နိမ္မာနရတိဘုံ

နတ်ပြည်ခြောက်ထပ်တွင် ပဉ္စမမြောက်အထပ်
(နိမ္မာနရတိ မှ ပြန်ညွှန်းထားသည်)

နိမ္မာနရတိနတ်ပြည်သည် တုသိတာနတ်ဘုံ၏အထက် ယူဇနာ(၄၂၀၀၀)ကွာသော ကောင်းကင်ပြင်တွင် ယာမာနတ်ပြည်၊ တုသိတာနတ်ပြည်များနည်းတူ ပန်းဆိုင်းဆွဲသကဲ့သို့ တည်ရှိသည်။ ထိုပြည်ရှိနတ်တို့သည် ပင်ကိုရှိပြီးသား စည်းစိမ်ထက် အလွန်အကဲ ခံစားလိုကြသည့်အခါ မိမိတို့ကိုယ်တိုင် စိတ်တိုင်းကျဖန်ဆင်း၍ မွေ့လျော်လေ့ရှိသော နတ်များဖြစ်ကြသည်။ အောက်နတ်ပြည်လေးထပ်တို့၌ အမြဲတမ်းထားသော ကိုယ်ပိုင်ဇနီးမောင်နှံ ရှိကြသကဲ့သို့ နိမ္မာနရတိနတ်ပြည်၌လည်း အမြဲတမ်း ဇနီးမောင်နှံများ ရှိကြသည်။ ထိုနတ်တို့သည် အပိုအလွန် စည်းစိမ်ခံစားလိုမှသာ မိမိတို့လိုရာ အဆင်း၊ အသံစသည်တို့ကို ကိုယ်တိုင်ဖန်ဆင်းကြ၍ ထိုဖန်ဆင်းသော အာရုံ၌ပင် မွေ့လျော်ပျော်ပိုက် နေတတ် ကြသည်။ ထို့ကြောင့် ထိုနတ်တို့ကို `နိမ္မာနရတိနတ်'များဟုခေါ်ကြသည်။

(နိမ္မာန=လိုရာစည်းစိမ်ကို မိမိဘာသာ ဖန်ဆင်း၍ + ရတိ=မွေ့လျော်ကြသည့် နတ်များ၏ဘုံ)

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က အရှင်အနုရုဒ္ဓါမထေရ်မြတ်၏ မိဘုရားဟောင်း ဖြစ်ဖူးကြသော မနာပကာယိကာ မည်သော နိမ္မာနတိနတ်သမီးတို့သည် အရှင်အနုရုဒ္ဓါမထေရ်ထံ လာကြ၍ အမျိုးမျိုး ဖန်ဆင်းပြကြသတဲ့။

ထိုနတ်ပြည်ကို အုပ်ချုပ်သောနတ်မင်းကား “သုနိမ္မိတနတ်မင်းကြီး” ဖြစ်သည်။

ဝိသာခါကျောင်းအမသည် နိမ္မာနရတိနတ်ပြည်တွင် သုနိမ္မိတနတ်မင်းကြီး၏ နတ်မိဖုရားဖြစ်ရသည်။

ထိုနတ်တို့၏သက်တမ်းသည် သူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း (၈၀၀၀)ရှည်၍ လူသားတို့၏ နှစ်အရေအတွက်အားဖြင့် ကုဋေ(၂၃၀)နှင့် လေးသန်း ရှိ၏။

လူတို့၏ နှစ်(၈၀၀)သည် နိမ္မာနရတိနတ်ပြည်၏ တစ်ရက်ဖြစ်သည်။

[၁][၂]

ကျမ်းကိုး ပြင်ဆင်ရန်

  1. မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
  2. တက္ကသိုလ်သျှင်သီရိ“နတ်ပြည်ရောက်လူသားတို့၏ ဘဝအတွေ့အကြုံများ”