နစ္စဂီတသိက္ခာပုဒ်
ဘိက္ခုနီအများသည် တောင်တော်ပွဲ ကျင်းပသောအခါ ပွဲကြည့်သွားကြသည်ကို လူတို့ ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်ယာ ပန ဘိက္ခုနီ နစ္စံ ဝါ ဂီတံ ဝါ ဝါဒိတံ ဝါ ဒဿနာယ ဂစ္ဆေယျ, ပါစိတ္တိယံ။
မြန်မာပြန်
ပြင်ဆင်ရန်ကခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်းကို ကြည့်ရှု နားထောင် ဖို့ရန်သွားသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။
မှတ်ချက်
ပြင်ဆင်ရန်“ဘိက္ခုတို့မှာ ဒုက္ကဋ်အာပတ်သင့်၏။”ဟု ခုဒ္ဒကဝတ္ထုခန္ဓက၌ ပညတ်တော်မူ၏၊ ကမှု ဟူရာ၌ ဥဒေါင်းကခြင်း, မျောက်ကခြင်း, ကလေးသူငယ်ကခြင်းများလည်း ပါဝင်သည်၊ သီချင်းဟူရာ၌ တေးသံပေါက်အောင် ရွတ်အပ်သော တရားများလည်း ပါဝင်သည်၊ ထိုကမှုစသည်ကို ကိုယ်တိုင်လည်း မပြုကောင်း, ခိုင်းလည်းမခိုင်းကောင်း၊ ပွဲလမ်းသဘင်ဖြင့် စေတီတော်ကို ဘုန်းကြီးပျံကို ပူဇော်ပါရစေ လျှောက်စေကာမူ “အင်း-ကောင်းပြီ”ဟုမျှ ဝန်မခံရ၊ ဘိက္ခုနီမှာ ပါစိတ်, ဘိက္ခုမှာ ဒုက္ကဋ်၊ ကျောင်းတိုက်တွင်း၌ နေ၍ ကြည့်ရှု နားထောင်ရာ-ကိစ္စတစ်စုံတစ်ခုဖြင့် သွားစဉ် မျက်စေ့ရှေ့ ရောက်လာ၍ ကြည့်ရှုရာတို့၌ကား ဝိနည်းပြစ်မရှိ။ အဘိဓမ္မာပြစ်မှာ စိတ်သာ ပဓာနတည်း။ လသုဏဝဂ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။