လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဆိုသည်မှာ ထိုလူမျိုးတို့ မွေးဖွားချိန်မှ သေဆုံးချိန်ထိ ပြုလုပ် သုံးစွဲခဲ့သော ပစ္စည်းမှန်သမျှ၊ ထိုသူတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ယုံကြည်ကိုးကွယ်မှု၊ ပြောဆို သော ဘာသာစကား၊ ရိုးရာဓေလ့ထုံးစံမ်ား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ လက်မှုအနုပညာနှင့် အနုသုခုမပညာတို့ ပေါင်းခြုံထားခြင်းပင် ဖြစ်သည်။ အမျိုးအစားအားဖြင့် ဒြပ်ရှိယဉ်ကျေးမှု (Material Culture (or) Tangible Culture) နှင့် ဒြပ်မဲ့ယဉ်ကျေးမှု (Non-material Culture (or) Intangible Culture) ဟူ၍ (၂) မျိုး ခွဲခြားထား ပါသည်။ ဒြပ်ရှိယဉ်ကျေးမှုတွင် လူသားတို့ပြုလုပ်သုံးစွဲခဲ့သော ကိုင်တွယ်ထိတွေ့၍ရသော ပစ္စည်းများ အားလုံး ပါဝင်ပါသည်။ (ဥပမာ၊ ရှေးဟောင်းကျောက်လက်နက်ကိရိယာများ၊ နေအိမ်၊ အဆောက် အအုံ၊ အသုံးအဆောင်ပစ္စည်းများ၊ တူရိယာပစ္စည်းများ၊ ခရီးသွားယာဉ်များ စသည်များ ဒြပ်မဲ့ယဉ်ကျေးမှုတွင် နာမ်သဘောသဘာဝဝင်များဖြစ်သော လူသားတို့ ပြောဆိုသည့် ဘာသာ စကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ယုံကြည်ကိုးကွယ်မှုနှင့် ဓေလ့ထုံးစံ စသည်တို့ ပါဝင်သည်။ UNESCO က ယဉ်ကျေးမှုအမွေအနှစ်ဟူသည်မှာ အဆောက်အအုံများ၊ ပြတိုက်များတွင် စုဆောင်းထားရှိသော ရုပ်ဝတၳုပစ္စည်းများ စသည်တို့သာမကဘဲ လူသားတို့၏ ဘိုးဘေးဘီဘင် အစဉ် အဆက်မှ လက်ဆင့်ကမ်းလာခဲ့ကြသည့် ပါးစပ်ရာဇဝင်နှင့်ဖော်ပြချက်များ၊ ဘာသာစကားမ်ား၊ ဖျော်ဖြေတင်ဆက်မှုအနုပညာများ၊ လူမှုရေးအစဉ်အလာ အေလ့အထမ်ား၊ ရိုးရာဓလေ့များနှင့် ပွဲတော်များ၊ သဘာဝနှင့် စကြဝဠာဆိုင်ရာ ဗဟုသုတနှင့် ရိုးရာအစဉ်အလာအလေ့အထများ၊ ရိုးရာ လက်မှုပညာရပ်များတို့ ပါဝင်ကြောင်း သတ်မှတ်ထားပါသည်။ ယနေ့ခေတ်တွင် ကမ်ဘာလုံးဆိုင်ရာပတ်သက်ဆက်နွယ်မှု (Globalization) မ်ား ကြီးထွားလာပြီး ရုပ်ပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်လျက်ရှိရာ ကမ်ဘာ့နိုင်ငံအသီးသီးက မိမိတို့၏ယဉ်ကျေးမှုများအား ထိန်းသိမ်းရာတွင် ဒြပ်မဲ့ယဉ်ကျေးမှု မ်ားကို အရေးကြီးသောအခန်းကဏ္႑တစ်ခုအဖြစ် ထိန်းသိမ်းလျက်ရှိပါသည်။ UNESCO ကဦးဆောင်၍ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအားကာကွယ်စောင့် ရှောက်ရန်၊တစ်ဦးချင်း၊အုပ်စုနှင့်အဖွဲ့အစည်းအလိုက်ဆိုင်ရာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကိုတန်ဖိုးထားအလေးထားရန်၊ဒေသအလိုက်၊နိုင်ငံအလိုက်နှင့်နိုင်ငံတကာဆိုင်ရာအဆင့်များ တွင်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား သိမြင်အလေးထားမှုမြှင့်တင်ရန်နှင့် အပြန်အလှန် အလေးထားရေးနှင့်၎င်းတို့အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရက်ရေးနှင့် အကူအညီ အထောက်အပံ့ပေးရေးတို့ကိုဆောင်ရွက်ရန်အတွက်၂၀၀၃ ခုနှစ်တွင် ကမ်ဘာတစ်ဝန်းလုံးရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား ကာကွယ်စောင့်ရှောက်ရေးကွန်ဗင်းရှင်းကိုထုတ်ပြန် အတည်ပြုခဲ့ပါသည်။ အဆိုပါကွန်ဗင်းရှင်းပါသတ်မှတ်ချက်များအရကမ်ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအားUNESCO ကအသိအမှတ်ပြုရာတွင် လူသားမျိုးနွယ်ကိုကိုယ်စားပြု သောဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) နှင့်အရေးပေါ်ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစာရင်း(List of Intangible Cultural Heritage List in need of Urgent Safeguarding) ဟူ၍၂မျိုးခွဲခြားပြီးအဖွဲ့ဝင်နိုင်ငံများ၏တင်ပြချက်အပေါ် တွင်စိစစ်လက်ခံသတ်မှတ်ပေးလျက်ရှိပါသည်။@y p