နလင်ကျော်
en:Cinnamomum camphora
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Magnoliids
မျိုးစဉ်: Laurales
မျိုးရင်း: Lauraceae
မျိုးစု: Cinnamomum
Schaeff.
Species

See text.

Synonyms
  • Sassafridium Meisn.
  • Temmodaphne Kosterm.

နလင်ကျော်၏ အခြားအမည်များမှာ လုလင်ကျော်၊ ကညင်သိမ် ဟုလည်း ခေါ်ကြသည်။ အင်္ဂလိပ်အမည်မှာ Litsea ဖြစ်ပြီး သိပ္ပံအမည်ရင်းမှာ Neolitsea Lanuginose Gamble (Lauraceae) ဖြစ်သည်။ မျိုးကွဲများမှာ နလင်ကျော်နရှာကြီး Chinese cassia / Chinese cinnamon Cinnamomum cassia J.Presl (Lauraceae) ဖြစ်သည်။ [၁]

နလင်ကျော်ပင်သည် နှစ်ရှည်ခံ အမြဲစိမ်းပင်ဖြစ်ပြီး သစ်မာပင် ကြီးမျိုး ဖြစ်သည်။ သစ်ကြံပိုးပင်ကရဝေးပင်တို့နှင့် အပင်အပွေး အခေါက်အရွက် အကုန်တူသည်။ အနည်းငယ်သေးသည်။ အခေါက် ထူသည်။ အခေါက်တွင် အညိုရောင် အဖုများ ရှိ၏။ ကိုင်းဖြာ၏။ အရွက်သည် ရွက်ဆိုင်ထွက်သည်။ ပုံသဏ္ဌာန်မှာ ကရဝေးရွက်နှင့် ဆင်တူသော်လည်း အရွက်ပိုရှည်၍ ရွက်ပြား ပိုကြီးသည်။ ရွက်ထိပ်ချွန်၍ ရွက်ရင်းသွယ်သည်။ ရွက်ကြောပြိုင်သည်။ အရွက် မျက်နှာပြင် သားရေကဲ့သို့ ပြောင်ချော၍ မာသည်။ အရွက်နုစဉ်တွင် နူးညံ့ပြီး သပြေရောင် ရှိသည်။ အောက်သို့ တွဲလောင်းကျနေသည်။

အပွင့်သည်သေးငယ်သည်။ အခိုင်လိုက် ပွင့်သည်။ နတ်တော်၊ ပြာသိုလတွင် ပွင့်သည်။ အသီးသည် အရည်ရွှမ်းသည်။ လုံးဝိုင်းသည်။ တပေါင်း၊ တန်ခူးတွင် သီးရင့်သည်။ အမြစ် ကြီးမားသည်။ ဘေးမြစ်များကို မြေပေါ်တွင် တွေ့နိုင်သည်။ အသုံးပြုနိုင်သည့်အစိတ်အပိုင်းများမှာ အသားခေါက်နှင့် အမြစ်ခေါက် ဖြစ်သည်။ မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများမှာ အပူပိုင်းဒေသမှအပ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် သဘာဝအလျောက် ပေါက်ရောက်သည်။ မြန်မာဆေး ကျမ်းများ အလိုအရ နလင်ကျော် သည်အေးသည်။ အခိုးကို ပွင့်စေ၍ အဆိပ်ကို နိုင်သည်။

အသုံးပြုပုံ ပြင်ဆင်ရန်

အသားခေါက်

  1. ကင်း၊ ပင့်ကူကိုက်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ အသားကွက်၍ ယားယံခြင်း၊ ရောင်ခြင်းများအတွက် နလင်ကျော်ကို ဆားနှင့်သွေး၍ လိမ်းလျှင် အခိုးရ၍ ပျောက်ကင်းသည်။
  2. ဖျားနာလျှင် သော်လည်းကောင်း ၊ အညှော်မိလျှင်လည်းကောင်း ၊ အနာဝင်လျှင်လည်းကောင်း ၊ ငန်းမန်းအားကြီးလျှင် လည်းကောင်း နလင်ကျော်ကို သွေး၍ သောက်ခြင်း၊ လိမ်းခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။ ဝမ်းချုပ်က ဆားထည့်၍ သောက်နိုင်သည်။
  3. ဝမ်းဖော၊ ဝမ်းရောင်နှင့် ရေငတ်ဝမ်းကျဖြစ်လျှင် ထမင်းဆုပ် မီးဖုတ်စိမ်ရည်နှင့် နလင်ကျော် သွေးသောက်က ပျောက်၏။
  4. ဆုံဆို့နာ၊ သွေးလွန်တုပ် ကွေးအဖျားရောဂါ၊ ပင်လယ်အူနာရောဂါ၊ အမျိုးသမီးများတ ကျည်းကိုက်ရောဂါများအတွက် ရေနှင့်သွေး သောက်ကပျောက်၏။
  5. အသက်၅၀ ကျော်အရွယ် ကိုယ်လက်လေးခြင်း ၊ နာကျင်ခြင်းဖြစ်၍ သွားလာရာတွင် ဒူးဆစ်များ ကျဉ်ခြင်း၊ ထိုင်ပါများလျှင် ကျဉ်ခြင်း၊ အမြင့်တက်ရာတွင် မောခြင်း ဖြစ်လျှင် နလင်ကျော်ကို ပရုတ်ဆီ နှင့်သွေး၍လိမ်းခြင်း၊ သောက်ခြင်းဖြင့် ပျောက်၏။
  6. အမျိုးသမီးတို့ ယောနိတွင် တုတ်ကောင်တွယ်၍ အနာဖြစ်ပြီး ပျောက်ခဲ့လျှင် အခေါက်ကို ပြုတ်၍ ဆေးပေးပါက လျင်မြန်စွာ ပျောက်၏။
  7. မျက်စိနာ မျက်စိမှုန် ရောဂါအတွက် နလင်ကျော် သွေးပြီး မျက်လုံးကို ဝိုင်း၍ လိမ်းပေးရ၏။
  8. နို့နာဖြစ်က နလင်ကျော်မှုန့်ကို ရော၍လိမ်းရ၏။ အသည်းအဆုတ်အူတွင် ဖြစ်သော အနာများအတွက်လည်း သောက်သုံးက ပျောက်၏။
  9. နှာပိတ်၊ နှာပုပ်၊ ထိပ်ကပ်နာဖြစ်က နလင်ကျော်မှုန့် ရှူလျှင်ပျောက်၏။ ကလေးချက် ကြိုးနာပေါ်တွင်လည်း အမှုန့်ဖြူး ပေးနိုင်၏။
  10. အမှုန့်ကို ဆန်ဆေးရည်ဖြင့် သောက်သော် ညောင်းကျရောဂါ၊ ဝမ်းတွင်းပုပ်၊ ဆီးပုပ်၊ နှလုံးမငြိမ်၊ နှုတ်ခမ်း အာခေါင်ခြောက် ရောဂါများ ပျောက်၏။
  • မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ်အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ်၏။ (အချိုဟူသမျှ ရှောင်ကပိုကောင်း၏။) [၂]

ကိုးကား ပြင်ဆင်ရန်

  1. ဝင်းတင်ဝင်း၏ တက္ကသိုလ် သုတအဘိဓာန် မြန်မာအပင်များ၊ စာ-၂၆၀၊ ၂၀၁၉-ခုနှစ်၊ ပကြိမ်
  2. http://arogyamonline.com/commodity/materials/?raw=106[လင့်ခ်သေ]