(၂) သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ဣစ္ဆာနင်္ဂလပုဏ္ဏားရွာအနီး ဣစ္ဆာနင်္ဂလတောအုပ်၌ သီတင်းသုံးတော်မူစဉ်

(က) နေက္ခမ္မသုခ, ပဝိဝေကသုခ, သမ္မာသုခ,

(ခ) မီဠှသုခ, မိဒ္ဓသုခ, လာဘသက္ကာရသိလောကသုခ, အချင်းချင်းဆန့်ကျင်ပုံ

(က) သုခသုံးပါးကို ရရှိနေသောပုဂ္ဂိုလ်

(ခ) သုခသုံးမျိုးကို မသာယာတော့ပုံ၊

(က) ကျင်ကြီး ကျင်ငယ်သည် စား သောက် ခဲလျက်အပ်သော ခဲဖွယ်, ဘောဇဉ်၏ အကျိုးဆက်၊

(ခ) သောက ပရိဒေဝ ဒုက္ခ ဒေါမနဿတို့သည် ဝိပရိဏာမ, အညထာဘာဝကြောင့်ဖြစ်သော ချစ်ခင်စုံမက် နှစ်သက်အပ်သော သတ္တဝါသင်္ခါရတို့၏ အကျိုးဆက်၊

(ဂ) သုဘနိမိတ်၌ စက်ဆုပ်ရွံရှာခြင်းသည် အသုဘနိမိတ်ကို အဖန်ဖန် အားထုတ်မှု၏ အကျိုးဆက်၊

(ဃ) တွေ့ထိ(ပေါင်းဆုံ)မှု၌ စက်ဆုပ်ရွံရှာခြင်းသည် ဖဿယတန (၆)ပါးတို့၌ အနိစ္စဟု ရှုမှု ဝိပဿနာဉာဏ်၏အကျိုးဆက်၊

(င) ဥပါဒါန်တရားတို့၌ စက်ဆုပ်ရွံရှာခြင်းသည် ဥပါဒါနက္ခန္ဓာ (၅)ပါးတို့၌ ဖြစ်မှု ပျက်မှုကို ရှုမှတ်နေသော ဝိပဿနာဉာဏ်၏ အကျိုးဆက်ဖြစ်ပုံကို အရှင်နာဂိတအား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ဣစ္ဆာနင်္ဂလပုဏ္ဏားရွာအနီး ဣစ္ဆာနင်္ဂလ တောအုပ်၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင် နှစ်သက်တော် မမူသော ဂါမန္တဝိဟာရီ ပုဂ္ဂိုလ်နှင့် နှစ်သက်တော်မူသော အရညဝိဟာရီပုဂ္ဂိုလ်တို့ကို မိန့်ကြားတော်မူပြီး အဖော်မပါဘဲ ခရီးသွားခြင်း၏ ချမ်းသာပုံကို အရှင်နာဂိတထေရ်အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

ဤသုတ်နှစ်သုတ်လုံး၌ ရှေ့ပိုင်းအကြောင်းအရာများ တူညီပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။ [၃]


နာဂိတသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အသျှင်နာဂိတအား တရား ဟောကြားတော်မူခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၂၅-၆။ အံ၊မြန်၊၂၊၃၂-၅။ အံ၊ဋ္ဌ၊၃၊၁၂။ အံ၊ဋီ၊၃၊၁၄။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၃-ပဉ္စင်္ဂိကဝဂ္ဂ၊ ဒသမသုတ်။
  2. -အံ၊၂၊၂၉၉-၃၀၂။ အံ၊မြန်၊၂၊၃၈၅-၈။ အံ၊ဋ္ဌ၊၃၊၁၀၉။ အံ၊ဋီ၊၃၊၁၀၈-၉။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၄-ဒေဝတာဝဂ္ဂ၊ ဒွါဒသမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  4. ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသက - ပဌမသုတ်ငါးဆယ်၊ ၃-ပဉ္စင်္ဂိကဝဂ်၊ ၁၀- နာဂိတသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။