အရှင်နိပန္နဉ္ဇလိကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

တိဿမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

တိဿမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုစဉ်အခါက အရှင်နိပန္နဉ္ဇလိကထေရ် သည် သားရဲတိရစ္ဆာန်ထူထပ်သော တောထဲတွင် အနာရောဂါ၏ နှိပ်စက်မှုကို ခံစားလျက် ရှိ၏။ ထိုအခါ မြတ်စွာဘုရားသည် ကြွတော်မူလာ၏။ ထိုအခါ အရှင်နိပန္နဉ္ဇလိကထေရ် သည် လက်အုပ်ချီကာ ရှိခိုးခဲ့၏။ ထို့နောက် ထိုအရပ်တွင်ပင် သေဆုံးခဲ့၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား ရှိခိုးခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ပေ။ ထို့ပြင် ငါးခုမြောက်ကမ္ဘာထက်တွင် “မဟာသိခ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်နိပန္နဉ္ဇလိကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ တိမိရဝဂ်