နန်းဇန်းဂျိ (南禅寺, Nanzen-ji) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် ဇင်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ဤကျောင်းတော်ကို ဇုအိရူးဆန်းနန်းဇန်းဂျိ (Zuiryusan Nanzen-ji) ဟုလည်း ခေါ်ကြသည်။ ယခင်က ဇန်းရင်းဂျိ ((禅林寺, Zenrin-ji) ဟု ခေါ်ကြသည်။ ဘုရင်ခမဲယာမသည် ၁၂၉၁ ခုနှစ်တွင် သူ၏ ယခင်နန်းတော်ကနေရာကို အသုံးပြုကာ ကျောင်းတော်ကို တည်ဆောက်ခဲ့သည်။ ဤကျောင်းတော်သည် ရင်းဇိုင်းဇင်ဗုဒ္ဓဘာသာ နန်းဇန်းဂျိဂိုဏ်းခွဲ၏ ရုံးချုပ်လည်း ဖြစ်သည်။ နန်းဇန်းဂျိ၏ ပရဝုဏ်သည် နိုင်ငံတော်က သမိုင်းဝင်နေရာအဖြစ်သတ်မှတ်ထားခြင်း ခံရသည်။ ဟိုးဂျောဥယျာဉ်သည် ရှုခင်းလှပသည့် နေရာတစ်ခုလည်း ဖြစ်သည်။ ကျောင်းတော်သည် ၁၈၉၅ ခုနှစ်တွင် မီးဖြင့် ဖျက်ဆီးခြင်းခံခဲ့ရပြီး ၁၉၀၉ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့သည်။

နန်းဇန်းဂျိ
Nanzen-ji
南禅寺
The sanmon
အချက်အလက်များ
တည်နေရာ86 Nanzenji Fukuchichō, Sakyō-ku, Kyoto, Kyoto Prefecture
ကိုဩဒိနိတ်35°0′43.14″N 135°47′39.8″E / 35.0119833°N 135.794389°E / 35.0119833; 135.794389ကိုဩဒိနိတ်: 35°0′43.14″N 135°47′39.8″E / 35.0119833°N 135.794389°E / 35.0119833; 135.794389
ဘာသာရေး နှီးနွယ်မှုNanzen-ji Rinzai
နတ်ဘုရားShaka Nyorai (Śākyamuni)
နိုင်ငံJapan
လက်ရှိအခြေအနေHead Temple
ဝက်ဘ်ဆိုဒ်nanzen.net/english/index.html
ဗိသုကာ
တည်ထောင်သူEmperor Kameyama and Mukan Fumon
ပြီးစီး1909 (Reconstruction)

သမိုင်းကြောင်း

ပြင်ဆင်ရန်

နန်းဇန်းဂျိကို ကမာကုရခေတ်အလယ်ပိုင်း (၁၂၉၁ ခုနှစ် သို့မဟုတ် ဂျပန်ခေတ်သတ်မှတ်သည့်စနစ်ဖြင့် "ရှောအိုး ၄ ") ကာလတွင် တည်ဆောက်ခဲ့သည်။ ၁၃၉၃၊ ၁၄၄၇ နှင့် ၁၄၆၇ ခုနှစ်များတွင် ဖျက်ဆီးခံခဲ့ရပြီး ၁၅၉၇ ခုနှစ်များတွင် ပြန်လည် တည်ဆောက်ခဲ့သည်။ အဲဒိုခေတ်တွင် ကျောင်းတော်ကို တိုးချဲ့ခဲ့သည်။

ရုပ်ပုံများ

ပြင်ဆင်ရန်
 
Hattō
Hattō 
 
Nanzen-in
Nanzen-in 
 
ဟိုးဂျောဥယျာဉ်ငယ်
ဟိုးဂျောဥယျာဉ်ငယ် 
 
ကျောင်းဝင်း၏ အခြားသောအစိတ်အပိုင်း
ကျောင်းဝင်း၏ အခြားသောအစိတ်အပိုင်း 
 
ဆောင်းရာသီမြင်ကွင်းတစ်ခု
ဆောင်းရာသီမြင်ကွင်းတစ်ခု 

ပိုမိုဖတ်ရှုရန်

ပြင်ဆင်ရန်
  • Kawaguchi၊ Yoko (2014)။ Japanese Zen Gardens။ London: Francis Lincoln။ ISBN 978-0-7112-3447-5

ပြင်ပလင့်များ

ပြင်ဆင်ရန်