[၁] အရှင်နာရဒ မဂဓနိုင်ငံ ပါဋလိပုတ္တမြို့ ကုက္ကုဋာရာမကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးအပ်သော ဘဒ္ဒါဒေဝီ ကွယ်လွန်ခြင်းကြောင့် ရေမချိုးနိုင် မစားမသောက်နိုင် လုပ်ငန်းများ မဆောင်ရွက် နိုင်အောင် သောကဒဏ်ချက် ပြင်းထန်စွာ နှိပ်စက်ခံနေရသော မုဏ္ဍဘုရင်အား ကောသာရက္ခ အမတ်ခေါ်ဆောင်၍ အရှင်နာရဒထံသို့ ပို့ဆောင်ခဲ့ရာ အရှင်နာရဒထေရ်က “လောက၌ သမဏ ဗြဟ္မဏ ဒေဝ မာရ ဗြဟ္မာ တစ်စုံတစ်ယောက်မျှ တောင့်တ၍ မရနိုင်သော ဇရာ ဗျာဓိ မရဏ ခယဓမ္မ နဿနဓမ္မ တရားငါးမျိုးတို့၌ အဿုတဝတ ပုထုဇဉ်ပုဂ္ဂိုလ် ခံစားရပုံနှင့် သုတဝန္တအရိယာပုဂ္ဂိုလ်၏ ရှုမြင် သုံးသပ်မှုကြောင့် သောကတည်းဟူသော အဆိပ်ဆူးကို နတ်ပယ်နိုင်ပုံကို ဟောကြားတော်မူသဖြင့် မုဏ္ဍမင်း၏ သောကကင်းပျောက်ပြီး မိဖုရား၏ ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်ခိုင်းပုံ၊ ဤတရားတော်၏ “သောကသလ္လ ဟရဏ” မည်ပုံကို ဟောတော်မူသည့်သုတ်။ [၂]


နာရဒသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၅၀-၅။ အံ၊မြန်၊၂၊၆၂-၇။ အံ၊ဋ္ဌ၊၃၊၂၅။ အံ၊ဋီ၊၃၊၂၁။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၅-မုဏ္ဍရာဇဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၁-ပဌမပဏ္ဏာသက (ပဌမသုတ်ငါးဆယ်)၊ ၅-မုဏ္ဍရာဇဝဂ်၊ ၁၀- နာရဒသုတ်