နတ်ဆိုးကတချိန်လုံး (ရုပ်ရှင်)

၂၀၂၀ အမေရိကန် သည်းထိတ်ရင်ဖိုရုပ်ရှင်

နတ်ဆိုးကတချိန်လုံး (အင်္ဂလိပ်: The Devil All the Time)သည် ၂၀၂၀ အမေရိကန် စိတ္တဇသဲထိတ်ရင်ဖိုကား ဖြစ်ပြီး၊ အမေရိကကျေးလက် မြို့လေးတမြို့ဝယ် အကျင့်ပျက်မှု၊ အာဏာအလွဲသုံးမှုနှင့် ဘာသာရေးခုတုံးလုပ်မှုများကို ဆန်းစစ်ထားသည်။ ဒေါ်နယ် ရေး ပေါလော့ခ် ရေးသော ထိုခေါင်းစဉ်နှင့် ဝတ္ထုကို ပြန်ရိုက်ထားပြီး၊ ရုပ်ရှင်နောက်ခံစကားပြောလည်း တာဝန်ယူသည်။

နတ်ဆိုးကတချိန်လုံး
ဖိုင်:The Devil All The Time.jpeg
Official release poster
အခြေခံအချက်အလက်
ဒါရိုက်တာAntonio Campos
ထုတ်လုပ်သူ
  • Jake Gyllenhaal
  • Riva Marker
  • Randall Poster
  • Max Born
ဇာတ်ညွှန်း
  • Antonio Campos
  • Paulo Campos
အခြေခံထားသည်မှာDonald Ray Pollock
The Devil All the Time
သရုပ်ဆောင်
  • Tom Holland
  • Bill Skarsgård
  • Riley Keough
  • Jason Clarke
  • Sebastian Stan
  • Haley Bennett
  • Eliza Scanlen
  • Mia Wasikowska
  • Robert Pattinson
နောက်ခံစကားပြောDonald Ray Pollock
ဂီတမှူး
  • Danny Bensi
  • Saunder Jurriaans
ဓာတ်ပုံLol Crawley
တည်းဖြတ်Sofía Subercaseaux
ထုတ်လုပ်ရေး
ကုမ္ပဏီ
  • Nine Stories Productions
  • Bronx Moving Company
ကြာမြင့်ချိန်
138 minutes
နိုင်ငံUnited States
ဘာသာစကားEnglish
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • စက်တင်ဘာ ၁၁၊ ၂၀၂၀ (၂၀၂၀-၀၉-၁၁) (United States)
ထုတ်ဝေသူNetflix

ရုပ်ရှင်ကို အန်တိုနီယို ကမ်းပို့က ရိုက်ကူးပြီး၊ သူ့ညီ ပေါလို ကမ်းပို့နှင့်အတူ ဇာတ်ညွန်းကို ပူးတွဲရေးသည်။ သရုပ်ဆောင်များမှာ တွမ် ဟော်လန်၊ ဘီ စကာစဂါ့၊ ရီလီ ခေါ့၊ ဂျေဆင် ကလာ့ခ်၊ ဆီဘက်ရှန် စတန်၊ ဟာလီ ဘန်းနက်၊ အဲလီဇာ စကန်လင်တို့အပြင် မီယာ ဝါစီကိုစကာနှင့် ရောဘတ် ပတ်တင်ဆန်လည်း ပါသည်။

နတ်ဆိုးကတချိန်လုံးကို ၂၀၂၀ စက်တင်ဘာ ၁၁ တွင် ရုပ်ရှင်ရုံ၌ တင်ပြီး၊ ၂၀၂၀ စက်တင်ဘာ ၁၆ တွင် ဒီဂျစ်တယ်ဖြင့် နက်ဖလစ်မှ ပြသသည်။ ဝေဖန်မှုများမှာ အကောင်းမြင်သည်လည်း ရှိသကဲ့သို့ အဆိုးမြင်သည်လည်း ရှိသည်။

ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

ဒုတိယကမ္ဘာစစ်အတွင်း၊ ဆော်လမွန်ကျွန်းပေါ်တွင် မရိန်းတပ်သား ဝီးလာ့ ရပ်ဆယ် သည် သေနတ်ဆာဂျင် မီလာဂျုံးကို ဂျပန်စစ်သားများက နှိပ်စက်ပြီး ပစ်ထားခဲ့သည့် လက်ဝါးကပ်တိုင်ပေါ်တွင် အရိုးပေါ်အရေတင် တွေ့သည်။ ဝေဒနာမခံစားရအောင် မီလာကို ပစ်သတ်လိုက်ရသည်။ ဘာသာရေးအရ အပြစ်ကဲ့သို့ သူ့ဘဝတလျှောက်လုံး ခံစားရသည်။

