နသန်နီယယ် ဟက်ဖို့

ဗြိတိသျှဆရာဝန်

ဒေါက်တာ နသန်နီယယ် ဟက်ဖို့ (အင်္ဂလိပ်: Dr. Nathaniel Heckford; ၁၈၄၂-၁၈၇၁) သည် ဗစ်တိုးရီးယန်းလန်ဒန် ရှိ သူငယ်နာကုဆရာဝန် တစ်ဦး ဖြစ်ပြီး၊ လန်ဒန်အရှေ့ပိုင်းကလေးဆေးရုံကို တည်ထောင်သူ ဖြစ်သည်။ ဝက်ပင်းတွင် ၁၈၆၆ ခုနှစ်က ကာလဝမ်းရောဂါကပ် ဖြစ်ပွားစဉ် ဇနီးလောင်း ဆာရာ ဂေါ့ဖ်နှင့် တွေ့ဆုံပြီးနောက်၊ လန်ဒန်အရှေ့ပိုင်း၌ ကလေးများအတွက် ဆေးရုံတရုံ လိုအပ်သည်ကို သိရှိသွားခဲ့သော နေရာဖြစ်သည်။ ဟက်ဖို့ကိုယ်တိုင်ကမူ အသက် ၂၉ တွင် တီဘီ စွဲကပ်ပြီး ကွယ်လွန်သည်။

ရှက်ဝဲလ်ရှိ ကလေးဆေးရုံ အပြင်ဘက်

ဆေးရုံကို ရတ်ကလစ်ရှိ ဂိုဒေါင်တလုံးတွင် ၁၈၆၈ ၌ စတင်ပြီး၊ ဟက်ဖို့ သေဆုံးပြီးနောက်မူ ရှက်ဝဲလ်ခရိုင်၊ ဂလာမစ်လမ်းသို့ ပြောင်းရွှေ့သည်။ ဤသည်မှာ နှစ်နှစ်အောက် ကလေးများအတွက် ပထမဆုံးသော လန်ဒန်ဆေးရုံ ဖြစ်သည်။ The Uncommercial Traveller စာပေတိုက်မှ ထုတ်သော ချားလ် ဒစ်ကင်း ရေးသားသည့် အရှေ့ပိုင်းဆီမှ ကြယ်လေးတပွင့် နှင့် စေတနာနှလုံးခုန်သံတခုအပေါ်ဝယ် တို့တွင် ၎င်းအကြောင်း အသေးစိတ် ဖော်ပြထားသည်။ ၁၉၃၂ တွင် ဆေးရုံအမည်ကို ယောက်မင်းသမီးအဲလိဇဘက် ကလေးဆေးရုံဟု ပြောင်းပြီးနောက်၊ ၁၉၄၂ တွင် ဘုရင်မအဲလိဇဘက် ကလေးဆေးရုံ၏ လက်အောက်ခံ ဖြစ်လာသည်။ ၁၉၆၃ တွင် ပိတ်သိမ်းလိုက်သည်။ 

လန်ဒန်အရှေ့ပိုင်း၊ ရတ်ကလစ်ဟိုင်းဝေးလမ်းမကြီး၏ အရှေ့ဆုံး ဟက်ဖို့လမ်းသည် ဒေါက်တာဟက်ဖို့ကို ဂုဏ်ပြု မှည့်ခေါ်ထားသည်။ ၂၁ ရာစု အစောပိုင်းတွင် ဖန်တီးခဲ့သော ၎င်းလမ်းသည် စီးပွားကူးသန်း ရောင်းဝယ်ရာ နေရာကလေး ဖြစ်ကာ၊ အများစုမှာ လျှပ်စစ်နှင့် အဆောက်အဦပိုင်း ဆိုင်ရာ ရောင်းဝယ်ကြသည်။

ကိုးကား ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်