နဒီ (အသံထွက် [ˈnand͡ʒi] ) သည် ဖီဂျီ တွင် တတိယအကြီးဆုံး မြို့ပြဧရိယာတစ်ခု ဖြစ်သည် ။ ၎င်းသည် ဗီတီလီဗူးကျွန်း၏ အနောက်ဘက်တွင် တည်ရှိပြီး ၂၀၀၇ ခုနှစ်တွင် နောက်ဆုံးကောက်ယူထားသော သန်းခေါင်စာရင်းအရလူဦးရေ ၄၂,၂၈၄ ရှိသည်။ ၂၀၁၂ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၅၀,၀၀၀ ကျော်သို့ တိုးလာကြောင်း ပြသခဲ့သည်။ နဒီ သည် လူမျိုးပေါင်းစုံနေထိုင်ရာ ဒေသ ဖြစ်ပြီး မြို့နေထိုင်သူများတွင် အာရှ၊ အိန္ဒိယ နှင့် ဌာနေတိုင်းရင်းသား ဖီဂျီလူမျိုး များစွာဖြင့် လူမျိုးပေါင်းစုံပါဝင်ပြီး ခေတ္တမျှ လာရောက်လည်ပတ်ကြသော နိုင်ငံရပ်ခြား ခရီးသွားဧည့်သည်များလည်း အများအပြားရှိသည်။ ကြံ ထွက်ရှိမှုနှင့်အတူ ခရီးသွားလုပ်ငန်းသည် ဒေသတွင်းစီးပွားရေး၏ အဓိကကျသော လုပ်ငန်းဖြစ်သည်။

နဒီ ဒေသသည် ဖီဂျီ၏ အခြားအစိတ်အပိုင်းများနှင့် နှိုင်းယှဉ်လျှင် ဟိုတယ်နှင့် မိုတယ်များ စုစည်းတည်ရှိမှု ပိုများသည်။ ၎င်း၏များပြားသော အင်ဒို-ဖီဂျီ လူဦးရေနှင့်အတူ၊ နဒီ သည်ဖီဂျီရှိ ဟိန္ဒူ နှင့် အစ္စလာမ်ဘာသာ အတွက်ဗဟိုဌာနဖြစ်သည်။ ၎င်းတွင် တောင်ပိုင်းကမ္ဘာခြမ်းတွင် အကြီးမားဆုံး ဟိန္ဒူဘုရားကျောင်းရှိပြီး သီရိ သျှီဝ ဆူဘရာမန်းနီးယား ဟုခေါ်သော ဘုရားဖူးများ လာရောက်ဖူးမြော်ရာ နေရာတစ်ခုဖြစ်သည်။

သီရိ သျှီဝ ဆူဘရာမန်းနီးယား ဘုရားကျောင်း။

နဒီ အပြည်ပြည်ဆိုင်ရာလေဆိပ် သည်မြို့မှ ၉ ကီလိုမီတာ အကွာတွင် တည်ရှိပြီး ဖီဂျီနိုင်ငံ၏ အကြီးဆုံးလေဆိပ် ဖြစ်သည်။ ထို့ကြောင့် နဒီမြို့ သည် နိုင်ငံ၏မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည့် ဆူဗားမြို့ မှ ဗီတီလီဗူး ကျွန်း၏ ဆန့်ကျင်ဘက် (အနောက်ဘက်) ဘက်ခြမ်းတွင် တည်ရှိသော်လည်း ဖီဂျီသို့ လေကြောင်းခရီးသွားများအတွက် အဓိက၀င်ပေါက်ဖြစ်သည်။