ်” လို့ရေးသားထားခဲ့သည်။

၁၉⁠၉၈ တွင် အမေရိကန်ပြည်ထောင်စု တပ်မတော်ရေကြောင်းတက်ကသိုလ်မှ Semper Fidelis Award ဆု ကိုလက်ခံရရှိခဲ့သည်။ ထိုဆုသည် ယခင်လက်ခံရရှိခဲ့ကြသူများဖြစ်သည့် သမ်မတဟောင်း George H.W. Bush နှင့် ဝန်ကြီးဟောင်း George P.Schultz တို့လို တမှုထူးခြားသော ခေါင်းဆောင်မှုစွမ်းရည်များနှင့် အရည်အချင်းများကို ပုံဖော်ထင်ဟပ်စေသည့် ပုဂ်ဂလိကဆိုင်ရာ ထူးချွန်မှုနှင့် ပညာရပ်ဆိုင်ရာထူးချွန်မှုရှိသည့် အောင်မြင်ကျော်ကြားသော အမေရိကန် လူမျိုးခေါင်းဆောင်တယောက် အဖြစ် အသိအမှတ်ပြုပေးအပ်သည့် ဆုဖြစ်သည်။

ထိုဆုအပြင် ဦးစီးချုပ် Leonard F. Chapman Medallion က ဘရန် အား ၂၄ ယောက်မြောက် အမေရိကန်ရေတပ် တပ်မှူးချုပ်အဖြစ် သတ်မှတ်ဂုဏ်ပြုသောအားဖြင့် ၂၀⁠၀၃ ခုနှစ် တွင် ဂုဏ်သတင်းအကျော်ကြားဆုံးဆုကိုပါ ပေးအပ် ခဲ့သည်။ ဘရန် သည် Los Angeles County အနုပညာပြတိုက် နှင့် Orange County အနုပညာပြတိုက်များ၏ အုပ်ချုပ်ရေးအဖွဲ့များတွင် အဖွဲ့ဝင်အဖြစ်လုပ်ကိုင်လျက်ရှိပြီး ကယ်လီဖိုးနီးယားနည်းပညာသိပ်ပံမှ အုပ်ချုပ်ထိန်းသိမ်းရန် ယုံကြည်အပ်နှံခြင်းခံရသူ တယောက် ဖြစ်သည်။ နာမည်ကျော် အမေရိကန် အနုပညာနှင့် သိပ်ပံသင်တန်းကျောင်း၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်လည်း ဖြစ်သည်။ ကယ်လီဖိုးနီးယားတက်ကသိုလ် Irvine (၃၆) ပရဟိတလုပ်ငန်းအဖွဲ့အစည်းမှ ယုံကြည်စိတ်ချစွာဖြင့် ထိန်းသိမ်းရန် အပ်နှံခြင်းခံရသူတယောက်လဲ ဖြစ်သည်။

ပုဂ္ဂိုလ်ရေးရာ ပြင်ဆင်ရန်

၁၉⁠၉၈ မေတွင် ဘရင်ဂျီဘုရားရှိခိုးကျောင်းအသင်းဝင်တယောက်ဖြစ်သည့် အသက် ၆၆ နှစ်ရှိပြီဖြစ်သော ဘရန် မှ ဖျော်ဖြေတင်ဆက်မှုဆိုင်ရာ ရှေ့နေ အသက် ၃၂ နှစ်ရှိ Brigitte Muller ကို California, Beverly Hills ရှိ All Saints Episcopal ဘုရားရှိခိုးကျောင်းတွင် လက်ထပ်ပွဲအခမ်းအနားဖြင့် လက်ထပ်ခဲ့သည်။ Muller သည် California, La Jolla တွင်မွေးဖွားခဲ့ပြီး ဘရန် နှင့်တွေ့သည့်အချိန်တွင် Los Angeles ရှိ California Univeristy တွင် MBA ဘွဲ့ကိုရရှိခဲ့ပြီး Loa Angeles တွင်နေထိုင်လျက်ရှိသည်။ သူနှင့် သူ၏ ဇနီး ရှေ့နေ Brigitte (Muller) ဘရန် သည် California ရှိ Newport Beach တွင် နေထိုင် လျက်ရှိသည်။

သားသမီးများအား ထောက်ပံစရိတ်ပေးရန် အတွက် တရားစွဲခံရခြင်း ပြင်ဆင်ရန်

၂၀⁠၀၃ ခုနှစ်မှစပြီး ဘရန် သည် ချစ်သူဟောင်းဖြစ်သူ McKay Gold နှင့် သူ၏သားသမီးများဖြစ်သော Christie ဘရန် နှင့် David ဘရန် တို့မှ ထောက်ပံစရိတ်အဖြစ် ဒေါ်လာသန်း ၁၃ဝ ပေးရန် တရားဥပဒေအရတောင်းဆိုခဲ့သည့် အမှုကိုရင်ဆိုင်ခဲ့ရသည်။ ၂၀၁ဝ ဩဂုတ် ၂၆ တွင် တရားသူကြီးက Gold နှင့် ရခဲ့သော အငယ်ဆုံးကလေးအသက် ၁၈ နှစ်ပြည့်သည့် အချိန်မှစပြီး ထောက်ပံစရိတ်ထပ်မံပေးစရာမလိုဟု ဆုံးဖြတ်ခဲ့သည်။

ဘရန် က သူကလေး၏ အသက် ၂၅ အထိ ပညာသင်ကြားမည့် စရိတ်ကိုဆက်လက် ထောက်ပံမည်ဟု ကတိ ပြုခဲ့သည်။ သို့သော် Gold က သူနှင့် သူ့ကလေးများသည် ထောက်ပံကြေးရရန်အတွက် ဘရန် အား ဆက်လက် တရားစွဲဆိုသွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံရေး ပြင်ဆင်ရန်

ဘရန် သည် ရီပတ်ဘလစ်ကန်အမတ်များကို ထောက်ခံသူတယောက်ဖြစ်ပြီး ၂၀⁠၀၈ Forbes Magazine မှ “ဘရန် သည် McCain ၏ သမ်မတဖြစ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများတွင် တက်ကြွစွာပါဝင်ခဲ့ကြောင်း” ဖော်ပြ ထားသည်။

ကိုးကား ပြင်ဆင်ရန်

  1. Bren, Donald L.။ Cambridge University Press။ 1995။ ISBN 978-0-521-40258-3
  2. Donald Bren was born in 1932; Forbes listed his age as 78 in March 2011 and 79 in September 2011.
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 3 May 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 April 2016 တွင် ပြန်စစ်ပြီး။