စစ်ကြီးပြီးနောက်၊ အနောက်ဗာဂျီးနီးယား၊ ကိုးခရိရှိ သူ့အိမ်သို့ အပြန် လမ်းတွင် အိုဟိုင်းယိုး၊ မိဒ်ကို ဖြတ်သွားရာ၊ ညစာစားရင်း စားပွဲထိုးမ ရှားလော့ ရပ်ဆယ်နှင့် ဆုံတွေ့သည်။ ဝီးလာ့နှင့် ရှားလော့တို့ လက်ထပ်ပြီး၊ အိုဟိုင်းယိုး၊ နော့ကင်းစတစ်သို့ ပြောင်းရွှေ့နေထိုင်ပြီး၊ အာဗင်ကို မွေးသည်။

၁၉၅၀ တွင်၊ ဟယ်လင် ဟတ်တန်သည် တရားဟောဆရာ ရွိုင် လဖာတီနှင့် လက်ထပ်သည်။ လဖာတီသည် တရားဟောသည့်အခါ ဘုရားသခင်ပေါ် သူမည်မျှ ယုံကြည့်ကြောင်း ပြသည့်အနေနှင့် သူ့ခေါင်းပေါ် ပင့်ကူများ လောင်းချပြလေ့ရှိသည်။ လနောရာကို မွေးသည်။ မျက်နှာကို ပင့်ကူကိုက်ခံရသော ရွိုင်သည် ဖူးရောင်ကိုင်းနေရာမှ ပြန်ကောင်းလာသည့်အခါ၊ သူ့ကိုယ်သူ သေရာမှ ပြန်ရှင်လာသော အစွမ်းရှိသည်ဟု ယုံကြည်သွားသည်။ သို့နှင့် ဟယ်လင်ကို တောထဲ ခေါ်သတ်ပြီးနောက် ပြန်ရှင်လာအောင် ကြိုးပမ်းသော်လည်း မရချေ။ ထိုအခါ သတိပြန်ဝင်လာပြီး၊ သမီး လနောရာဆီ ပြန်ပြေးသည်။

ရွိုင် ကားကြုံ တားစီးရာ၊ ကွင်းဆက်လူသတ်သမားစုံတွဲ ကားလ်နှင့် စန္ဒီ ဟင်ဒါဆင်တို့ကားကို ကြုံစီးမိသည်။ သူ့တို့အကျင့်မှာ ကားကြုံစီးသော ယောက်ျားသားများကို ကားလ်က ဓာတ်ပုံရိုက်ရရန် စန္ဒီနှင့် လိင်ဆက်ဆံခိုင်းပြီးနောက် လူသတ် အလောင်းဖျောက်ပစ်ခြင်း ဖြစ်သည်။ ကားလ်သည် စကားနားမထောင်သော ရွိုင်ကို သတ်လိုက်သည်။

၁၉၅၇ တွင် ရှားလော့မှာ ကင်ဆာ ရသည်။ ဝီးလာ့ယုံကြည်သည်က သူသာ နက်နက်ကာကာ ဘုရားဆီဆုတောင်းလိုက်ပါက ဘုရားက သူ့မိန်းမ၏ ကင်ဆာကို ဖယ်ရှားပေးလိမ့်မည်ဟု ထင်သည်။ သို့နှင့် သူ့အိမ်နောက်ဖက် တောထဲတွင် သူ့ဟာသူ အကြမ်းလုပ်ထားသော လက်ဝါးကပ်တိုင်ရှေ့ စိတ်ရောကိုယ်ပါ ဆုတောင်းသည်။ အာဗင်၏ ခွေးကို သတ်ပြီး ဘုရားသခင်ကို ယစ်ပူဇော်သောလည်း၊ သူ့မိန်းမ ဆုံးသွားသည်။ ဝီးလာ့ ကြေကွဲပြီး၊ ကိုယ့်ကိုယ်ကို သတ်သေသည်။ မိဘမဲ့ ဖြစ်သွားသည့် အာဗင်သည် အဘွား အမ်မာနှင့် သွားနေသည်။ သူ့အိမ်သစ်၌ မွေးစားအစ်မ ဖြစ်မည့် လနောရာ ရယ်ဆယ်နှင့် တွေ့သည်။

