နာရီကန်ကျေးရွာသည် ရခိုင်ပြည်နယ်စစ်တွေခရိုင်စစ်တွေမြို့နယ်တွင် ပါဝင်သော ရွာတစ်ရွာ ဖြစ်သည်။ မင်းဘူး-အမ်း-စစ်တွေကားလမ်းနံဘေးတွင် တည်ရှိသည်။ ကျေးရွာတွင်းနေထိုင်သူအများစုမှာ ရခိုင်လူမျိုးများ ဖြစ်ကြသည်။ အများစုမှာလယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြသည်။

နာရီကန်
နာရီကန် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နာရီကန်
နာရီကန်
နာရီကန် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 20°13′11″N 92°51′05″E / 20.21970°N 92.85138°E / 20.21970; 92.85138
နိုင်ငံ မြန်မာ
ပြည်နယ်ရခိုင်ပြည်နယ်
ခရိုင်စစ်တွေခရိုင်
မြို့နယ်စစ်တွေမြို့နယ်
ကျေးရွာအုပ်စုNar Yi Kan[၁]

ဂျပန်ခေတ်တွင် စစ်တွေမြို့ပြအုပ်ချုပ်ရေးယာယီရုံးစိုက်ခဲ့သည်။

နာရီကန်ကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းရှိပြီး နာရီကန်ရွာမကျောင်းတိုက်နှင့် ဇေတဝန်ပရိယတ္တိတပ်ဦးကျောင်းတို့ ဖြစ်သည်။ လက်ရှိနာရီကန်ရွာမကျောင်းတိုက်ဆရာတော်ဘုရားမှာ ဘန္ဒန္တပညာဝံသ(ဓမ္မာစရိယ၊ဝိနယဝိဒူ)ဖြစ်သည်။ ဘဝနတ်ထံပျံလွန်တော်မူသွားပြီးဖြစ်သော ယခင်နာရီကန်ရွာမကျောင်းတိုက်ဆရာတော်ဘုရား ဘန္ဒန္တဣဒစရိယ(ရခိုင်ပြည်နယ်သံဃမဟာနယကအဖွဲ့(ရွှေကျင်)(ဥက္ကဋ္ဌ)၊ ရတ္တညူမဟာနယက၊ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေခံဒေသ ရွှေကျင်နိကာယဩဝါဒစရိယ) ဦးဆောင်၍ နာရီကန်ကျေးရွာသူ/သားများ၏ကောင်းမှုဖြင့် သုနန္ဒသာသနာ့ကုန်းတော်၌ တည်ထားတော်မူသော ရတနာ့မဏ္ဍိုင်စေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပကြသည်။ ပြာသိုလဆန်း ၁၄ ရက်နေ့ညတွင် ဗုဒ္ဓပူဇနိယပွဲတော်သို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်အရှင်သူမြတ်များမှ ပရိတ်တော်များဟောကြားခြင်း၊ပဗ္ဗဇနိယကမ္မဝါရွတ်ဖတ်တော်မူ၍​ကျေးရွာအတွင်း အန္တရာယ်များကင်းဝေးစေရန် ဆောင်ရွက်တော်မူကြပြီး ပြာသိုလပြည့်နေ့တွင် စတုဒိသာအလှူများဖြင့် ကျင်းပကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. GAD, Feb 2011.