နန်းလိုင်းခမ်း(၁ ဇွန် ၁၉၈၈ဖွား) [၁] [၂] သည် လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးအောင်ကိုဝင်း၏ သမီးကြီးဖြစ်ပြီး ဖခင်ဖြစ်သူ၏ လက်ရုံးတစ်ဆူဟုလည်း သတ်မှတ်ခံထားရသည်။[၃] သူမကို ပုဂ္ဂလိကစီးပွားရေးကဏ္ဍ၏ ထွန်းသစ်စခေါင်းဆောင်များအနက် တစ်ဦးအဖြစ် အသိအမှတ်ပြုထားကြသည်။သူမသည် ပရဟိတစိတ်ရှိပြီး လုပ်ငန်းခွင်အတွင်း ကျားမတန်းတူမှုအား မြှင့်တင်သူဖြစ်သည်။

နန်းလိုင်းခမ်း
မွေးဖွား (1988-06-01) ၁ ဇွန်၊ ၁၉၈၈ (အသက် ၃၅)
တောင်ကြီးမြို့
မိခင်ကျောင်းUniversity of Sydney
Singapore National University
အလုပ်အကိုင်စီးပွားရေးလုပ်ငန်းရှင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၇−ယနေ့ထိ
မိဘ(များ)အောင်ကိုဝင်း
နန်းသန်းထွေး
ဆွေမျိုးသားချင်းနန်းခမ်းနောင့်(ညီမ)၊နန်းမိုဟွမ်(ညီမ)

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

သူမကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဖခင်ဦးအောင်ကိုဝင်း၊မိခင် နန်းသန်းထွေးတို့က ၁၉၈၈ခုနှစ် ဇွန်လ ၁ရက်နေ့တွင် မွေးဖွားသည်။မွေးချင်း (၃) ဦးအနက် အကြီးဆုံးသမီးဖြစ်သည်။ ငယ်စဉ်အခါက တောင်ကြီးမြို့တွင်ပင် ပညာသင်ကြားသည်။ယင်းနောက် သူမ အသက် ၁၄ နှစ် အရွယ် ၂၀၀၂ ခုနှစ်တွင် စင်ကာပူသို့ ရွှေ့ပြောင်းပြီး ပညာဆက်လက်သင်ယူသည်။ University of Sydney မှ စီမံခန့်ခွဲမှု မဟာဘွဲ့နှင့် စင်္ကာပူ National University မှ Business Administration ဘွဲ့ကို ရရှိသည်။[၄]

စီးပွားရေးနယ်ပယ်ထဲဝင်ရောက်ပုံ ပြင်ဆင်ရန်

စင်ကာပူ တွင်ပညာသင်ကြားပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာပြီး ကမ္ဘောဇဘဏ်တွင် အလုပ်ဝင်သည်။ ၂၀၁၇ ခုနှစ် သူမအသက် ၂၉ နှစ်တွင် ကမ္ဘောဇဘဏ် အမှုဆောင်ဒါရိုက်တာအဖြစ်မှ Deputy CEO 2 အဖြစ် ခန့်အပ်ခံရသည်။[၅]ယင်းအပြင် ၂၀၂၀ မတိုင်ခင်ကာလပိုင်းအထိ Myanmar Airways International(MAI)၊ AIR KBZ CO., LTDနှင့် Kempinski Hotel–Nay Pyi Taw တို့တွင်လည်း ဥက္ကဋ္ဌ တာဝန်များ ယူခဲ့သည်။

ပရဟိတနှင့်ကျားမတန်းတူဆောင်ရွက်မှု ပြင်ဆင်ရန်

သူမသည် ပကာသနများအား မက်မောမှုမရှိသူဟု ဖော်ညွှန်းခံရသည်။[၆]မသန်စွမ်းအရေး ထောက်ပံ့ကူညီမှုများကိုလည်း အင်တိုက်အားတိုက် ဆောင်ရွက်သည်။ ရိုးရှင်းသည့် အဝတ်အစားများကိုသာ အများအားဖြင့် ဝတ်ဆင်လေ့ရှိတတ်သည်။[၇] ပရဟိတစိတ်ရှိသူ သူမသည် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM)၏ ဥက္ကဋ္ဌဖြစ်ပြီး ပူးတွဲတည်ထောင်သူလည်းဖြစ်၏။ ၂၀၀၈ဆိုင်ကလုန်းမုန်တိုင်း နာဂစ် မြန်မာနိုင်ငံသို့ ရိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ကြစဉ် သူမသည် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) နှင့်အတူ ရှိကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သည်။ ယင်းအပြင် သူမဦးဆောင်သော ဖောင်ဒေးရှင်းသည် လူမျိုးမရွေး၊ဘာသာမရွေးအတွက် ကျန်းမာရေး၊ ပညာရေး၊လူမှုရေး၊ရေရှိရေးအပါအဝင် ပရဟိတလုပ်ငန်းများဆောင်ရွက်သည်။ သူမသည် ကမ္ဘောဇဘဏ် စတင်တည်ထောင်ချိန်မှစ၍ နှစ်ပေါင်း ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်ကစပြီး ဘဏ်ဝန်ထမ်း အလုပ်ခေါ် ကြော်ငြာစာများတွင် လိင်၊ အသက်၊ အိမ်ထောင်ရေး အခြေအနေများနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များကို ဖြုတ်ချခြင်းဖြင့် လုပ်ငန်းခွင်အတွင် ကျားမတန်းတူ ညီမျှမှုအား ဆောင်ရွက်သည်။[၈]