၁၉၆၅ တွင် အာဗင် သူ့အဖေ၏ လူဂါပစ္စတို တလက် ရသွားသည်။ ချာ့ကျောင်းမှာလည်း တရားဟောဆရာအသစ် ရောက်လာရာ၊ ရီဗရင်း ပရက်စတန် တီးဂါဒင်း ခေါ်သည်။ လနောရာကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်သူများကို အာဗင်က အချိန်ကောင်း စောင့် ရင်ဆိုင်ပြီး၊ ဆော်ပလော် တီးထည့်လိုက်သည်။ လနောရာကမူ ပရက်စတန်၏ လိင်ပိုင်းဆိုင်ရာ အစော်ကားခံလိုက်ရပြီး၊ ကိုယ်ဝန် ရှိသွားသည်။ ပရက်စတန်ကို ပြောပြသော်လည်း၊ အငြင်းခံလိုက်ရသည်။ မိသားစုအရှက်မရစေရန် လနောရာ သေကြောင်းကြံစည်သွားသည်။ ထိုအခါမှ အာဗင်က သူမမှာ ကိုယ်ဝန်ရှိနေကြောင်း သိသွားကာ၊ ပရက်စတန်ကို လက်သည်ဟု သံသယဝင်သည်။ ပရက်စတန်ကို နောက်ယောင်ခံ စုံစမ်းရာ နောက်ထပ် မိန်းကလေး တဦးကို အလားတူ ကြံစည်နေသည်ကို တွေ့သည်။ ဘုရားကျောင်း၌ ပရက်စတန်ကို လူဂါသေနတ်ဖြင့် ပစ်ပြီးနောက် အာဗင် မြောက်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်သည်။


အာဗင် ကားကြုံ တားရာ၊ ကားလ်နှင့် စန္ဒီတို့က တင်လာသည်။ ကားလ်က အာဗင်ကို အကွက်ရွှေ့ရန် ကြံရာ၊ သေနတ်ကို မြင်ပြီး အာဗင်က ကားလ်ကို ပစ်သတ်သည်။ နောက် စန္ဒီလည်း သေသည်။ ကားရှေ့ခန်းငယ်တွင် ရွိုင်အလောင်းနှင့် တွဲရိုက်ထားသော စန္ဒီ၏ ဝတ်လစ်စလစ်ပုံ တပုံနှင့် ဖလင်လိပ်များ တွေ့သည်။ စန္ဒီအစ်ကို ရှရစ် လီ ဘော့ဒက်ကာ စန္ဒီအသတ်ခံရသည်ကို သိသော်၊ သူ့အမှုမပတ်အောင် စန္ဒီတိုက်ခန်းသွားပြီး၊ ဓာတ်ပုံများကို ခြေရာလက်ရာမကျန် ဖျက်ဆီးပစ်သည်။

အာဗင် သူ့ကလေးဘဝက အိမ်သို့ ပြန်သွားရန် မိဒ်ကို ရောက်လာသည်။ ပရက်စတန်ကို သတ်တာ အာဗင်ဟု လီသိသွားသည်။ အာဗင်ကို ရှာရင်း မိဒ်ကို ရောက်လာသည်။ ဝီးလာ့ လက်ဝါးကပ်တိုင်းနား ထိပ်တိုက်တွေ့ရာ၊ ရှော့ဂန်းနှင့် လူဂါသေနတ် တယောက်တချက် အပြန်အလှန် ပစ်ရာ၊ လီ သေနတ်ထိပြီး သေသည်။ လီသေခါနီး အာဗင်က စန္ဒီ၏ ဓာတ်ပုံကို ထုတ်ပြကာ၊ သူ့မှာ အပြစ်မရှိကြောင်း ရှင်းပြသည်။ ကားလ်နှင့် စန္ဒီ ကွင်းဆက်လူသတ်ပြီး လွတ်မြောက်နေကြောင်း သက်သေပြရန်၊ ဖလင်လိပ်နှင့် ဓာတ်ပုံကို ထားခဲ့သည်။ အခင်းဖြစ်ရာမှ ထွက်မပြေးမီ အာဗင်သည် သူ့ခွေး၏ အရိုးနှင့်အတူ လူဂါသေနတ်ကို မြှုပ်နှံသည်။

