နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန သည် ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)လက်အောက်ရှိ ဦးစီးဌာနတစ်ခု ဖြစ်သည်။ ညွှန်ကြားရေးမှူးချုပ်မှာ ဒေါက်တာအေးမြင့် ဖြစ်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

ပညာရေးဝန်ကြီးဌာန၊ စက်မှုနှင့်သက်မွေးပညာဦးစီးဌာနသည် ၁၉၅၄ ခုနှစ်မတိုင်မီက စက်မှုလက်မှုဝန်ကြီးဌာနလက်အောက်၌ စက်မှုလက်မှုပညာ ညွှန်ကြားရေးဌာန၊ ၁၉၅၄ ခုနှစ်မှစ၍ ပညာရေးဝန်ကြီးဌာနလက်အောက်၌ စက်မှုလက်မှု ပညာ ညွှန်ကြားရေးဌာနအဖြစ် လည်းကောင်း တည်ရှိခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် စက်မှုလက်မှုပညာ ညွှန်ကြားရေးဌာနကို အခြေခံပညာဦးစီးဌာနအောက်ရှိ စိုက်ပျိုးရေးသိပ္ပံများနှင့် ပူးပေါင်း၍ စက်မှုနှင့်သက်မွေးပညာဦးစီးဌာနအဖြစ် ဖွဲ့စည်းခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ပညာရေးဝန်ကြီး ဌာနအောက်ရှိ စက်မှုနှင့်သက်မွေးပညာဦးစီးဌာနကို စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာနအား နိုင်ငံတော်အစိုးရမှ ၁၉၉၆ ခုနှစ်တွင် သီးခြားဝန်ကြီးဌာနအဖြစ် စတင် ဖွဲ့စည်းခဲ့ပြီး ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ စက်မှု၊ စိုက်ပျိုးနှင့် သက်မွေးပညာ ဦးစီးဌာနအား ဖျက်သိမ်းခဲ့ပြီး ယင်းဦးစီးဌာနလက်အောက်ရှိ ဌာနခွဲ(၃)ခုအနက်မှ စက်မှုပညာဌာနခွဲ အောက်တွင်ရှိသည့် စက်မှုလက်မှုသိပ္ပံများ၊ စက်မှုအထက်တန်းကျောင်းများကို သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနမှ လွှဲပြောင်းလက်ခံခဲ့သည်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စက်မှုနှင့်သက်မွေးပညာဦးစီးဌာနလက်အောက်ရှိ နည်းပညာ တက္ကသိုလ်များကို အဆင့်မြင့်ပညာရေးအောက်တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)မှ သဘောတူခွင့်ပြုချက်အရ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၁၈၄/၂၀၁၅)ဖြင့် စက်မှုနှင့်သက်မွေး ပညာဦးစီးဌာနကို ၂၀၁၅ခုနှစ် ဧပြီလ (၁) ရက်နေ့မှစ၍ နည်းပညာနှင့်သက်မွေး ပညာဦးစီးဌာနအဖြစ် ဖွဲ့စည်းပုံအသစ်ဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

၂၀၁၆ ခုနှစ် မတ်လ(၃၁) ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပေါင်းစည်းခဲ့ပြီး နည်းပညာနှင့်သက်မွေးပညာဦးစီးဌာနအား ပညာရေးဝန်ကြီးဌာနအောက်သို့ ပူးပေါင်း ဖွဲ့စည်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီးရုံး၏ (၂၂-၈-၂၀၁၆)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၀၀၆/၂၀၁၆)အရနည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

 

ဦးစီးဌာနလက်အောက်ရှိ ကျောင်းများ ပြင်ဆင်ရန်

အစိုးရနည်းပညာကောလိပ်များ ပြင်ဆင်ရန်

  1. GTC(မိုးညှင်း)
  2. GTC(မြင်းခြံ)
  3. GTC(ရွှေဘို)

အစိုးရစက်မှုလက်မှုသိပ္ပံများ ပြင်ဆင်ရန်

  1. အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)
  2. အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး)
  3. အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)
  4. အစိုးရစက်မှုလက်မှုသိပ္ပံ(သံတွဲ)
  5. အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)
  6. အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)
  7. အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း)
  8. အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)
  9. အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)
  10. အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)
  11. အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)
  12. အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)
  13. အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်)
  14. အစိုးရစက်မှုလက်မှုသိပ္ပံ(သရက်)
  15. အစိုးရစက်မှုလက်မှုသိပ္ပံ(ဂန့်ဂေါ)
  16. အစိုးရစက်မှုလက်မှုသိပ္ပံ(ကံ့ဘလူ)
  17. အစိုးရစက်မှုလက်မှုသိပ္ပံ(ခန္တီး)
  18. အစိုးရစက်မှုလက်မှုသိပ္ပံ(လက်ပံတန်း)
  19. အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)
  20. အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)
  21. အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ)
  22. အစိုးရစက်မှုလက်မှုသိပ္ပံ(ရွှေပြည်သာ)
  23. အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)
  24. အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)

အစိုးရနည်းပညာအထက်တန်းကျောင်းများ ပြင်ဆင်ရန်

  1. GTHS(မြစ်ကြီးနား)
  2. GTHS(ပခုက္ကူ)
  3. GTHS(ဗန်းမော်)
  4. GTHS(မုံရွာ)
  5. GTHS(ပူတာအို)
  6. GTHS(ချောင်းဦး)
  7. GTHS(လွိုင်ကော်)
  8. GTHS(ကလေး)
  9. GTHS(ဘားအံ)
  10. GTHS(ခန္တီး)
  11. GTHS(တီးတိန်)
  12. GTHS(ပြည်)
  13. GTHS(မော်လမြိုင်)
  14. GTHS(တောင်ငူ)
  15. GTHS(စစ်တွေ)
  16. GTHS(ပုသိမ်)
  17. GTHS(တောင်ကြီး)
  18. GTHS(မအူပင်)
  19. GTHS(ကျိုင်းတုံ)
  20. GTHS(ဟင်္သာတ)
  21. GTHS(ပင်လုံ)
  22. GTHS(ထားဝယ်)
  23. GTHS(လားရှိုး)
  24. GTHS(မြိတ်)
  25. GTHS(ပင်းပက်)
  26. GTHS(ကော့သောင်း)
  27. GTHS(နေပြည်တော်)
  28. GTHS(လှိုင်သာယာ)
  29. GTHS(ရွာမ)
  30. GTHS(လက်ခုပ်ကုန်း)
  31. GTHS(မန္တလေး)
  32. GTHS(မိထ္တီလာ)
  33. GTHS(ကျောက်ဆည်)
  34. GTHS(မြင်းခြံ)
  35. GTHS(မကွေး)

သက်မွေးပညာသင်တန်းကျောင်းများ ပြင်ဆင်ရန်

  1. ELPS (NPT)
  2. SMVTI(YGN)
  3. NVTI(Shan)
  4. SITE (YGN)
  5. JMASVTI

ဖွင့်လှစ်ပေးလျက်ရှိသော ပုံမှန်သင်တန်း အမျိုးအစားများ ပြင်ဆင်ရန်

GTC/ GTI ပြင်ဆင်ရန်

  1. မြို့ပြအင်ဂျင်နီယာသင်တန်း
  2. လျှပ်စစ်အင်ဂျင်နီယာသင်တန်း
  3. အီလက်ထရောနစ် အင်ဂျင်နီယာသင်တန်း
  4. စက်မှုအင်ဂျင်နီယာသင်တန်း
  5. သုတအင်ဂျင်နီယာသင်တန်း(IT)၊
  6. စက်မှုလုပ်ငန်းအင်ဂျင်နီယာသင်တန်း(IE)

GTHS ပြင်ဆင်ရန်

  1. အဆောက်အဦနည်းပညာသင်တန်း၊
  2. အီလက်ထရောနစ်နည်းပညာသင်တန်း၊
  3. လျှပ်စစ်နည်းပညာသင်တန်း၊
  4. စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာသင်တန်း၊
  5. မော်တော်ယာဉ်နည်းပညာသင်တန်း၊
  6. ရေခဲသေတ္တာနှင့်လေအေးပေးစက်နည်းပညာ သင်တန်း၊
  7. သုတနည်းပညာသင်တန်း၊
  8. သတ္တုပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်း


ဖွင့်လှစ်ပေးလျက်ရှိသော ကာလတို သင်တန်းအမျိုးအစားများ ပြင်ဆင်ရန်

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန လက်အောက်ရှိ ကျောင်းများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ကာလတိုသင်တန်းများမှာ အမျိုးအစား/ အမည်အားဖြင့် စုစုပေါင်း (၅၄)မျိုးခန့်ရှိသည်။

