ဓမ္မစာရီ
ဆရာကြီး ဒေါ်ဓမ္မစာရီသည် ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ (မင်းကွန်း တိပိဋကဓရဆရာတော်ဘုရားကြီး)၏ သာသနာ့မိခင်ကြီး ဖြစ်သည်။
မြန်မာသက္ကရာဇ် ၁၂၄၀-ပြည့်နှစ်၊ တပို့တွဲလဆန်း(၄)ရက်နေ့၊ စနေနေ့တွင် အဖ ဦး နှင့် အမိ ဒေါ်သီးတို့မှ ဖွားမြင်သည်။ ငယ်နာမည် တုတ်တုတ် ဖြစ်သည်။ မွေးချင်း ရှစ်ယောက်အနက် အကြီးဆုံးဖြစ်သည်။ အသက် (၉)နှစ်အရွယ် လေးတန်းအောင်ပြီးနောက် မန္တလေးဈေးချိုတန်းက ပိုးကုန်တန်းတွင် အရောင်းအဝယ်သင်ရသည်။
မင်းကွန်းဆရာတော်ဘုရားကြီး အလောင်းလျာ ရောက်လာစဉ်က ဆွမ်းကွမ်းဖြင့် အထောက်အပံ့ပေးခဲ့သည်။
ထေရုပတ္တိကျောက်စာကို ဒေါ်ဓမ္မစာရီဗိမာန်တွင် တွေ့နိုင်သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ လူထုဒေါ်အမာ (၁၉၈၄-ခု၊ နိုဝင်ဘာလ). "တိပိဋကဓရသာသနာ့ မိခင်ကြီး". ဉာဏ်လင်း ဓမ္မစာပဒေသာ.
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |