နန်းမွေစံ သည် မြန်မာလူမျိုး မော်ဒယ် တစ်ယောက်ဖြစ်သည်။ သူမသည် ဆရာဝန်တစ်ဦးလည်း ဖြစ်ပြီး ခန္ဓာကိုယ်အလှ Sexy ပုံများကို Facebook ပေါ်တင်သောကြောင့် မြန်မာနိုင်ငံ ဆေးကောင်စီက ဆေးကုသခွင့် ဆမ လက်မှတ်ကို အသိမ်းခံခဲ့ရသည်။[၁] သူမသည် 2019 Myanmar International Fashion Week တွင် runway မော်ဒယ်အဖြစ် ပါဝင်ခဲ့သည်။[၂]

နန်းမွေစံ
မွေးဖွား (1988-06-23) ၂၃ ဇွန်၊ ၁၉၈၈ (အသက် ၃၅)
ကွန်ဟိန်းမြို့ရှမ်းပြည်နယ်
မိခင်ကျောင်းဆေးတက္ကသိုလ်(၁) ရန်ကုန်
အလုပ်အကိုင်မော်ဒယ်၊ ဆရာဝန်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၈–လက်ရှိ
မိဘ(များ)ဦးစိုင်းဆန်းဝင်း
ဒေါ်ကြူကြူဆွေ

ထို့အပြင် သူမသည် ဧရာဝတီသတင်းက ထုတ်ပြန်သော "အွန်လိုင်းပေါ်မှာ ရေပန်းစားနေတဲ့ မြန်မာ Sexy Modelများ" တွင်ပါဝင် ဖော်ပြခံရသည်။[၃] ၂၀၂၀ ဂျူလိုင်လတွင် သူမသည် YVCTကောလိပ်၏ Kindness Ambassador အဖြစ်ခန့်အပ်ခြင်းခံရသည်။[၄] နန်းမွေစံသည် OK Dollar, Biomanic Plusနှင့် အခြားသော ကြေညာများလဲ ရိုက်ကူးခဲ့သည်။ သူမ၏ ဆမ လက်မှတ်သိမ်းခံရခြင်းနှင့် ပတ်သတ်ပြီး လူ့အခွင့်ရေးချိုးဖောက်ခံရသည်ဟုဆိုကာ မြန်မာပြည်တွင် ဝေဖန်မှုများကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပြီး ထိုကိစ္စသည် နိုင်ကာငံတကာ၏ သတင်း မီဒီယာများစွာတွင်လည်း ဖော်ပြခံခဲ့ရသည်။[၅][၆]

နိုင်ငံရေးလှုပ်ရှားမှု ပြင်ဆင်ရန်

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတွင် အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် သူမသည် ပါဝင်ခဲ့သည်။ တရားမျှတမှုကို ကျွန်ုပ်တို့ လိုအပ်သည် ဟူသော လက်သုံးချောင်းထောင်၍ ဆန္ဒဖော်ထုတ်ခြင်းများတွင်လည်း ပါဝင်ခဲ့သည်။[၇][၈][၉]

၂၀၂၂ ခုနှစ် မေလတွင် နန်းမွေစံသည် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံရသည်။ သူမ၏ ဖခင်အား ဘန်ကောက်တွင် ဆေးကုသမှုပြုလုပ်ရန်အတွက် သူမ၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် ရန်ကုန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက သူမ၏ နိုင်ငံကူးလက်မှတ်အား ပြန်လည်ပေးအပ်ရန် ငြင်းဆိုခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် သူမ၏ ဖခင်ဖြစ်သူ ဒေါက်တာစိုင်းဆန်းဝင်းသည် ဆေးကုသမှုမရှိခဲ့ခြင်းကြောင့် ကွယ်လွန်ခဲ့သည်။[၁၀] သူမ၏ အခွင့်အရေးဖြစ်သော နိုင်ငံမှ ထွက်ခွာခွင့် မရရှိခဲ့ခြင်းအား "တရားမျှတမှုမရှိ" ဟု သူမက စောဒကတက်ခဲ့သည်။[၁၁] မီဒီယာ အင်တာဗျူးတစ်ခုတွင် သူမသည် လိင်အသားပေးမော်ဒယ်အဖြစ်မှ ရပ်နားကာ ဆရာဝန်အဖြစ် ပြန်လည်လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၁၂]

