[၁] ဘုရားရှင် ကာသိနိုင်ငံ ဗာရာဏသီမြို့တော်အနီး ဣသိပတနတောအုပ်၌ သီတင်းသုံးတော်မူနေစဉ် ဓမ္မစက္ကပ္ပဝတ္တနသုတ်တော် ဟောတော်မူပြီး (၇)ရက်မြောက်နေ့၌ အသိတအမည်ရှိသော ကာဠဒေဝီလရသေ့၏ တူဖြစ်သော နာလက ရသေ့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။

ဤနာလကသုတ်၌ (၆၈၄)ဂါထာမှ (၇ဝ၃)ဂါထာအထိ ဂါထာ (၂၀)သည်ဝတ္ထုဂါထာများဖြစ်ပါသည်။ (၇၀၄) (၇၀၅) နှစ်ဂါထာသည် ပုစ္ဆာဂါထာများ ဖြစ်ပါသည်။ (၇၀၆) ဂါထာသည် ဘုရားရှင်၏ ဥယျောဇနဂါထာဖြစ်ပါသည်။ (၇၀၇) ဂါထာမှ (၇၂၈) ဂါထာအထိ (၂၂)ဂါထာသည် မောနေယျအကျင့်ကို ဟောတော်မူသော ဂါထာများ ဖြစ်ပါသည်။

အဋ္ဌကထာ၌ နာလကသုတ်တော်အကြောင်း၊ အသိတ (ကာဠဒေဝီလ) ရသေ့အကြောင်း၊ တာဝတိံသာနတ်ပြည်အကြောင်း၊ အလောင်းတော် သိဒ္ဓတ္ထ မင်းသားငယ်အကြောင်း၊ နာလကထေရ်အကြောင်း၊ နာလကပဋိပဒါပုဒ်များအဖွင့်၊ နာလကပဋိပဒါကျင့်သည့် ပုဂ္ဂိုလ်သုံးမျိုးတို့တွင် အရှင်နာလကထေရ်သည် ဥက္ကဋ္ဌ ပဋိပဒါဖြစ်ပုံ၊ ရဟန္တာဖြစ်ပုံ၊ ပရိနိဗ္ဗာန်စံပုံ၊ ဘုရားရှင်ကိုယ်တော်တိုင် သရီရကိစ္စ ပြုစေပြီး ဓါတ်တော်တို့ကို စေတီတည်ပုံတို့ကို ပြည့်ပြည့်စုံစုံ ဖွင့်ပြထားပါသည်။

[၂]

ကိုးကား ပြင်ဆင်ရန်

  1. -သုတ္တနိ၊၃၈၅-၃၉၀။ သုတ္တန်၊မြန်၊၃၆၃-၈။ သုတ္တနိ၊ဋ္ဌ၊၂၊၂၀၂-၂၁၉။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ, ၃-မဟာဝဂ္ဂ၊ ဧကာဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