နက်ဆာကန်
နက်ဆာကန် (အာရပ်: بحيرة ناصر Boħēret Nāṣer, တမ်းပလိတ်:IPA-arz) သည် အီဂျစ်နိုင်ငံတောင်ပိုင်းနှင့် ဆူဒန်နိုင်ငံမြောက်ပိုင်းတွင် တည်ရှိသည့် သဘာဝရေကန်ကြီးတစ်ခု ဖြစ်သည်။ ဤကန်သည် ကမ္ဘာပေါ်ရှိ အကြီးဆုံးလူလုပ်ရေကန်များထဲတွင် ပါဝင်သည်။ [၂] ဤကန်ကို တူးဖော်ခြင်းမပြုမီက ဆူဒန်နိုင်ငံတွင် ကန်တူးဖော်မှုနှင့် ပတ်သက်၍ ဆန့်ကျင်မှုများ ကြုံခဲ့ရသည်။ ထိုသို့ ကြုံရခြင်းမှာ ထိုနြေ၏ မြောက်ဘက်တွင် နုဘီယန်လူမျိုးများသည်နေထိုင်သည့်အတွက် ဖြစ်သည်။ ထိုကန်ကို တူးဖော်လိုက်ပါက နုဘီယန်လူမျိုးများသည် ပြန်လည်ပြောင်းရွှေ့အခြေချရမည် ဖြစ်သည်။[၃][၄] နက်ဆာကန်အနီးရှိ ဆူဒန်၏ ကုန်းမြေများသည်လည်း များသောအားဖြင့် ရေလွှမ်းသည့်နေရာများ ဖြစ်သည်။[၅]
နက်ဆာကန် | |
---|---|
View from Abu Simbel | |
Map showing the location of the lake | |
ကိုဩဒိနိတ် | 22°25′N 31°45′E / 22.417°N 31.750°Eကိုဩဒိနိတ်: 22°25′N 31°45′E / 22.417°N 31.750°E |
ရေအိုင်အမျိုးအစား | Reservoir |
ပင်မ ရေဝင်စီးကြောင်း | |
ပင်မ ရေထွက်စီးကြောင်း | |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | Egypt, Sudan |
အကျယ်ဆုံး အလျား | ၅၅၀ km (၃၄၀ mi) |
အကျယ်ဆုံး အနံ | ၃၅ km (၂၂ mi) |
မျက်နှာပြင် ဧရိယာ | ၅,၂၅၀ km2 (၂,၀၃၀ sq mi) |
ပျမ်းမျှအနက် | ၂၅.၂ m (၈၃ ft) |
အနက်ဆုံး အနက်အရှိုင်း | ၁၃၀ m (၄၃၀ ft) |
ရေထုထည် | ၁၃၂ km3 (၃၂ cu mi)[၁] |
ကမ်းခြေအလျား၁ | ၇,၈၄၄ km (၂၅,၇၃၅,၀၀၀ ft) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၁၈၃ m (၆၀၀ ft) |
၁ ကမ်းခြေအလျားသည် တိတိကျကျ တိုင်းတာထားခြင်း မဟုတ်ပေ။ |
နက်ဆာကန်သည် ကန်တစ်ခုလုံးကြီး အကြီးမားဆုံးအပိုင်းဖြစ်သည့် အီဂျစ်နိုင်ငံက ပိုင်ဆိုင်သည့် ၈၃ ရာခိုင်နှုန်းကို ဆိုလိုသည်။ ဆူဒန်နိုင်ငံက ပိုင်ဆိုင်သည့် ရေပိုင်နက်အနည်းငယ်ကိုမူ "နုဘီယကန်" ဟု ခေါ်ဆိုကြသည်။[၆]
ဖော်ပြချက်
ပြင်ဆင်ရန်ကန်၏ အရှည်သည် ၄၇၉ ကီလိုမီတာခန့် (၂၉၈ မိုင်) နှင့် အကျယ်ဆုံးနေရာသည် ၁၆ ကီလိုမီတာ (၉.၉ မိုင်) ရှိသည်။ ကန်၏ မျက်နှာပြင်ဧရိယာသည် ၅၂၅၀ စတုရန်းကီလိုမီတာ (၂၀၃၀ စတုရန်းမိုင်) ရှိသည်။ ရေသိုလှောင်နိုင်မှုသည် ၁၃၂ ကုဗမီတာ (၂၁ ကုဗမိုင်) ဖြစ်သည်။ [၇]
ကန်ကို ၁၉၅၈ နှင့် ၁၉၇၀ အကြားတွင် နိုင်းမြစ်၏ ရေကို Aswam ဆည် တည်ဆောက်ရာမှ ဤကန်သည် ဖြစ်လာခဲ့သည်။ [၈]ကန်၏ အမည်ကို ၁၉၅၂ ခုနှစ် အီဂျစ်တော်လှန်ရေးခေါင်းဆောင်တစ်ဦးနှင့် အီဂျစ်၏ ဒုတိယမြောက်သမ္မတဖြစ်သည့် ၏ အမည်ဖြစ်သည့် Gamal Abdel Nasser ကို အစွဲပြုကာ ခေါ်ဝေါ်ခဲ့သည်။ သူသည်ပင် မြင့်မားသည့် ဤဆည်စီမံကိန်းကို စတင်ခဲ့သည်။ သမ္မတ Anwar Sadat သည် ကန်နှင့် ဆည်ကို ၁၉၇၁ တွင် ဖွင့်လှစ်ခဲ့သည်။[၉]