လူသိများလာပုံ ပြင်ဆင်ရန်

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ၂၀၁၇ခုနှစ် အတွင်းက ပြုလုပ်သော လှူဒါန်းငွေပေးအပ်ပွဲအခမ်းအနားတစ်ခုအတွင်း သူမကို ဂုဏ်ပကာသန ကင်းစင်သော ဝတ်စား ဆင်ယင်မှုကြောင့် လူအများက ချီးကျူးကြရင်း စိတ်ဝင်စားလာကြသည်။[၉]ထိုစဉ်က သူမ ဦးဆောင်သည့် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း (BFM) သည် ပဋိပက္ခဒဏ် ခံစားရသော ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ငွေကျပ်သိန်းပေါင်း ၆၅, ၁၆၀ ကို ဒေါ်အောင်ဆန်းစုကြည် ထံမှတဆင့် ပေးအပ်သည်။

ရရှိခဲ့သော ဆုတံဆိပ်များ ပြင်ဆင်ရန်

နိုင်ငံတော်က ၂၀၁၅ ခုနှစ်တွင် “နိုင်ငံ့စွမ်းဆောင်ရည်ဆု” နှင့် “အမျိုးသမီး ထူးချွန်စီးပွားရေး လုပ်ငန်းရှင်” ဆု၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ “ထူးချွန် အမျိုးသမီးဂုဏ်ပြုဆု” နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ “မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှု စွမ်းဆောင်ရည်ဆု”၊ ၂၀၁၇ ခုနှစ်တွင် လူမှုထူးချွန်ဆု-ပထမဆင့် စသည်ဖြင့် အသီးသီး ချီးမြှင့်သည်။ [၁၀]အမေရိကန်အခြေစိုက် စီးပွားရေး မဂ္ဂဇင်း Forbes က အနာဂတ်တွင် စောင့်ကြည့်ရမည့် အာရှတိုက်အတွက် လူငယ်အမျိုးသမီး စီးပွားရေး ထူးချွန် လုပ်ငန်းရှင်တဦးအဖြစ် ၂၀၁၆ ခုနှစ်က ထည့်သွင်းဖော်ပြသည်။[၁၁] စင်္ကာပူနိုင်ငံအခြေစိုက် The Asia Banker ကလည်း ၂၀၁၇ခုနှစ်တွင် သူမကို “အနာဂတ်လူငယ် ဘဏ်လုပ်ငန်းရှင်ဆု” (The Promising Young Banker in Myanmar) ပေးအပ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Nang takes Myanmar’s KBZ Group to new heightsWORLD FINANCE (3 September 2014)။ 10 April 2023 တွင် ပြန်စစ်ပြီး။
  2. Myanmar, Republic of the Union of: Company Profile of KBZ BANKWorld Investment News။ 10 April 2023 တွင် ပြန်စစ်ပြီး။
  3. KBZ’s Nang Lang Kham: ‘Women Are Taking a Lead Role’The Irrawaddy (22 July 2015)။ 10 April 2023 တွင် ပြန်စစ်ပြီး။
  4. Nang Lang Kham KBZ Bank Executive Director and Deputy CEO of KBZ BankWomen's Forum for the Economy&Society။ 10 April 2023 တွင် ပြန်စစ်ပြီး။
  5. မြန်မာနိုင်ငံ၏ ဦးဆောင်ပုဂ္ဂလိကဘဏ်ကြီးဖြစ်သည့် ကမ္ဘောဇဘဏ်လီမိတက်မှ Mr. Mike DeNoma ကို Special Advisor to the Chairman ခန့်အပ်KBZ Bank (10 May 2017)။ 10 April 2023 တွင် ပြန်စစ်ပြီး။
  6. ဒေါ်နန်းလိုင်ခမ်း အကြောင်း စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် ၅ ချက်ဧရာဝတီသတင်းဌာနe (၂၃ ဇူလိုင် ၂၀၁၉)။ ၁၀ ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. A woman in front: the pioneering vision of Nang Lang KhamMYANMORE (18 January 2020)။ 10 April 2023 တွင် ပြန်စစ်ပြီး။
  8. Doing business with loving-kindnessThe Business Times (14 January 2020)။ 10 April 2023 တွင် ပြန်စစ်ပြီး။
  9. ရခိုင်ပြည်နယ်အတွက် လုပ်ငန်းရှင်တွေ ကျပ်သန်းပေါင်း ၁၇၀၀၀ နီးပါးလှူဒါန်းRFA Burmese (၂၀ အောက်တိုဘာ ၂၀၁၇)။ ၁၀ ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. ၂၀၁၇ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များဧရာဝတီသတင်းဌာန (၂၇ ဒီဇင်ဘာ ၂၀၁၇)။ ၁၀ ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. A Family Of Entrepreneurs Has Built KBZ Into a Finance Powerhouse In MyanmarForbes (4 October 2017)။ 10 April 2023 တွင် ပြန်စစ်ပြီး။