ဓားရေး ၃၇ ချင်းသည် မြန်မာတို့၏ကိုယ်ပိုင်သိုင်းပညာဖြစ်သည်။ ရှေးခေတ်တပ်မတော်တွင် တပ်မှူးဖြစ်ရန်အတွက် ဓားရေးခုနှစ်ချင်းကို ကျွမ်းကျင်စွာတတ်မြောက်ရန်လိုသည်။ ဓာရေး၃၇ ချင်းတွင်ပါဝင်သောဓားရေးများမှာ ထီး၊ ဘယက်၊ ငှက်၊ တို့ဖြစ်ကြသည်။ တစ်ဖန် အသေးစိတ် ထီးသွဲ့ဖို၊ ထီးသွဲ့မ၊ ဘယက်သွဲ့ဖို၊ ဘယက်သွဲ့မ၊ ငှက်သွဲ့ဖို၊ ငှက်သွဲ့မ စသဖြင့်ခွဲထားသည်။ ဓားရေး ၃၇ ချင်းကို သင်ကြားနိုင်ရန်အတွက် မိုးခုတ်၊ ပင့်ခုတ်၊ ပိုင်းဓား၊ တွက်ဓား၊ ပင့်စလွယ်ပိုင်းဓား၊ ၊ ပင့်စလွယ်တွက်ဓား၊ မိုးစလွယ်ပိုင်းဓား၊ မိုးစလွယ်တွက် စသည့်အခြေခံဓားရေးများကို ကျေညက်အောင်သင်ကြားရသည်။