လက်ရှိပြဿနာများ
ပြင်ဆင်ရန်အီဂျစ်သည် ၎င်း၏ စိုက်ပျိုးရေးနှင့် လျှပ်စစ်အတွက် ရေလိုအပ်လျက်ရှိသည်။[၁၀] အီသီယိုပီးယားတွင် လက်ရှိတည်ဆောက်လျက်ရှိသည့် Grand Ethiopian Renaissance ဆည် သည် ရေကို ထိခိုက်မှု ရှိမည်ဖြစ်သည်။ ထိုဆည်သည် အီသီယိုးပီးယားနိုင်ငံအတွက် ကအျိုးရှိမည်ဖြစ်သော်လည်း အီဂျစ်၊ ဆူဒန်နှင့် အီသီယိုးပီးယားနိုင်ငံများအကြား တင်းမာမှုများကို ဖြစ်ပေါ်စေသည်။ အီဂျစ်နိုင်ငံက ထိုဆည်အသစ်တည်ဆောက်မှုကြောင့် နိုင်းမြစ်မှရေသည် နက်ဆာကန်သို့ စီးဝင်မှုရပ်တန့်သွာမည်ကို ဖြစ်သည်။[၁၁] နက်ဆာကန်မှရေဖြင့် လျှပ်စစ်ကို ထုတ်လုပ်နိုင်ပြီး ကန်အတွင်းသို့ ရေစီးဝင်မှုလျော့နည်းခြင်းသည် ကန်၏ လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေမည် ဖြစ်သည်။ ကန်တွင် ရေစုပ်တင်သည့်နေရာများစွာရှိသည်။ လက်ရှိတွင် ဤစီမံကိန်းသည် အီဂျစ်လူမျိုးများသို့ တစ်နှစ်လျှင် ရေအားလျှပ်စစ်စွမ်းအား တစ်နာရီလျှင် ၁၀ ဘီလီယံကီလိုဝပ်ကို ထုတ်လုပ်လျက်ရှိသည်။[၁၂]
အားကစားနှင့် ခရီးသွား
ပြင်ဆင်ရန်ဤကန်တွင် ကမ်းခြေမှသော်လည်းကောင်း လှေဖြင့်သော်လည်းကောင်း Nile perch ငါးများကို ငါးမျှားခြင်းသည် အထူးလူသိများသည်။[၁၃][၁၄] ကန်၏ ရေသည်ပြည့်သွားသည့်အခါတွင် ရှေးအခါက အီဂျစ်လူမျိုးတို့သည် ကန်၏ ရေမျက်နှာပြင်အထပ် မြင့်မားသည့် နေရာများတွင် နေရာပြောင်းရွှေ့ကာ နေထိုင်ကြသည်။ သို့သော်လည်း အချို့သည်လည်း နေရာပြောင်းရွှေ့ခြင်း မရှိဘဲနေထိုင်ကြသည်။ ဥပမာအားဖြင့် ရှေးခေတ်အီဂျစ်လူမျိုးများဖြစ်ကြသည့် Buhen တို့သည် ခံတပ်အကြီးကြီးများတွင် နေထိုင်ကြသည်။ ထိုအရာတို့သည် ယခုအခါ ရေအောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။[၁၅] Abu Simbel ရှိသည့် ကျောင်းတော်များကိုလည်း နေရာပြန်ချထားခဲ့ရသည်။ Abu Simbel သည် အီဂျစ်နိုင်ငံရှိ ရှေးဟောင်းနေရာများထဲတွင် အထင်ကရနေရာတစ်ခု ဖြစ်သည်။ [၁၆][၁၇]နက်ဆာရေကန်တွင် လှေစီးခြင်းများလည်း လုပ်ဆောင်နိုင်သည်။ လှေစီးကာ အဆောက်အဦများ, ကျောင်းတော်များကို နက်ဆာကန်တစ်လျှောက် လေ့လာနိုင်သည်။ Abu Simbel ရှိ ကျောင်းတော်များကို လေ့လာခြင်းသည် ကန်သို့လာရောက်သည့် ခရီးသွားများ၏ မရှိမဖြစ် အရာတစ်ခု ဖြစ်သည်။[၁၈]
ရုပ်ပုံများ
ပြင်ဆင်ရန်-
Panoramic view of Lake Nasser
-
Panoramic view of Lake Nasser at dawn
-
View of Abu Simbel from Lake Nasser
ပြင်ပလင့်များ
ပြင်ဆင်ရန်- Lake Nasser at Encyclopædia Britannica
- 360 Degree Panorama of Lake Nassar Archived 1 February 2014 at the Wayback Machine.
