အရှင်နဠမာလိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ မြတ်စွာဘုရားသည် မြက်အခင်းတွင် ထိုင်နေတော်မူ၏။ ထိုအခါ အရှင်နဠမာလိယထေရ် သည် မြတ်စွာဘုရားအား ကျူပန်းကို ယပ်ဝန်းဖွဲ့ကာ လှူဒါန်းခဲ့၏။ [၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ မြတ်စွာဘုရားကို ယပ်ဝန်းလှူဒါန်းခဲ့ရသည့် အကျိုးကျေးဇူးကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ နှစ်သောင်းကိုးထောင်ကိုးရာကိုးဆယ့်ကိုးကမ္ဘာထက်တွင် “မာလုတ” အမည်ဖြင့် မင်းရှစ်ကြိမ် ဖြစ်ခဲ့၏။ ထို့အပြင် “မာလုတ” ၊ “သုဗ္ဗတ” စသော အမည်များဖြင့် ထင်ရှားသော စကြာမင်းများလည်း ဖြစ်ခဲ့သေးသည်။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်နဠမာလိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဘိက္ခဒါယိဝဂ်