နတ်ပြည် ဗြဟ္မာပြည်ဟူသည် ကုသိုလ်ကောင်းမှုအကျိုးပေးရာ ဘုံဌာနတို့ဖြစ်သည်။ ထို့ကြောင့် နတ်ဗြဟ္မာတို့သည်လွန်စွာအသက်ရှည်လေသည်။ ပထဝီအနေအထားဖြင့်ကြည့်လျှင် အောက်ဆုံးနတ်ပြည်၏တစ်နေ့တစ်ညအချိန်ကာလသည် လူ့အချိန်အားဖြင့်နှစ်ငါးဆယ်တိတိကြာမြင့်သည်။ အထက်နတ်ဘုံအသီးသီးတို့တွင် နေ့တာညတာသည် နတ်အချိန်ကာလအားဖြင့် နှစ်ဆတက်ပိုမိုရှည်သွားသည်။ အထက်မြင့်လေ နေ့တာညတာပိုရှည်သွားလေသည်။ အာကာသယာဉ်များဖြင့်ကမ္ဘာကိုလည်ပတ်ခဲ့သော အကာသမောင်မယ်များအဆိုအရ ကမ္ဘာပတ်လမ်းကြောင်း အပြင်တွင် နေ့တာညတာသည် ကမ္ဘာနေ့တာညတာထက်ပိုမိုရှည်ကြာလေသည်ဟူသောအချက်ကိုသတိပြုသင့်သည်။

နတ်ဘုံ နတ်တွက်ကိန်းအသက် (နှစ်) လူတွက်ကိန်းအသက် (နှစ်)
စာတုမဟာရာဇ် ၅၀၀ ၉၀၀၀၀၀၀
တာဝတိံတာ ၁၀၀၀ ၃၆၀၀၀၀၀၀
ယာမာ ၂၀၀၀ ၁၄၄၀၀၀၀၀၀
တုသိတာ ၄၀၀၀ ၅၇၆၀၀၀၀၀၀
နိမ္မာနရတိ ၈၀၀၀ ၂၃၀၄၀၀၀၀၀၀
ပရနိမ္မိတဝသဝတ္တိ ၁၆၀၀၀ ၉၂၁၆၀၀၀၀၀၀

ကိုးကားချက် ပြင်ဆင်ရန်

  • ဗုဒ္ဓဘာသာကောင်းတစ်ယောက် (၂၀၀၇)