၂၀၂၂ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် နန်းမွေစံနှင့်အတူ အခြားမော်ဒယ်တစ်ဦးဖြစ်သော သင်ဇာဝင့်ကျော်တို့အား မြန်မာ့ယဉ်ကျေးမှု ထိခိုက်စေသော လိင်အသားပေး ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များအား အင်တာနက်တွင် အခကြေးငွေရယူကာ လွှင့်တင်ခဲ့သည့်အတွက် စစ်ကောင်စီက တရားစွဲဆိုခဲ့သည်။[၁၃] နိုင်ငံပိုင်မီဒီယာဖြစ်သော MRTVက ထုတ်ပြန်ခဲ့ရာတွင် သူမတို့နှစ်ဦးအား ထောင်ဒဏ် ၁၅ နှစ်အထိ အများဆုံး ချမှတ်နိုင်သော အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က) အရ ဖမ်းဆီးကာ အမှုဖွင့် အရေးယူထားကြောင်း ထုတ်ပြန်ခဲ့သည်။[၁၃][၁၄][၁၅]


ကိုးကား ပြင်ဆင်ရန်

  1. "Sexy အသားပေးသော ရုပ်ပုံလွှာများ၏ ဂယက်" (in my)၊ Eleven Media Group Co., Ltd၊ 31 December 2019။ 
  2. Myanmar Int'l Fashion Week 2019 (in en)။
  3. "အွန်လိုင်းပေါ်မှာ ရေပန်းစားနေတဲ့ မြန်မာ Sexy Model များ"၊ ဧရာဝတီ၊ 30 June 2020။ 
  4. "ရန်ကုန်အသက်မွေးနည်းပညာကောလိပ်ကနေ Kindness Ambassadorအနေနဲ့ခန့်အပ်ခြင်းခံရတဲ့ နန်းမွေ့စံ"၊ Myanmarload၊ 11 July 2020။ 23 July 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 23 July 2020။ 
  5. "ပရော်ဖက်ရှင်နှစ်ခု အပြိုင်ဖြစ်မှုနဲ့ နန်းမွေစံရဲ့ “ဆမ” ပြဿနာ" (in my)၊ Eleven Media Group Co., Ltd၊ 16 June 2019။ 
  6. "A Myanmar Doctor Trades Her Scrubs for a Bikini, and Loses Her License"၊ The New York Times၊ 18 June 2019။ 
  7. "တရားမျှတမှု We Want Justice ကန်ပိန်းတွင် အနုပညာရှင်များပါဝင် ဆန္ဒထုတ်ဖော် (ဓာတ်ပုံ)" (in my)၊ DVB၊ 4 February 2021။ 
  8. "ရုပ်ရှင်၊ ဂီတ၊ စာပေ၊ သဘင်အနုပညာရှင်များက We Want Justice လက်သုံးချောင်းထောင်ပြီး လှုပ်ရှားမှုတွင်ပါဝင်" (in my)၊ Eleven Media Group၊ 6 February 2021။ 
  9. "အမေရိကန် သံရုံးရှေ့မှာ ပြည်သူတွေ နဲ့ အတူ ထိထိ ရောက်ရောက် ဆန္ဒထုတ် ဖော်ထုတ်ခဲ့တဲ့ မော်ဒယ် နန်းမွေစံ" (in my)၊ Panpyoelat၊ 16 February 2021။ 27 September 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 16 October 2021။ 
  10. "Passportမရှိလို့အဖေကိုဆေးကုသခွင့်မရခဲ့ဘူး" (in my)၊ Media Queen၊ Jun 8, 2022။ 
  11. "Burmese OnlyFans star barred from traveling to Bangkok: source"၊ Coconuts၊ May 19, 2022။ 
  12. "တည်တည်တံ့တံ့နေပြီး ဆရာဝန် ပြန်လုပ်မယ့် နန်းမွေစံ" (in my)၊ Myanmar Celebrity၊ 9 June 2022။ 
  13. ၁၃.၀ ၁၃.၁ "သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်နှင့် မော်ဒယ် နန်းမွေစံတို့ကို စစ်ကောင်စီ အမှုဖွင့်" (in en)၊ DVB၊ 5 August 2022။ 
  14. "Top Myanmar models face jail for alleged explicit videos | The Straits Times" (in en)၊ Straits Times၊ 6 August 2022။ 
  15. "Two Myanmar models face up to 15 years in jail for posting 'obscene' videos" (in en)၊ WION၊ 6 August 2022။ 

အရင်းမြစ် ပြင်ဆင်ရန်