ဓာတ်လုံး (သို့) ပြဒါးရှင်လုံး (အင်္ဂလိပ်: philosopher's stone; လက်တင်: lapis philosophorum) ဆိုသည်မှာ ဒဏ္ဍာရီလာ ပစ္စည်းတစ်ခုဖြစ်၍ ပြဒါးကဲ့သို့သော အခြေခံသတ္တုများကို ရွှေ၊ ငွေ အဖြစ်ပြောင်းလဲစေသော ပစ္စည်းတစ်မျိုးဖြစ်သည်။ သက်စောင့်ဆေး၊ မသေဆေးဟူ၍လည်း ခေါ်ကြပြီး မသေနိုင်ခြင်းကိုရရှိရန် ထာဝရနုပျိုစေရန်အတွက် အသုံးချခြင်းမျိုးဖြစ်သည်။[၁] အဂ္ဂိရတ်ထိုးခြင်း/ဖိုထိုးခြင်း နယ်ပယ်တွင် ရွှေရှာဖွေရန်/ဖန်တီးရန်အဖြစ် အသုံးစွဲဆုံးဖြစ်၏ ။ ဓာတ်လုံး (ပြဒါးရှင်လုံး) သည် အဂ္ဂိရတ်ပညာဆိုင်ရာ ဆန်းကျယ်သော ဝေါဟာရ၏ ပြယုဂ်တစ်ခုဖြစ်ခဲ့ကာ အကောင်းတကာ့ အကောင်းဆုံး အသိဉာဏ်ထူး၊ အတိသုခတို့၏ ပြီးပြည့်စုံခြင်းဆိုသော အမှတ်သညာလည်းဖြစ်သည်။ ထိုသို့ ဓာတ်လုံးရှာဖွေခြင်းများကို ဤနယ်ပယ်၌ ကြီးကျယ်ခမ်းနားသော လုပ်ငန်းဟုလည်း ခေါ်ဆိုကြလေသည်။[၂]

ဓာတ်လုံးရှာဖွေသော အဂ္ဂိရတ်ဆရာ၊ ဒါဘီမြို့မှ ဂျိုးဇက်(ဇစ်) ရိုက်၏ လက်ရာပန်းချီ၊ ၁၇၁၁

အမျိုးမျိုးအထွေထွေ ဖော်ပြခြင်းခံရသော ဓာတ်လုံးသည် သာမန်ပစ္စည်း၊ နေရာတကာတွင် တွေ့ရှိခဲ့ကြသည်ဟု ဟု ရံခါတွင် ဆိုသော်လည်း အသိအမှတ်ပြုခြင်းများ မရှိခဲ့ပေ။ ရှာဖွေခြင်းများသည် အလယ်ခေတ်မှ ၁၇ ရာစုနှောင်းအထိ အဂ္ဂိရတ်ပညာရှင်များကို အားတက်စေခဲ့ကာ ၎င်းတို့၏ ဓာတ်ခွဲခန်းများတွင် ပစ္စည်းအမျိုးမျိုးနှင့် တုံ့ပြန်မှုများကို စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့သို့အားဖြင့် ရှာဖွေခြင်းများသည် ဓာတုဗေဒသတ္တုဗေဒဆေးဝါးဗေဒတို့အပေါ် အသိဉာဏ်ပညာများစွာ ရရှိစေခဲ့ကြသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. A history of magic: Secrets of the Philosopher's Stone။ 20 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2020 တွင် ပြန်စစ်ပြီး။
  2. Heindel၊ Max။ Freemasonry and Catholicism: an exposition and Investigation.Rosicrucian FellowshipISBN 0-911274-04-9
  3. Philosophers' stone