အရှင်ဓူပဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

သိဒ္ဓတ္ထဘုရား ပွင့်တော်မူစဉ် အခါက ဖြစ်၏။ အရှင်ဓူပဒါယကထေရ်သည် သိဒ္ဓတ္ထမြတ်စွာဘုရားအား ဂန္ဓကုဋိအား မွှေးကြို်င်နေစေရန် အခိုးအထုံဖြင့် လှူဒါန်းခဲ့၏။

ထိုသို့ အခိုးအထုံ လှူဒါန်းခဲ့သည့်အတွက် လူဖြစ်သည့်အခါတွင်လည်းကောင်း၊ နတ်ဖြစ်သည့်အခါတွင်လည်းကောင်း လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့၏ ချစ်ခင်ခြင်း ခံရသူ ဖြစ်ခဲ့၏။ ဤသို့ ဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင် အခိုးအထုံ လှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ လုံးဝမကျရောက်ခဲ့ရပေ။

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဓူပဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ထေရာပဒါန်ပါဠိတော်၊ သုဘူတိဝဂ်