နန်ချန်းစတား (南昌之星) သည် တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသ ကျန်းရှီးပြည်နယ် ရုံးစိုက်ရာ နန်ချန်းမြို့တွင် တည်ရှိသော ၁၆၀ မီတာ (၅၂၅ ပေ) မြင့်မားသည့် ချားရဟတ်ကြီးဖြစ်သည်။ နန်ချန်းစတားအား ဆောက်လုပ်သည့် ကုန်ကျစရိတ်မှာ တရုတ်ယွမ်ငွေ ၅၇ သန်း (အမေရိကန်ဒေါ်လာ ၇.၃ သန်းခန့်) ဖြစ်သည်။ ၂၀၀၆ ခုနှစ် မေလတွင် စတင်လည်ပတ်သည်။ [၁] ထိုအချိန်မှစ၍ ၂၀၀၈ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စင်ကာပူ ဖလိုင်ယာအား မဖွင့်လှစ်မီအထိ ကမ္ဘာပေါ်တွင် အမြင့်ဆုံး ချားရဟတ်ဖြစ်ခဲ့သည်။ လက်ရှိ အမြင့်ဆုံးဖြစ်သည့် စင်ကာပူ ဖလိုင်ယာ၏ အမြင့်မှာ ၁၆၅ မီတာ (၅၄၁ ပေ) ရှိ၍ နန်ချန်းစတားထက် ၅ မီတာ (၁၆ ပေ) ပိုမြင့်သည်။[၂]

နန်ချန်းစတား
Star of Nanchang
Map
အထွေထွေ အချက်အလက်များ
တည်နေရာနန်ချန်းမြို့၊ ကျန်းရှီးပြည်နယ်၊ တရုတ်နိုင်ငံ
ကုန်ကျငွေယွမ်ငွေ ၅၇ သန်း
အမြင့်
အမိုး၁၆၀ မီတာ (၅၂၅ ပေ)

နန်ချန်းစတားတွင် လေအေးပေးစက် (အဲယားကွန်း) တပ်ဆင်ထားသည့် အလုံပိတ် ရဟတ်တွဲ (gondola) ၆၀ ရှိပြီး တွဲတစ်တွဲတွင် အများဆုံး လူ ၈ ဦးဝင်ဆံ့သောကြောင့် တစ်ကြိမ်လျှင် အများဆုံး လူ ၄၈၀ စီးနိုင်သည်။ ချားရဟတ် တစ်ပတ်ပြည့်ရန် လည်ပတ်ချိန်မှာ မိနစ် ၃၀ ကြာမြင့်သည်။ လည်ပတ်နှုန်း နှေးသဖြင့် ရဟတ်ကို ရပ်ရန်မလိုဘဲ စီးနင်းလိုက်ပါသူများက တွဲပေါ်သို့ အလွယ်တကူ တက်ဆင်းနိုင်စေသည်။ လူတစ်ဦးချင်းအတွက် လက်မှတ်မှာ ယွမ်ငွေ ၅၀ ( ၆ ဒေါ်လာကျော်) ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Shanghai scraps world's tallest Ferris wheel plan
  2. "Singapore Flyer opens to the public from Saturday"၊ Channel NewsAsia၊ 1 March 2008။ 6 February 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 3 March 2008။