  1. အခြေခံလက်သမားသင်တန်း၊
  2.  အခြေခံ ပန်းရံ သင်တန်း၊
  3. သံချည် ၊ သံကွေးကျွမ်းကျင်မှုသင်တန်း၊
  4. လမ်းခင်းကျွမ်းကျင်မှုသင်တန်း၊ ပုံဆင်၊
  5. ပုံရိုက် ကျွမ်းကျင်မှု သင်တန်း၊
  6. ပိုက်ပြင်၊ ပိုက်ဆက်သင်တန်း၊
  7. Basic Auto CAD သင်တန်း၊
  8. အ‌ခြေခံမြေတိုင်းသင်တန်း၊
  9. Excel Estimating Course၊
  10. အခြေခံအဆောက်အဦ သင်တန်း
  11. Cement Technology Opreator Course၊
  12. Etabs Structuring Course ၊
  13. Basic Electronic Course/ အိမ်တွင်းလျှပ်စစ်ပြုပြင် ထိန်းသိမ်းရေးသင်တန်း၊
  14. Basic Digital PLC ၊
  15. Hand Phone ပြုပြင်ခြင်းသင်တန်း၊
  16. Basic 4- Stroke petrol engine၊
  17. အနောက်တိုင်းနှင့်အရှေ့တိုင်းအစားအစာအချက်အပြုတ်သင်တန်း
  18. ကော်ဖီနှင့်ဖျော်ရည်သင်တန်း
  19. တစ်လုံးထိုးအင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်း သင်တန်း၊
  20. မော်တော်ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း
  21. ဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်း သင်တန်း၊
  22. လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းမှုသင်တန်း၊
  23. Automotive Service Technology၊
  24. Air-Con Training၊
  25. အခြေခံကွန်ပျူတာသင်တန်း (ရုံးသုံး စာစီ၊ စာရိုက်)၊
  26. အဆင့်မြင့် ကွန်ပျူတာသင်တန်း၊
  27. Basic Hardware Maintenance၊
  28. Computer Basic Networking၊
  29. စက်ချုပ်သင်တန်း(အခြေခံ၊ အဆင့်မြင့်)၊
  30. အခြေခံမော်တာစက်ချုပ်သင်တန်း၊
  31. အမျိုးသမီးဆံပင်အလှပြင်သင်တန်း၊
  32. အမျိုးသားဆံပင်ညှပ်သင်တန်း၊
  33. မိတ်ကပ်အလှပြင်သင်တန်း၊
  34. ဟိုတယ်ဧည့်ကြိုလုပ်ငန်းဆောင်ရွက်မှု သင်တန်း၊
  35. အိပ်ခန်းဆောင်ထိန်းသိမ်းခြင်းသင်တန်း၊
  36. အစားအစာနှင့်အဖျော်ယမကာထုတ်လုပ်ခြင်းသင်တန်း၊
  37. အစားအစာနှင့် အဖျော်ယမကာဧည့်ခံ ကျွေးမွေးရေးသင်တန်း၊
  38. အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း၊
  39. အိမ်တွင်းဆိုလာတပ်ဆင်ခြင်းသင်တန်း၊
  40. Rewinding of AC Motor and Generator၊
  41. Motor Control၊
  42. Electrician Training၊
  43. 1 Ø Motor Rewinding
  44. PLC
  45. အခြေခံစက်ပြင်သင်တန်း(ဒီဇယ်၊ ဓာတ်ဆီ)၊
  46. ဂဟေဆက်သင်တန်း၊
  47. တွင်ခုံ ၊ ဖောက်ခုံ ပြုပြင်ထိန်းသိမ်းခြင်း သင်တန်း၊
  48. Motor Engine and Construction of Body၊
  49. လယ်ယာသီးနှံနှင့် ဥယျာဉ်ခြံသီးနှံများအား GAP နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းသင်တန်း၊
  50. စိုက်ပျိုးရေးစက်ကိရိယာများ ပြင်ဆင် တပ်ဆင်ခြင်းသင်တန်း၊
  51. အင်္ဂလိပ်စကားပြော သင်တန်း၊
  52. ယိုးဒယားစကားပြောသင်တန်း
  53. ငါးဖိန်းသားဖောက်နှင့် ငါးဆေးထိုးသားဖောက်သင်တန်း
  54. ပေါင်မုန့်နှင့်ကိတ်မုန့်ဖုတ်သင်တန်း

ကိုးကား ပြင်ဆင်ရန်