နတ်မင်းကြီးလေးပါး
နတ်မင်းကြီး ၄-ပါး။ စတုမဟာရာဇ် နတ်မင်းကြီး ၄-ပါးကိုဆိုလိုသည်။
- (၁) မြင်းမိုရ်တောင်၏ အရှေ့အရပ်ကိုအစိုးရသော ဓတ္တရဋ္ဌ နတ်မင်းကြီး၊ (ဂန္ဓဗ္ဗနတ်တို့၏ အရှင်)
- (၂) မြင်းမိုရ်တောင်၏ အနောက်အရပ်ကို အစိုးရသော ဝိရူပက္ခ နတ်မင်းကြီး၊ (နဂါးတို့၏ အရှင်)
- (၃) မြင်းမိုရ်တောင်၏ တောင်အရပ်ကို အစိုးရသော ဝိရူဠက နတ်မင်းကြီး၊ (ကုမ္ဘဏ်တို့၏ အရှင်)
- (၄) မြင်းမိုရ်တောင်၏ မြောက်အရပ်ကို အစိုးရသော ကုဝေရနတ်မင်းကြီး။ (ယက္ခတို့၏ အရှင်)
မှတ်ချက်။ ။ ၎င်းတို့ကိုပင် 'နတ်စစ်သူကြီး ၄-ယောက်' ဟုလည်းခေါ်သေး၏။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း