ဒွေဘာဂသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသာနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်သည်။[၁]

သမိုင်း ပြင်ဆင်ရန်

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ မြတ်စွာဘုရားသည် သုဒ္ဓကာဠကသိက္ခာပုဒ် တွင် အမည်းသက်သက်ဖြစ်သော သိုးမွေးအခင်းကို ပြုလုပ်ခြင်း မပြုရန်၊ ပြုလုပ်ပါက နိဿဂ္ဂိပါစိတ်အာပတ်သင့်သည်ဟု ပညတ်တော်မူပြီး ဖြစ်၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်းတို့သည် အနည်းငယ်သာဖြစ်သည့် အဖြူကို အဖျားအနား၌ ထည့်သွင်း၍ အမည်းသက်သက်အတိုင်းပင် သိုးမွေးအခင်းကို ပြုလုပ်ကြ၏။

ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရား လျှောက်ထား၏။ မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့အား “ဟုတ်မှန်ပါသလော” ဟု မေး၏။ “ဟုတ်မှန်ကြောင်း” ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသက္ခာပုဒ်ကို ပညတ်တော်မူ၏။[၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

“အခင်းအသစ်ကို ပြုလုပ်စေလိုသော ရဟန်းသည် အမည်းသက်သက်ဖြစ်သော သိုးမွေး နှစ်ဖို့တို့ကို ထည့်သွင်းရမည်၊ အဖြူ (သိုးမွေး) သုံးခုမြောက် တစ်ဖို့ကို အကြောင်(သိုးမွေး) လေးခုမြောက် တစ်ဖို့ကိုလည်း ထည့်သွင်းရမည်။ အကယ်၍ ရဟန်းသည် အမည်းသက်သက် သိုးမွေး နှစ်ဖို့တို့ကို အဖြူ (သိုးမွေး) သုံးခုမြောက် တစ်ဖို့ကို အကြောင်(သိုးမွေး) လေးခုမြောက် တစ်ဖို့ကို မထည့်သွင်းဘဲ အခင်းသစ်ကို ပြုစေငြားအံ့ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏။)[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်