(၃)သုတ် ရှိပါသည်။

[၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဗောဇ္ဈင် (၇)ပါးကို ဘာဝိတ ဗဟုလီကတဖြစ်အောင် ပွားများလျှင် ဧကန္တနိဗ္ဗိဒ၊ နိရောဓ၊ ဥပသမ၊ အဘိညာ၊ သမ္ဗောဓ၊ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏-ဟု ဗောဇ္ဈင် တစ်ပါးစီ တစ်ပါးစီ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဣဒ္ဓိပါဒ်လေးပါးကို အထက်သုတ်အတိုင်းပွားလျှင် ဧကန္တနိဗ္ဗိဒ၊ နိရောဓ၊ ဥပသမ၊ အဘိညာ၊ သမ္ဗောဓ၊ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏ဟု ဣဒ္ဓိပါဒ်တစ်ပါးစီ တစ်ပါးစီကို ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၃] “ကာယေ အသုဘာနုပဿီ၊ အာဟာရေပဋိကူလသညာ၊ သဗ္ဗလောကေ အနဘိရတသညီ၊ သဗ္ဗသင်္ခါရေသု အနိစ္စာနုပဿီ၊ အဇ္ဈတ္တံ မရဏသညာ သူပဋ္ဌိတာ” ဟူသော တရားငါးမျိုးကို အထက်သုတ်အတိုင်း ပွားများလျှင် “ဧကန္တနိဗ္ဗိဒ၊ နိရောဓ၊ ဥပသမ၊ အဘိညာ၊ သမ္ဗောဓ၊ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏”ဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။ [၄]


နိဗ္ဗိဒါသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် စင်စစ်ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းချင်းငှါ ချုပ်ခြင်းငှါ (ကိလေသာ) ချုပ်ခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးတရားကို သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၅]

နိဗ္ဗိဒါသုတ် ပြင်ဆင်ရန်

ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် စင်စစ်ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းချင်းငှါ ချုပ်ခြင်းငှါ (ကိလေသာ) ချုပ်ခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးတရားကို သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏။ အဘယ်တရားငါးမျိုးတို့နည်း ဟူမူ -

  • ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ခန္ဓာကိုယ်၌ မတင့်တယ်ဟု ရှုလျက် နေ၏။
  • မျိုအပ်သောအစာ ‘အာဟာရ’၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိ၏။
  • လောကအားလုံး၌ မွေ့လျော်ဖွယ်မရှိဟု အမှတ်ရှိ၏။
  • အလုံးစုံသော သင်္ခါရတရားတို့၌ မမြဲဟု ရှုလေ့ရှိ၏။
  • သေခြင်း၌ ဖြစ်သော ‘မရဏသညာ’ သည် ထိုရဟန်း၏ အတွင်းသန္တာန်၌ ကောင်းစွာတည်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် စင်စစ်ငြီးငွေ့ခြင်းငှါ စွဲမက်မှု ‘ရာဂ’ ကင်းချင်းငှါ ချုပ်ခြင်းငှါ (ကိလေသာ) ချုပ်ခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးတရားကို သိခြင်းငှါ နိဗ္ဗာန်အကျိုးငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။[၅]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၃၊၇၅။ သံ၊မြန်၊၃၊၇၉။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗော်သံယုတ္တ၊ ၃-ဥဒါယိဝဂ္ဂ၊ ဒသမသုတ်။
  2. -သံ၊၃၊၂၂၃။ သံ၊မြန်၊၃၊၂၂၅။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၇-ဣဒ္ဓိပါဒသံယုတ္တ၊ ၁-စာပါလဝဂ္ဂ၊ စတုတ္ထသုတ်။
  3. -အံ၊၂၊၇၃။ အံ၊မြန်၊၂၊၈၉။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၇) ၂-သညာဝဂ္ဂ၊ နဝမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  5. ၅.၀ ၅.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၂-ဒုတိယပဏ္ဏာသက (ဒုတိယသုတ်ငါးဆယ်)၊ (၇) ၂-သညာဝဂ် ၉ နိဗ္ဗိဒါသုတ်