နာဂက်စ် မိုဟာမက်ဒီ(အင်္ဂလိပ်: Narges Mohammadi; ပါရှန်း: نرگس محمدی‎; ၁၉၇၂ခုနှစ် ဧပြီလ ၂၁ရက် ~ )သည် အီရန်နိုင်ငံသူ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ ၂၀၂၃ခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆုရှင်နှင့် သိပ္ပံပညာရှင် ဖြစ်သည်။

Narges Mohammadi
ဇာတိ အမည်نرگس محمدی
မွေးဖွား (၁၉၇၂-0၄-၂၁) ၂၁ ဧပြီ၊ ၁၉၇၂ (အသက် ၅၂)
ဇန်ဂျန်၊ အီရန်နိုင်ငံ
နိုင်ငံလူမျိုးအီရန်နိုင်ငံသား
အခြား အမည်များNarges Safie Mohammadi
အလုပ်အကိုင်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ
အဖွဲ့အစည်းDefenders of Human Rights Center
National Council for Peace
နိုင်ငံရေး လှုပ်ရှားမှုNeo-Shariatism
သားသမီး
ရရှိသည့်ဆုများAlexander Langer Award (၂၀၀၉)
Andrei Sakharov Prize (APS) (၂၀၁၈)
ငြိမ်းချမ်းရေးနိုဘယ်ဆု (၂၀၂၃)

တက်ကြွလှုပ်ရှားမှု ပြင်ဆင်ရန်

သူသည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Shirin Ebadi ဦးဆောင်သော လူ့အခွင့်အရေးကာကွယ်သူများစင်တာ (DHRC) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သည်။ [၁]

၂၀၁၆ ခုနှစ်၊ မေလတွင် တီဟီရန်မြို့တွင် သေဒဏ်အမိန့်ဖျက်သိမ်းရေး လှုံ့ဆော်သည့် လူ့အခွင့်အရေး လှုပ်ရှားမှုကို ထူထောင်ပြီး လုပ်ဆောင်ခြင်းအတွက် သူမအား ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့သည်။ [၂] သူသည် ၂၀၂၀ ခုနှစ်တွင် လွတ်မြောက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် ထောင်သို့ ပြန်ပို့ခဲ့ပြီး အဖမ်းခံထားရသော အမျိုးသမီးများအား ညှင်းပန်းနှိပ်စက်မှု အစီရင်ခံစာများ ထုတ်ပြန်ခဲ့သည်။

ဂုဏ်ပြုခံခြင်း ပြင်ဆင်ရန်

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အကျဉ်းကျနေစဉ်တွင် သူသည် "အီရန်ရှိ အမျိုးသမီးများ၏ ဖိနှိပ်မှုကို တွန်းလှန်ရန်နှင့် လူသားအားလုံးအတွက် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုကို မြှင့်တင်ရန် သူ၏ တိုက်ပွဲအတွက်" ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ချီးမြှင့်ခံခဲ့ရသည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. BBC Burmese (6 Oct 2023)။ နိုဘဲလ်ငြိမ်းချမ်းရေးဆု - အီရန် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ချီးမြှင့်ခံရ။ 7 October 2023 တွင် ပြန်စစ်ပြီး။
  2. Saeed Kamali Dehghan (24 May 2016)။ UN condemns 16-year jail sentence for Iranian activist Narges MohammadiThe Guardian။ 7 Oct 2023 တွင် ပြန်စစ်ပြီး။
  3. ၂၀၂၃ နိုဘယ်ငြိမ်းချမ်းရေးဆု အီရန်အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူရရှိVOA Burmese (၆ အောက်တိုဘာ ၂၀၂၃)။ ၇ အောက်တိုဘာလ ၂၀၂၃ တွင် ပြန်စစ်ပြီး။