နန်းချောင်း (အထက်)ရွာ၊ နန်းချောင်း
နန်းချောင်း (အထက်)ရွာ၊ နန်းချောင်း
နန်းချောင်းသည် ကျေးရွာအုပ်စုဖြစ်ပြီး ( နန်းချောင်း (အောက်)၊ချောင်းတစ်ဖက်ကမ်း၊အလယ်ပိုင်း၊နန်းချောင်း (အထက်)၊သုံးပင်ဆိုင်၊ရွာမ၊နန်းရာကုန်း ) အားလုံးပေါင်း၍ နန်းချောင်းကျေးရွာ ဟုခေါ်သည်။ ရှေးဘုရင် ယာယီနန်းစိုက်ခဲ့သော နန်းရာကုန်းနေရာမှ မြစ်ဖျားခံကာစီးဆင်းလာသည့်ချောင်း ဖြတ်သန်းသောရွာဖြစ်သဖြင့် နန်းချောင်းရွာဟုခေါ်တွင်သည်။ သံတွဲမြို့ နှင့်ငပလီကမ်းခြေကြား ကားလမ်းတစ်ဘက်တစ်ချက်တွင်တည်ရှိပြီး သံတွဲမှ ၂ မိုင်၊ ငပလီမှ ၂ မိုင်ဝေးသည်။ ရွာတန်းရှည်အမျိုးအစားဖြစ်ပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးကြသည်။ နန်းချောင်းရွာတွင် အခြေခံပညာ မူလတန်းကျောင်း (၃)ကျောင်းရှိပြီး၊ ဗုဒ္ဓဘာသာများသာနေထိုင်သဖြင့် ဘုန်းကြီးကျောင်း (၄) ကျောင်းအပြင်၊ သံတွဲခရိုင်ငါးဦးစီးရုံး၊ မေတ္တာဝတီဘိုးဘွားရိပ်သာ၊ သီတဂူ အခမဲ့မျက်စိဆေးရုံ၊ ကုန်းလမ်းပို့ဆောင်ရေး ( RTC ဂိတ်) နှင့် ဓာတ်အားခွဲရုံတို့တည်ရှိသည်။ သဘာဝရေတံခွန်ငယ် (၃) ခုရှိသည်။ အာဇာနည်နေ့ကဲ့သို့ မိုးကာလ အစိုးရရုံးပိတ်ရက်များတွင် ရေတံခွန်သို့လာသူများနှင့် ပိုမိုစည်ကားသည်။
နန်းချောင်း (အထက်) | |
---|---|
နန်းချောင်း (အထက်) တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 18°26′46″N 94°21′04″E / 18.44624°N 94.35115°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရခိုင်ပြည်နယ် |
ခရိုင် | သံတွဲခရိုင် |
မြို့နယ် | သံတွဲမြို့နယ် |
ကျေးရွာအုပ်စု | Nan Chaung[၁] |
ကိုးကား
ပြင်ဆင်ရန်- ↑ GAD, Feb 2011.