နန်းကြီးသုပ်

နန်းကြီး၊ နန်းလတ်၊ နန်းသေး သုံးမျိုးအနက် အသုပ်တစ်မျိုး

နန်းကြီးသုပ် ခေါ် မန္တလေးမုန့်တီသုပ် သည် ဆန်ဖြင့်လုပ်ထားသောမုန့်ဖတ်ကို ကြက်သား၊ ဆီချက် (ဆီနီ/ဆီဝါ)၊ ပဲကျက်မှုန့်၊ မုန်ကြွပ်အကြော်၊ ကြက်ဥပြုတ်ခြမ်း၊ငရုတ်သီးမှုန့်၊ ငံပြာရည်၊ နံနံပင်၊ ကြက်သွန်နီကွင်း၊ သံပရာသီး စသည်တို့ဖြင့်သုပ်ထားပြီး ဟင်းချိုရည်တွဲဖက်စားသောက်ရသော မြန်မာ့အစားအစာ မန္တလေးရိုးရာအသုပ်ဖြစ်သည်။ မန္တလေး၌ နန်းကြီး၊ နန်းလတ်၊ နန်းသေး သုံးမျိုး နှစ်သက်ရာရွေးစားကြရသည်။ ရန်ကုန်နှင့် အောက်ပြည်၌ ပြုလုပ်ရောင်းချသော နန်းကြီးသုပ်မှာ နန်းကြီးမဟုတ်ဘဲ နန်းလတ်သုပ်သာဖြစ်သည်။ မန္တလေးမုန့်တီစစ်စစ်မှာ မုန့်သားအိသည်။ မာဆတ်တောင့်တင်းခြင်းမရှိပေ။ မန္တလေးမုန့်တီကိုစွဲ၍ ရခိုင်မုန့်တီ၊ ခိုတောင်မုန့်တီတို့ ပေါ်ပေါက်လာသည်။[၁] စားသုံးရာတွင် အအီပြေစေရန် ကြက်သွန်နီအကွင်းလိုက်လှီးပြီးနှင့် သံပရာသီးခြမ်းစိတ်ပန်းကန်ငယ်ချပေးထားလျက် အပေါ့အငံအတွက် ငံပြာရည်နှင့်ဟင်းရည်ဖြင့် တွဲဖက်စားကြသည်။ ဟင်းရည်ကို ကြက်ရိုးပြုတ်/ငါးဖယ်ရိုးပြုပ်ရည်ထဲ ပိတ်စွယ်ခပ်သုံးဆောင်လေ့ရှိကြသည်။ မန္တလေးနန်းကြီးသုပ်ကို မန္တလေးဈေးချိုထဲတွင်ကြက်သားဖြင့်သော်လည်းကောင်း အမဲအရွတ်ဖြင့်သော်လည်းကောင်းသုပ်၍ရောင်းချပေးလေ့ရှိသည်။

နန်းကြီးသုပ်
နန်းကြီးသုပ်
အခြားအမည်များမန္တလေးမုန့်တီ
အဓိကသုံးဆောင်မှုနံနက်စာ
မူရင်းနိုင်ငံမန္တလေးမြန်မာနိုင်ငံ
အဓိက ပါဝင်ပစ္စည်းနန်းကြီး၊ ကြက်သား၊ ပဲမှုန့်၊ ကြက်သွန်နီ၊ ငရုတ်သီး၊ ကြက်ဥပြုတ်၊ သံပရာသီး
Cookbook: နန်းကြီးသုပ်  Media: နန်းကြီးသုပ်
  1. Tan၊ D.; Leahy၊ K.; Lee၊ J. (2017)။ Burma Superstar: Addictive Recipes from the Crossroads of Southeast Asia။ Ten Speed Press။ p. 26။ ISBN 978-1-60774-950-9June 21, 2017 တွင် ပြန်စစ်ပြီး