နဘားမြို့သည် အင်းတော်မြို့နယ် ကသာခရိုင် စစ်ကိုင်းတိုင်းဒေသကြီးမှ မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ဖြစ်သည်။ ဧရာဝတီမြစ်အနောက်ဘက်ကမ်း မန္တလေး-မြစ်ကြီးနားမီးရထားလမ်းနှင့်မော်တော်ကားလမ်းပေါ်ရှိ အချက်အချာကျသော မြို့လေးတစ်မြို့ဖြစ်ပြီး နဘား-ကသာ မီးရထားလမ်းခွဲတည်ရှိရာ မြို့ဖြစ်သည်။ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ခန့်ရှိသည်။ ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ မွတ်စလင်လူမျိုး၊ တရုတ်လူမျိုး၊ ဗမာလူမျိုး၊ ကရင်လူမျိုးများနေထိုင်ကြသည်။ အထက ခွဲ ရှိပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။


ကိုးကား ပြင်ဆင်ရန်