နဝင်း ပြင်ဆင်ရန်

နဝင်းဆိုသည်မှာ သင်္ချာဗေဒတွင် ၁မှ ၉ အထိရှိသော ဂဏန်းများသည် အလွန်အရေးပါ အရာရောက်လျက် ရှိသည်။ အဆိုပါ ဂဏန်းကိုးလုံးသည် လ​ောကီရေးရာနှင့် တကွ နေရာတိုင်းတွင် အလွန်အရေးပါသော သင်္ကေတများ ဖြစ်သည်။ ၁-ဂဏန်းမှ စ၍ ၉-အထိ အားလုံးစဉ်၍ ပေါင်းလိုက်လျှင် ၄၅-ရသည်။ ထို ၄နှင့် ၅ကို ပေါင်းလိုက်လျှင် ၉-ပင်ဖြစ်သည်။ ၉-ဂဏန်းကို မည်သည့်ဂဏန်းနှင်ပင် မြှောက်လျှင် ၉-ဂဏန်းပင် ရရှိသည်။

ဗေဒင်ကျမ်းကြီး သုံးစောင်ဖြစ်သော ကာမယဇုဣသျှကျမ်းကြီးများတွင် ခုနှစ်၊ ရက်စွဲမှစ၍ နက္ခတ် ၂၇-လုံး၊ ဂြိုဟ်ကြီး ကိုးလုံးတို့ဖြစ်ေပါ်ခြင်းကို ဂဏန်းဖြင့် အမှတ်အသား သင်္ကေတပြုကြသည်။ ပုံစံအားဖြင့် ၁,၀၀၀,၀၀၀ (တစ်သန်း)ကို ၇ နှင့်စားလျှင် ၁၄၂၈၅၇ ရသည်။ ထိုဂဏန်းကို အဓိကဂဏန်းဟု ခေါ်သည်။ အစဉ်အတိုင်း ပေါင်းလိုက်လျှင် ၂၇-လုံးရသည်။ ၎င်းကို နက္ခတ်(၂၇)လုံးဟုခေါ်သည်။ ထို နက္ခတ် ၂၇လုံးအား ၂ + ၇ ပေါင်းလျှင် ၉-ဂဏန်းရမည် ဖြစ်သည်။ ထို့ကြောင့် ၉ ဂဏန်းသည် သတ်၍ မသေသော ဂဏန်းဟု ဆိုသည်။ အဆိုပါ ၉-ဂဏန်းသည် ကမ္ဘာတည်အောင် အဓွန့်ရှည်တည်တံ့နေမည့် ဂဏန်းဟု အယူရှိကြသည်။ မြန်မာပညာရှိများက ထို ၉-ဂဏန်းကို နဝင်းဟု သတ်မှတ်အသုံးပြုခဲ့ကြသည်။ နဝင်းသည် လောကီပညာ အရပ်ရပ်၌ လိုအပ်သလို အသုံးပြုနိုင်သည်ဟု ဆိုကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ရွှေရိုး(မန္တလေး) ၊ မန္တလေးမြို့ပ​ေါ်ရှိ တန်ခိုးကြီးရ​ှေးဟ​ောင်းဘုရားများသမိုင်း၊ စာ-၅၈