- Abu Simbel: The Temples That Moved
ကိုးကား
ပြင်ဆင်ရန်- ↑ Lake Nasser။ 25 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 July 2021 တွင် ပြန်စစ်ပြီး။
- ↑ Aswan High Dam, River Nile, Sudan, Egypt။ 15 October 2016 တွင် ပြန်စစ်ပြီး။
- ↑ Scudder၊ Thayer (September 2, 2016)။ Aswan High Dam Resettlement of Egyptian Nubians။ Springer။ ISBN 9789811019357။ 18 November 2016 တွင် ပြန်စစ်ပြီး။
- ↑ Sofer၊ Amon (1999)။ Rivers of Fire: The Conflict Over Water in the Middle East။ Rowman & Littlefield။ p. 36။ ISBN 9780847685110။
- ↑ Governorates of Egypt။ 16 October 2016 တွင် ပြန်စစ်ပြီး။
- ↑ Roest၊ F.C.; Crul၊ R. C. M. (1995)။ Current Status of Fisheries and Fish Stocks of the Four Largest African Reservoirs: Kainji, Kariba, Nasser/Nubia and Volta။ Food & Agriculture Org.။ p. 81။ ISBN 9789251036839။
- ↑ "Estimation of Reservoir Discharges from Lake Nasser and Roseires Reservoir in the Nile Basin Using Satellite Altimetry and Imagery Data" (August 13, 2014). Remote Sensing 6 (8). doi: . Bibcode: 2014RemS....6.7522M.
- ↑ Life-Giving Nile River (Aswan Dam, Egypt) (2012-12-20)။ 15 October 2016 တွင် ပြန်စစ်ပြီး။
- ↑ Encyclopedia of Architectural and Engineering Feats။ ABC-CLIO။ 2001။ p. 23။ ISBN 9781576071120။
president nasser, high dam project.
- ↑ "Egyptian agriculture crisis worsens, mainly due to lack of water"၊ September 27, 2016။
- ↑ "Water Politics - Sharing the Nile"၊ The Economist၊ January 16, 2016။
- ↑ Life-Giving Nile (2012-12-20)။ 15 October 2016 တွင် ပြန်စစ်ပြီး။
- ↑ Nile Perch Fishing on Lake Nasser။ 15 October 2016 တွင် ပြန်စစ်ပြီး။
- ↑ "Egyptology fellowship chairman shares giant fish story" (2002). The Rotarian 180 (6).
- ↑ Gohary၊ Jocelyn (1998)။ Guide to the Nubian monuments on Lake Nasser။ American University in Cairo Press။ ISBN 9789774244629။ 15 October 2016 တွင် ပြန်စစ်ပြီး။
- ↑ "Rescuing Abu Simbel"၊ The New York Times၊ November 4, 1963။
- ↑ "Restored Abu Simbel Keeps Ancient Grandeur"၊ The New York Times၊ October 10, 1967။
- ↑ Maroon၊ Fred J.; Newby၊ Percy Howard (1979)။ The Egypt story: Its art, its monuments, its people, its history။ Chanticleer Press Edition။ p. 42။