နာဂဒီပပုရာဏဝိဟာရ

(နဂဒီးပပုရာနဝိဟာရ မှ ပြန်ညွှန်းထားသည်)

နာဂဒီပပုရာဏဝိဟာရ သည် သီရိလင်္ကာနိုင်ငံ၊ မြောက်ပိုင်းစီရင်စုနယ် ဂျက်နာခရိုင် (Jaffna) တွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာစေတီတော်တစ်ဆူ ဖြစ်သည်။ သီရိလင်္ကာနိုင်ငံရှိ အထွတ်အမြတ်ထားရာ ဗုဒ္ဓသာသနာ့နယ်မြေ ၁၆ ခု (Solosmasthana) တွင် ဤစေတီတော်သည် တစ်ခုအပါအဝင် ဖြစ်သည်။ ခေတ်ပြိုင်ကာလ သမိုင်းများအရ စေတီတော် တည်ရှိသည့် နေရာသို့ ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်ရှိပြီး ငါးနှစ်မြောက်တွင် ကြွရောက်တော်မူခဲ့သည်။ မြတ်စွဘုရားသည် ရန်လိုနေသည့် နဂါးမင်းနှစ်ဦးဖြစ်သည့် Chulodara နှင့် Mahodara အကြားတွင် နေကာ ငြိမ်းအေးအောင် လုပ်ဆောင်ခဲ့သည်။[၁]

နာဂဒီပပုရာဏဝိဟာရ
නාගදීප පුරාණ විහාරය
நயினாதீவு நாக விகாரை
The Nagadeepa Purana Viharaya, one of the 16 Solosmasthana
အချက်အလက်များ
တည်နေရာNagadeepa, Sri Lanka
ကိုဩဒိနိတ်09°36′45.9″N 79°46′26.3″E / 9.612750°N 79.773972°E / 9.612750; 79.773972ကိုဩဒိနိတ်: 09°36′45.9″N 79°46′26.3″E / 9.612750°N 79.773972°E / 9.612750; 79.773972
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Jaffna
စီရင်စုNorthern Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
ဝက်ဘ်ဆိုဒ်nagadeepaviharaya
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist temple

မဟာဝံသကျမ်းနှင့် တမီဗုဒ္ဓဘာသာမော်ကွန်းမျာအရ ရှေးဟောင်းသမိုင်းများတွင် စိန်စီခြယ်ထားသည့် ပလ္လင်နှင့် ဗုဒ္ဓ၏ ခြေတော်ရာပါရှိသည့် ကျောက်တုံးတစ်ခုသည် Nainativu (နဂဒီးပ) ကျွန်းတွင် တည်ရှိသည်ဟု ဆိုကြသည်။ ထိုနေရာသို့ အိန္ဒိယမှ ဘုရားဖူးများသည် သွားရောက်ကာ လည်ပတ်ဖူးမြော်ကြသည်။[၂][၃]

သမိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ပြင်ဆင်ရန်

 
Buddha's visit to Nagadeepa. Detail from Kelaniya Raja Maha Vihara

စေတီတော်တည်ရှိရာနေရာသည် မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်ရှိပြီး ငါးနှစ်မြောက်အချိန်တွင် ဒုတိယမြောက်အကြိမ်အဖြစ် သီရိလင်္ကာနိုင်ငံသို့ လာခဲ့ရာနေရာဖြစ်သည်။ နဂါးမင်းနှစ်ပါးဖြစ်သည့် Chulodara နှင့် Mahodara တို့၏ အကြားတွင် သီတင်းသုံးကာတရားထိုင်ခဲ့သည်။[၁]

ရန်မူလာသည့် နဂါးမင်းတို့သည် မြင်သည့်အခါ မြတ်စွာဘုရားသည် တန်ခိုးကို အသုံးပြုကာ ကောင်းကင်ထက်တွင် သီတင်းသုံးနေခဲ့သည်။ ထိုအခါ နဂါးမင်းတို့သည် အံ့အားသင့်ခြင်း ပျော်ရွှင်ခြင်းများ ဖြစ်ပေါ်လာရသည်။ မြတ်စွာဘုရားသည် နဂါးတို့ကို တရားဟောကြားသည့်အခါတွင် နဂါးမင်းတို့သည် မြတ်စွာဘုရား၌ သက်ဝင်ယုံကြည်ကြကာ အရိုအသေပေးခဲ့ကြသည်။ နဂါးမင်းတို့သည် မြတ်စွာဘုရားအား ပလ္လင်ကို လှူဒါန်းကာ မြတ်စွာဘုရားအပေါ်၌ သက်ဝင်ယုံကြည်သူများ ဖြစ်သွားကြသည်။

ဤဝိဟာရကို Devanampiya Tissa နှင့် ဒုဋ္ဌဂါမဏိမင်း လက်ထက်များတွင် ပြင်ဆင်မှုများ၊ အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ခဲ့ကြပြီး ထိုနေရာကိုလည်း မြင့်မြတ်သည့်နေရာတစ်ခုအဖြစ်သို့ ရောက်စေခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Nagadeepa ViharayaThe Nation (Sri Lanka) (22 February 2015)။ 19 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 January 2021 တွင် ပြန်စစ်ပြီး။
  2. Sacred Island, Nagadipa။ Buddha Dharma Education Association Inc / BuddhaNet။ 2011-09-13 တွင် ပြန်စစ်ပြီး။
  3. Historic Nagadeepa Viharaya at Nainativu, Jaffna – නාගදීප විහාරය။ Amazinglanka။ 19 April 2017 တွင် ပြန်စစ်ပြီး။