နိဆွန်းအင်း (二尊院, Nison-in) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ အုခယောရပ်ကွက်တွင် တည်ရှိသည့် တန်းဒိုင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်၏ တရားဝင်အမည်မှာ "အိုဂုရယာမ နိဆွန်းခယောအင်း ခဲအိဒိုင်းဂျိ (小倉山二尊教院 華台寺, Ogura-yama Nison-kyō-in Keidai-ji) " ဖြစ်သည်။ ကျောင်းတော်သည် ဂျပန်နိုင်ငံ၏ မိုမိဂျိရာသီတွင် မေပယ်ရွက်များကြည့်ရှုန်ရန်အတွက် ထင်ရှားသည့် နေရာတစ်ခုလည်း ဖြစ်သည်။[][]

နိဆွန်းအင်း၏ ပင်မကျောင်းဆောင်

သမိုင်းကြောင်း

ပြင်ဆင်ရန်
 
နိဆွန်းအင်းရှိ သုဿာန်

နိဆွန်းအင်းကို ဟဲအိအန်ခေတ်အစောပိုင်းကာလတွင် တည်ထောင်ခဲ့သည်။ ဘုရင်ဆဂ သည် ၈၃၄ ခုနှစ်တွင် ကျောင်းတော်ကို စတင်တည်ဆောက်ရန် စီစဉ်ခဲ့သည်။ ကျောင်းတော်သည် လက်ရှိအချိန်တွင် အန်းရခုဂျိကျောင်းတော်များအုပ်စုဝင် ကျောင်းတော်တစ်ခု ဖြစ်သည်။ အိုးနင်းစစ်ပွဲ (၁၄၆၇ - ၁၄၇၇) ကာလတွင် ကျောင်းတော်၏ မူလအဆောက်အဦများသည် ပျက်စီးခဲ့ရသည်။[]

ဤကျောင်းတော်သည် ရှေးဟောင်းသုဿာန်တည်ရှိသည့်အတွက် ထင်ရှားသည်။ သုဿာန်တွင် မင်းမျိုးမင်းနွယ်များနှင့် ဘုရင်များ၏ အုတ်ဂူများ ရှိသည်။ ဆန်းဂျောနိရှိဆနဲတခ ၏ ဖခင်ဖြစ်သူကို နိဆွန်းအင်းရှိ သုဿာန်တွင် မြှုပ်နှံခဲ့သည်။ref>Goto, Michiko. "The Lives and Roles of Women of Various Classes in the Ie of Late-Medieval Japan," International Journal of Asian Studies (2006), 3:2, pp. 183-210.</ref>

ပြင်ပလင့်များ

ပြင်ဆင်ရန်

ကိုဩဒိနိတ်: 35°01′16″N 135°40′04″E / 35.021209°N 135.667886°E / 35.021209; 135.667886