(၅)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ပါဏာတိပါတီ၊ အဒိန္နာဒါယီ၊ ကာမေသုမိစ္ဆာစာရီ၊ မုသာဝါဒီဟူသော တရားလေးမျိုးတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် သေလွန်သည့်အခါ ငရဲသို့ရောက်လိမ့်မည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ငါးပါးသီလ မမြဲသူ, မြဲသူတို့၏ လားရောက်ရမည့် ဂတိကို ကဏှပက္ခ, သုက္ကပက္ခခွဲ၍ ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၃] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ငါးပါးသီလ မမြဲသောဥပါသကာသည် သေလျှင် ငရဲသို့ရောက်မည်။ ငါးပါးသီလမြဲသော ဥပါသကာသည် ကွယ်လွန်လျှင် နတ်ပြည်သို့ ရောက်ရမည်ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၄] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သုရာမေရယမှတစ်ပါး ငါးပါးသီလ ရှေ့သိက္ခာပုဒ် လေးပါးပျက်စီးသူနှင့် ပါပိစ္ဆာ, မိစ္ဆာဒိဋ္ဌိတရား ခြောက်ပါးနှင့်ပြည့်စုံသူ ကွယ်လွန်လျှင် ငရဲသို့ရောက်လိမ့်မည်။ ယင်းသိက္ခာပုဒ်သီလလေးပါး စောင့်ထိန်းသူနှင့် အပ္ပိစ္ဆ, သမ္မာဒိဋ္ဌိဟူသော တရား ခြောက်ပါးနှင့် ပြည့်စုံသူကွယ်လွန်လျှင် နတ်ပြည်သို့ရောက်လိမ့်မည်ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၅] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ငါးပါးသီလ ရှေ့ပိုင်းသိက္ခာပုဒ် လေးမျိုးမစောင့်ထိန်းသူနှင့် လုဒ္ဓ, ပဂဗ္ဘဟူ သော တရားခြောက်ပါးနှင့်ပြည့်စုံသူ သေလျှင်ငရဲ၌ဖြစ်မည်။ ယင်းသိက္ခာပုဒ်လေးပါးကို စောင့်ထိန်းသူနှင့် အလုဒ္ဓ, အပဂဗ္ဘဟူသော တရားခြောက်ပါးနှင့်ပြည့်စုံသူ ကွယ်လွန်လျှင် နတ်ပြည်၌ ဖြစ်လိမ့်မည်ဟု ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၆]



နိရယသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရကြောင်းကို ဟောကြားတော်မူခဲ့သည်။[၇]

နိရယသုတ် ပြင်ဆင်ရန်

[၇]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၃၈၂။ အံ၊မြန်၊၁၊၃၉၇။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၇) ၂-ပတ္တကမ္မဝဂ္ဂ၊ စတုတ္ထသုတ်။
  2. -အံ၊၂၊၁၅၀-၁။ အံ၊မြန်၊၂၊၁၉၀။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၃-တတိယပဏ္ဏာသက၊ (၁၅) ၅-တိကဏ္ဍကီဝဂ္ဂ၊ ပဉ္စမသုတ်။
  3. -အံ၊၂၊၁၇၉။ အံ၊မြန်၊၂၊၂၂၈-၉။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၄-စတုတ္ထပဏ္ဏာသက၊ (၁၈) ၃-ဥပါသကဝဂ္ဂ၊ တတိယသုတ်။
  4. -အံ၊၂၊၃၇၇။ အံ၊မြန်၊၂၊၄၇၅-၆။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ ၈-အရဟတ္တဝဂ္ဂ၊ သတ္တမသုတ်။
  5. -အံ၊၂၊၃၇၇။ အံ၊မြန်၊၂၊၄၇၆။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ ၈-အရဟတ္တဝဂ္ဂ၊ အဋ္ဌမသုတ်။
  6. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  7. ၇.၀ ၇.၁ အင်္ဂုတ္တရနိကာယ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ၃-တတိယပဏ္ဏာသက (တတိယသုတ်ငါးဆယ်)၊ (၁၅) ၅- တိကဏ္ဍကီဝဂ် ၅ - နိရယသုတ်