ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်
ဓမ္မက္ခန္ဓာပေါင်း (၈၄ဝဝဝ) ရှစ်သောင်းလေးထောင်။ ဝိနည်းပါရာဇိက အဋ္ဌကထာ။ ပအုပ်။ ၂၃၌ အကျယ်ရှု။ ပိဋကသုံးပုံ၌ ဘုရားဟော ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ရှိသည် ကို ဆိုသည်။
- (၁) ဝိနည်းပိဋကတ်တော်၌ ဓမ္မခန္ဓာပေါင်း ၂၁ဝဝဝ(နှစ်သောင်းတထောင်)ရှိသည်၊
- (၂) သုတ္တန်ပိဋကတ်တော်၌ ဓမ္မခန္ဓာပေါင်း ၂၁ဝဝဝ(နှစ်သောင်းတထောင်)ရှိသည်၊
- (၃) အဘိဓမ္မာပိဋကတ်တော်၌ ဓမ္မခန္ဓာပေါင်း ၄၂ဝဝဝ(လေးသောင်းနှစ်ထောင်)ရှိသည်၊ ပေါင်းရှစ်သောင်းလေးထောင်ဖြစ်သည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း