(၂)သုတ် ရှိပါသည်။

[၁] ဇိဏ္ဏ, ဝုဒ္ဓ, မဟလ္လက, အဒ္ဓဂတ, ဝယောအနုပ္ပတ္တဖြစ်ကြသော အသက် (၁၂၀) ရှိပြီးသော ဗြာဟ္မဏကြီး (၂)ဦးတို့၏ လျှောက်ထားချက်အရ ဤလောကကို ဇရာ, ဗျာဓိ, မရဏတို့ အဆင့်ဆင့်ဆောင်နေရာ၌ ကိုယ်, နှုတ်, စိတ်တို့ အကုသိုလ် မဖြစ်အောင် စောင့်ရှောက်နေခြင်းသည် တမလွန်ဘဝ၌ တာဏ, လေဏ, ဒီပ, သရဏ, ပရာယဏ-ဖြစ်သည်ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဤလောကကို ဇရာမီး, ဗျာဓိမီး, မရဏမီးတို့ ရဲရဲပြောင်ပြောင် တောက် လောင်နေပုံ၊ ထိုသို့ ဇရာ, ဗျာဓိ, မရဏမီးတို့ ငြီးငြီးထိန်ပြောင် တောက်လောင်နေသော ဤလောကကြီးထဲ၌ ကိုယ်, နှုတ်, စိတ်တို့ဖြင့် (အကုသိုလ်မဖြစ်အောင်) ထိန်းသိမ်းစောင့်ရှောက်နေခြင်းသည် တမလွန်ဘဝ၌ တာဏ, လေဏ, ဒီပ, သရဏ, ပရာယဏ ဖြစ်သည်ဟု ဗြာဟ္မဏကြီး (၂)ဦးတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၁၅၄။ အံ၊မြန်၊၁၊၁၇၃။ အံ၊ဋ္ဌ၊၂၊၁၄၀။ အံ၊ဋီ၊၂၊၁၂၇။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၆) ၁-ဗြာဟ္မဏဝဂ္ဂ၊ ပဌမသုတ်။
  2. -အံ၊၁၊၁၅၅။ အံ၊မြန်၊၁၊၁၇၄။ အံ၊ဋ္ဌ၊၂၊၁၄၁။ အံ၊ဋီ၊၂၊၁၂၇။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ဒုတိယပဏ္ဏာသက၊ (၆) ၁-ဗြာဟ္မဏဝဂ္ဂ၊ ဒုတိယသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