[၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့တော်အနီး ပါသာဏကစေတီ၌ သီတင်းသုံးတော်မူလျက် ဗာဝရီဗြာဟ္မဏဆရာကြီး၏တပည့် ဓောတကလုလင်၏ မေး လျှောက်သည့် မေးခွန်းတို့ကို ဖြေကြားတော်မူသည့်သုတ်။

မိမိ၏ရာဂစသည် ငြိမ်းအေးရန် သမ္မပ္ပဓာန် လုံ့လဖြင့် ပြင်းထန်စွာ အားထုတ်ရမည် ရင့်ကျက်သောပညာ, အောက်မေ့မှု သတိရှိရမည်။

သင်သည် မြတ်သော နိဗ္ဗာန်တရားကို သိမြင်လျှင် သံသရာအယဉ် “ဩဃ”ကို လွန်မြောက်နိုင်လိမ့်မည်။

ငြိမ်းအေးမှု နိဗ္ဗာန်တရားကို ကိုယ်တိုင်မြင်သိ၍ သတိရှိလျက် ကျင့်ကြံ အားထုတ်သူသည် တဏှာကို လွန်မြောက်နိုင်လိမ့်မည်။

ကာလသုံးပါး တရားအားလုံးကို အနိစ္စအစရှိသော အခြင်းအရာအားဖြင့် သိလျှင် ကပ်ငြိတွယ်တာမှုတဏှာကို မပြုလေလင့် အစရှိသည်ဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်၊

ဒေသနာတော်အဆုံး၌ ဓောတကလုလင်သည် တပည့်တစ်ထောင်နှင့်အတူ ရဟန္တာဖြစ်၍ ဧဟိဘိက္ခုရဟန်း ဖြစ်ကြသည်။

အဋ္ဌကထာ၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ရှိပါသည်။ [၂] [၃]

ကိုးကား ပြင်ဆင်ရန်

  1. -သုတ္တနိ၊၄၃၈-၉။ သုတ္တနိ၊မြန်၊၄၁၅-၆။ သုတ္တနိ၊ဋ္ဌ၊၂၊၃၀၇-၈။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ, ၅-ပါရာယနဝဂ္ဂ၊ ၅-ပုစ္ဆာ (သုတ္တ)။
  2. -စူဠနိဒ္ဒေသ၊၈၉-၁၀၁။ စူဠနိ၊ဋ္ဌ၊၂၅-၂၈၊
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