အာဗင် ကားကြုံတားစီးရာ၊ VW ဗင်ကားမောင်းလာသည့် ဟစ်ပီ တယောက်က ရပ်ပေးသည်။ သူစိမ်းနှင့်အတူ ကားစီးလာစဉ်၊ အာဗင် မအိပ်မိအောင် ခက်ခက်ခဲခဲ ကြိုးစားသည်။ သူ့ကိုယ်သူ ဗီယက်နမ်စစ်ပွဲ ရောက်နေသော စစ်သားအဖြစ်လည်ကောင်း၊ အနာဂတ်တွင် အိမ်ထောင်ရှင် အဖြစ်လည်ကောင်း စိတ်ကူးယဉ် ပုံဖော်နေတော့သည်။

သရုပ်ဆောင်များ ပြင်ဆင်ရန်

  • ဒေါ်နယ် ရေး ပေါလော့ခ်၊ ဇာတ်ကြောင်းပြန်သူ
  • တွမ် ဟော်လန်၊ အာဗင် ယူဂျင်း ရပ်ဆယ်၊ ဝီးလာ့နှင့် ရှားလော့တို့ သား
    • မိုက်ကယ် ဘန့် ရဲပဲ့တာ၊ ၉ နှစ်သား အာဗင် ရပ်ဆယ်
  • ဘီ စကာစဂါ့၊ ဝီးလာ့ ရပ်ဆယ်၊ အာဗင့်ဖခင်၊ ရှားလော့ခင်ပွန်း၊ အမ်မာ၏ သား
  • ရောဘတ် ပတ်တင်ဆန်၊ ရီဗရင်း ပရက်စတန် တီးဂါဒင်း၊ တရားဟောဆရာ
  • ရီလီ ခေါ့၊ စန္ဒီ ဟင်ဒါဆင်[၁]ကားလ်၏ဇနီးနှင့် လီ၏ ညီမ
  • ဂျေဆင် ကလာ့ခ်၊ ကားလ် ဟင်ဒါဆင်၊ စန္ဒီ၏ ခင်ပွန်း[၁]
  • ဆီဘက်ရှန် စတန်၊ ရှရစ် လီ ဘော့ဒက်ကာ၊ စန္ဒီအစ်ကို
  • အဲလီဇာ စကန်လင်၊ လနောရာ လဖာတီ၊ အာဗင့် မွေးစားအစ်မ၊ ရွိုင်နှင့် ဟယ်လင်တို့၏ သမီး၊ အမ်မာ၏ မွေးစားသမီး
    • အဲဗား အလော့စ် လင်ဒရမ်၊ လနောရာ လဖာတီ အငယ်
  • ဟာလီ ဘန်းနက်၊ ရှားလော့ ရပ်ဆယ်၊ အာဗင့်မိခင်နှင့် ဝီးလာ့ဇနီး
  • မီယာ ဝါစီကိုစကာ၊ ဟယ်လင် ဟတ်တန် လဖာတီ၊ လနောရာမိခင်
  • ဟာရီ မဲလင်း၊ ရွိုင် လဖာတီါ လနောရာဖခင်နှင့် ဟယ်လင့်ခင်ပွန်း
  • ခရစ္စတင်း ဂရစ်ဖစ်၊ အမ်မာ ရပ်ဆယ်၊ အာဗင့်အဘွား၊ ဝီးလာ့မိခင်နှင့် လနောရာ့ မွေးစားအမိ
  • ဒေးဗစ် အတ်ကင်ဆန်၊ အီးယားစကဲ၊ အာဗင့် ဘိုးဒွေးလေးနှင့် အမ်မာ့အစ်ကို
  • ပိုကီး လာဖာ့၊ သီအိုဒို၊ ရွိုင့်ဝမ်းကွဲအစ်ကို
  • ဒေါက်ဂလပ် ဟော့၊ လရွိုင် ဘရောင်း
  • ဒရူး စတာကီး၊ တွမ်မီ မတ်ဆန်၊ လနောရာကို အနိုင်ကျင့်သူ တဦး၊
  • တက်ဒီ ကိုး၊ ဟစ်ပီ

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ De la Paz၊ Maggie (February 21, 2019)။ Netflix's The Devil All the Time Adds Bennett, Clarke, & KeoughComingSoon.net။ May 6, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။