နဂါးဖရုံပင်သည် မူလအောက်က ရိုးရိုးသာမန် ဖရုံပင်သာ ဖြစ်သော်လည်း အထက်ပိုင်း ရောက်သော် အညွန့် မရောက်မီ တစ်တောင်ခန့်အလို၌ မြွေဟောက်ပါးပျဉ်းကဲ့သို့ ပြားပြား ဖြစ်ပြီး၊ ဖရုံညွန့်များသည် နဂါးအမောက်ကဲ့သို့ တွန့်လိမ်ကောက်ကွေးလာသည့် ဖရုံပင် ဖြစ်သည်။ မစိုက်အပ်ပေ။ မှတ်တမ်းအရ ရွာတရွာတွင် ဖရုံပင် တပင်မှ နဂါးဖရုံအဖြစ် ပြောင်းလဲသွားရာ ပိုင်ရှင်က နှမြော၍ မနုတ်ပစ်ဘဲ ထားရာ နဂါးဖရုံပင် ထိပ်တည့်တည့်တွင် ရှိနေသော ရေမခမ်းတတ်သော အနက် ၁၂ တောင် အုတ်စီ ရေတွင်းသည် တဖြည်းဖြည်း လျော့နည်းခန်းခြောက်သွားသည်ဟု တွေ့ရှိရသည်။ ဖရုံနဂါးဟုလည်း အမည်တွင်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ကိုရွှေမောင်(ဒေါင်းအင်းကုန်း) (ဇူလိုင်၊ ၂၀၀၁)။ အိမ်ရှင်မများသတိထား ဖရုံနဂါး။ နက္ခတ္တရောင်ခြည်။ p. ၄၀။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)