နိဂျောရဲတိုက် (二条城, Nijō-jō) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့တွင် တည်ရှိသည့် မြေပြန့်ရဲတိုက်တစ်ခု ဖြစ်သည်။ ရဲတိုက်ဝန်းတစ်ခုလုံး၏ ဧရိယာသည် ၂၇၅,၀၀၀ စတုရန်းမီတာ (၂၇.၅ ဟက်တာ, ၆၈ ဧက) ကျယ်ဝန်းသည်။ ရဲတိုက်ဝန်းအတွင်းရှိ အဆောက်အဦများသည် ၈၀၀၀ စတုရန်းမီတာ (၈၆,၀၀၀ စတုရန်းပေ) ရှိသည်။ ရဲတိုက်ဝန်းအတွင်း၌ စက်ဝိုင်းပုံစံခံတံတပ်နှစ်ခု၊ နိနိမရုနန်းတော်၊ ဟွန်းမရုနန်းတော်အပျက်အစီးများနှင့် အခြားအခြားသောအဆောက်အဦများနှင့် ဥယျာဉ်များ ပါဝင်သည်။

နိဂျောရဲတိုက်
元離宮二条城
Kyoto, Japan
နိနိုမရနန်းတော်သို့သွားရာ "ခရမွန်" အဓိကဝင်ပေါက်
အမျိုးအစားPlains castle (平城?)
နေရာအချက်အလက်
ပိုင်ဆိုင်သူKyoto
အများပြည်သူ
ဝင်ထွက်ခွင့်
yes
သမိုင်းကြောင်း
တည်ဆောက်၁၆၇၉; ၃၄၆ နှစ် အကြာက (၁၆၇၉)
တည်ဆောက်သူTokugawa shogunate
အသုံးပြုခြင်း1626–1939

ဤရဲတိုက်သည် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။ နိဂျောရဲတိုက်သည် ရှေးဟောင်းကျိုတိုမြို့၏ သမိုင်းဝင်အဆောက်အဦ (၁၇) ခုနှစ်တွင် တစ်ခုအပါအဝင် ဖြစ်သည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်

ခံတပ်များ

ပြင်ဆင်ရန်

နိဂျောရဲတိုက်တွင် ပတ်ချာလည်ကာရံထားသည့် ခံတံနှစ်ခု ရှိသည်။ တစ်ခုချင်းစီတွင် တံတိုင်းတစ်ခုနှင့် ကျယ်ဝန်းသည့် ကျုံးတစ်ခုစီပါရှိသည်။ အပြင်ဘက်တံတိုင်းတွင် ဂိတ်ပေါက်သုံးခုပါရှိပြီး၊ အတွင်းဘက်တံတိုင်းတွင် နှစ်ခုပါရှိသည်။ အတွင်းဘက်တံတိုင်း၏ အနောက်တောင်ဘက်တွင် ငါးလွှာအမြင့်ရှိသည့် မျှော်စင်ပါရှိပြီး ၎င်းသည် ၁၇၅၀ တွင် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ အတွင်းဘက်တံတိုင်းသည် ဟွန်းမရုနန်းတော် (အတွင်းဘက်နယ်မြေ) ကို ဝန်းရံတည်ရှိပြီး ၎င်းနယ်မြေထဲတွင် ဥယျာဉ်လည်း ပါရှိသည်။ အပြင်ဘက်တံတိုင်း၏ နိနိုမရုနန်းတော် (ဒုတိယနယ်မြေ) တွင် မီးဖိုချောင်၊ အစောင့်အိမ်နှင့် များစွာသော ဥယျာဉ်များ ပါရှိသည်။

နိနိုမရနန်းတော်

ပြင်ဆင်ရန်

ဟွန်းမရုနန်းတော်

ပြင်ဆင်ရန်

ဟွန်းမရုနန်းတော် (本丸御殿, Honmaru Goten) ၏ မျက်နှာပြင်ဧရိယာသည် ၁,၆၀၀ စတုရန်းမီတာ (၁၇,၀၀၀ စတုရန်းပေ) ရှိသည်။ နားနေရန်နေရာ၊ ဧည့်သည်ကြိုဆိုရေးနှင့် ဖျော်ဖြေခန်းများ၊ အဝင်ခန်းမနှင့် မီးဖိုချောင် စသည့် နေရာလေးခုဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ဤနေရာလေးခုကို လူကူးစင်္ကြံလမ်းများဖြင့် ချိတ်ဆက်ထားသည်။ ဤနန်းတော်၏ ဗိသုကာလက်ရာသည် အဲဒိခေတ်နှောင်းပိုင်းကာလ လက်ရာဖြစ်သည်။ နန်းတော်တွင် ခနိုးအဲအိဂခုကဲ့သို့သော အမည်ကျော်ကြားသည့် ပန်းချီဆရာများစွာ၏ လက်ရာများကို ပြသထားသည်။

ဥယျာဉ်များ

ပြင်ဆင်ရန်

ရဲတိုက်ဧရိယာအတွင်းတွင် ဥယျာဉ်များစွာနှင့် ချယ်ရီပင်နှင့် “အုမဲ” ဆီးသီးပင်များရှိသည့် တောအုပ်ကလေးများ ရှိသည်။ နိနိုမရဥယျာဉ်ကို ရှုခင်းဆိုင်ရာဗိသုကာပညာရှင်နှင့် လက်ဖက်ရည်အဖျော်ဆရာတစ်ဦးဖြစ်သူ ခိုဘိုရိအန်းရှူးက ဒီဇိုင်းဆွဲခဲ့သည်။ နိနိုမရဥယျာဉ်သည် ခံတပ်နှစ်ခု၏ အကြားတွင် တည်ရှိသည်။ ဥယျဉ်တွင် အလယ်တွင် ကျွန်းသုံးခုပါရှိသည့် ကန်ကြီးတစ်ကန်လည်း ရှိသည်။

“ဆဲရူးအန်း” ဟု အမည်ရှိသည့် ဥယျာဉ်သည် နိဂျောရဲတိုက်တွင် များမကြာမီက ပြုလုပ်ထားသည့် လက်ရာတစ်ခု ဖြစ်သည်။ ဤဥယျာဉ်ကို ၁၉၆၅ ခုနှစ်တွင် ရဲတိုက်၏ မြောက်ဘက်ပိုင်းတွင် တည်ဆောက်ခဲ့သည်။ ဤပန်းခြံအတွင် လက်ဖက်ရည်ဆိုင်နှစ်ခုပါရှိပြီး ကျောက်တုံးပေါင်း ၁၀၀၀ ကျော်ကို သေချာကျနစွာ စီရီထားရှိသည်။

ရုပ်ပုံများ

ပြင်ဆင်ရန်

ပြင်ပလင့်များ

ပြင်ဆင်ရန်

ကိုဩဒိနိတ်: 35°0′51″N 135°44′51″E / 35.01417°N 135.74750°E / 35.01417; 135.74750