နန်းခင်ဇေယျာ (၄ မတ် ၁၉၈၈ မွေးဖွား) သည် မယ်မြန်မာ အပြည်ပြည်ဆိုင်ရာဆု ရရှိထားသော မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားဖြစ်သောပအိုဝ်းလူမျိုးဖြစ်သည်။ သူမသည် မယ်အပြည်ပြည်ဆိုင်ရာ, အိုကီနာဝါဂျပန်ပြိုင်ပွဲတွင် Miss People's Choice ဆုနဲ့ Miss Internet ဆုကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေဖြင့် ဆွတ်ခူးရရှိခဲ့သည်။

နန်းခင်ဇေယျ
ဖိုင်:Queen NKZY.jpg
Nang in Myanmar Traditional Graduation Dress
မွေးဖွား (1988-03-04) ၄ မတ်၊ ၁၉၈၈ (အသက် ၃၆)
တောင်ကြီးရှမ်းပြည်နယ်မြန်မာနိုင်ငံ
ပညာရေးB.A Law (LL.B)
အလုပ်အကိုင်တိုးရစ်ဂိုက်၊ မော်ဒယ်လ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၁ -
အရပ်၅ ft ၆.၅ in (၁.၆၉ m)
ဘွဲ့မယ်မြန်မာ ၂၀၁၂[]
မယ်ရန်ကုန် ၂၀၁၂
အလှမယ်ဘွဲ့ ရရှိသူ
ဆံပင်အရောင်အမည်း
မျက်လုံးအရောင်အနက်
အဓိက ပြိုင်ပွဲ(များ)မယ်မြန်မာ ၂၀၁၂ (အနိုင်ရ)
Miss International 2012 (Miss Internet)[]
လက်မှတ်

နန်းခင်ဇေယျာကို ၄ရက်၊ မတ်လ၊ ၁၉၈၈ခုနှစ်၊ တောင်ကြီးမြို့တွင် မွေးဖွားခဲ့သည်။ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ တောင်ကြီးတွင် ပညာဆည်းပူးခဲ့သည်။ တောင်ကြီးတက္ကသိုလ်တွင် ဥပဒေပညာ နှင့် ကျောင်းပြီးခဲ့သည်။ သူမသည် ကျောင်းပြီးပြီးနောက် ရှေ့နေမလုပ်ဘဲ ခရီးသွားလမ်းညွှန် လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် မော်ဒယ်လ်သင်တန်း ဆက်တက်ခဲ့သည်။ သူမသည် အင်္ဂလိပ်ဘာသာစကား နှင့် ဂျာမန်ဘာသာစကားကို ပြောဆိုနိုင်သည်။

အသက်မွေးမှုလုပ်ငန်း

ပြင်ဆင်ရန်

နန်းခင်ဇေယျာသည် ၂၀၁၁ ခုနှစ်တွင် မော်ဒယ်လ်စတင်ဖြစ်ခဲ့သည်။ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ မော်ဒယ်လ် ဝဘ်ဆိုဒ်များစွာ အတွက် ဓာတ်ပုံရိုက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် မယ်မြန်မာ အပြည်ပြည်ဆိုင်ရာ ဆုကိုရရှိခဲ့သည်။ ထို့နောက် ကြော်ငြာအချို့ကိုလည်း ရိုက်ကူးခဲ့သည်။

ပြိုင်ပွဲများ

ပြင်ဆင်ရန်

မယ်မြန်မာ အပြည်ပြည်ဆိုင်ရာ ၂၀၁၂

ပြင်ဆင်ရန်
၂၅ရက်၊ မတ်လ၊ ၂၀၁၂ခုနှစ်၊ Myanmar Convention Center (MCC)၊ ရန်ကုန် တွင် ကျင်းပေသော မယ်မြန်မာ အပြည်ပြည်ဆိုင်ရာ ၂၀၁၂ ဝင်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲကို မြန်မာ့ခရီးသွားအဖွဲ့Myanmar Travel Board (MTB) လက်အောက်တွင် ရှိသော မြန်မာ့ခရီးသွားဝန်ဆောင်မှုကုမ္မဏီအဖွဲ့ Myanmar Tourism Services (MTS) Co. မှကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုပြိုင်ပွဲကို နိုင်ငံတွင် ခရီးသွားလုပ်ငန်း အထောက်ကူဖြစ်ရန် နှင့် ခရီးသွားလုပ်ငန်းအစိတ်ပိုင်းတွင် နိုင်ငံသားများ၏ စိတ်ဝင်စားမှု တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ နန်းခင်ဇေယျာသည် Miss Yangon title ဆု၊ Miss Myanmar 2012 title ဆု များကိုရရှိထားသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ခရီးသွား သံအမတ်အဖြစ်လည်းခန့်အပ်ခြင်းခံခဲ့ရသည်။

Miss International 2012

ပြင်ဆင်ရန်
အိုကီနာဝါ, ဂျပန်တွင်ကျင်းပသော Miss International 2012 တွင် ဝင်ပြိုင်ခဲ့သည်။ ဒါဟာ ၁၉၆၂ခုနှစ် ကတည်းက မြန်မာနိုင်ငံ၏ ပထမဆုံးသော အပြည်ပြည်ဆိုင်ရာအလှမယ် ပြိုင်ပွဲဝင်ခြင်း ဖြစ်သည်။ နောက်ဆုံးပြိုင်ပွဲကို ၂၁ရက်၊ အောက်တိုဘာလ၊ ၂၀၁၂ခုနှစ်တွင် ကျင်းပခဲ့သည်။  ထိုနေ့ညတွင် Missosology ၏ Miss International 2012 People's Choice ဆု ကိုဆွတ်ခူးရရှိခဲ့သည်။ သူသည် Miss Internet ဆုကို ထိုပြိုင်ပွဲတွင် ရရှိခဲ့သည်။

အကိုးအကား

ပြင်ဆင်ရန်
  1. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Miss Myanmar 2012
  2. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Participating in Miss International

အခြားလင့်များ

ပြင်ဆင်ရန်