နိရာမိသ ဥပေက္ခာဝေဒနာ
နေက္ခမ္မသိတ ဥပေက္ခာဝေဒနာကိုပင် နိရာမိသ ဥပေက္ခာဝေဒနာဟု ခေါ်ပါသည်။
ရူပါရုံတို့၏သာလျှင် မမြဲသော အနိစ္စအခြင်းအရာကိုလည်းကောင်း, ဖောက်ပြန်ခြင်း = ဝိပရိဏာမသဘော, ကင်းပြတ်ခြင်း = ဝိရာဂသဘော, ချုပ်ပျောက်ခြင်း = နိရောဓသဘောကိုလည်းကောင်း သိရှိ၍ --- ရှေး၌ ဖြစ်ခဲ့ ပြီးကုန်သော ရူပါရုံတို့သည်လည်းကောင်း, ယခုအခါ၌ ရူပါရုံတို့သည်လည်းကောင်း ရှိကြကုန်၏၊ ခပ်သိမ်းကုန် သော ထိုရူပါရုံတို့သည် ---
- ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားတို့သာတည်း။
- ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်ခံရသော ဒုက္ခတရားတို့သာတည်း။
- ဇရာ-မရဏတို့ဖြင့် ဖောက်ပြန် ပျက်စီးတတ်သော ဝိပရိဏာမတရားတို့သာတည်း။
ဤသို့လျှင် ဤရူပါရုံကို မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ရသည် ဖြစ်၍ ထိုသို့ ဝိပဿနာဉာဏ်ဖြင့် ဟုတ်မှန်သည့်အတိုင်း ရှုမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သင်္ခါရ တရားတို့အပေါ်၌ လျစ်လျူရှုနိုင်သော ဥပေက္ခာသည် ဖြစ်ပေါ်လာ၏။[[[ဥပေက္ခာဝေဒနာ]]နှင့် တတြမဇ္ဈတ္တုပေက္ခာ ဟူသော တတြမဇ္ဈတ္တတာစေတသိက် နှစ်မျိုးလုံးကိုပင် ဤ၌ ဥပေက္ခာဟု ဆိုလိုသည်။ (ဒီ၊ဋ္ဌ၊၂၊၃၂၃။)] ဤသို့ သဘောရှိသော ယင်းဥပေက္ခာသည် ရှိ၏၊ ထိုဥပေက္ခာသည် ရူပါရုံကို, တစ်နည်း ရူပါရုံ၌ဖြစ်သော ကိလေသာ ကို လွန်၍ ဖြစ်၏၊ လွန်မြောက်နိုင်၏။ ထိုကြောင့် ထိုဥပေက္ခာကို နေက္ခမ္မသိတဥပေက္ခာဟူ၍ ခေါ်ဆိုအပ်၏။ [၁][၂]
သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံတို့၌လည်း နည်းတူပင် ဟောကြားထားတော်မူပေသည်။ နေက္ခမ္မသိတဥပေက္ခာ (၆)မျိုးတည်း။
ဤနေက္ခမ္မသိတ ဥပေက္ခာ (၆)မျိုးတို့ကား ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ဒွါရ (၆)ပါးတို့၌ ---
- အလိုရှိအပ် နှစ်သက် မြတ်နိုးအပ်သော ဣဋ္ဌာရုံ (၆)မျိုး,
- အလိုမရှိအပ် မနှစ်သက် မမြတ်နိုးအပ်သော အနိဋ္ဌာရုံ (၆)မျိုး,
- အလယ်အလတ် အလိုရှိအပ်သော မဇ္ဈတ္တာရုံ သို့မဟုတ် ဣဋ္ဌမဇ္ဈတ္တာရုံ (၆)မျိုး ---
ဤအာရုံ (၆)မျိုးတို့သည် ထိုက်သလို ရှေးရှူ ကျရောက်လာသောအခါ, ထင်လာသောအခါ ---
၁။ ဣဋ္ဌ ဖြစ်သော အာရုံ (၆)မျိုး၌ ရာဂဖြင့် မတပ်မက်သော (= ရာဂဖြင့် မတပ်မက်အောင် ယင်းအာရုံတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်လျက် ရှိသော) ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဤနေက္ခမ္မသိတဥပေက္ခာဝေဒနာ (၆)မျိုးသည် ဖြစ်ပေါ်လာနိုင်၏။
၂။ အနိဋ္ဌဖြစ်သော အာရုံ (၆)မျိုး၌ ဒေါသဖြင့် မပြစ်မှားသော စိတ်မပျက်သော ဝမ်းမနည်းသော (= မပြစ်မှား မိအောင် စိတ်မပျက်အောင် ဝမ်းမနည်းအောင် ယင်း အနိဋ္ဌာရုံ အမျိုးမျိုးကို လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်လျက် ရှိသော) ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက် ရှိသော ဤနေက္ခမ္မသိတဥပေက္ခာ (၆)မျိုးသည် ဖြစ်ပေါ်လာနိုင်၏။
၃။ အသမပေက္ခန အမည်ရသော မညီမညွတ် ရှုကြည့်စရာဖြစ်သော ဣဋ္ဌာရုံ-အနိဋ္ဌာရုံ-ဣဋ္ဌမဇ္ဈတ္တာရုံ (မဇ္ဈတ္တာရုံ)တို့၌ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို ဟုတ်တိုင်းမှန်စွာ သိရှိနေသဖြင့် တွေဝေမှု မရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဤနေက္ခမ္မသိတဥပေက္ခာ (၆)မျိုးသည် ဖြစ်ပေါ်လာနိုင်၏။[၃]
အသမပေက္ခန
ပြင်ဆင်ရန်ဤအရာတွင် ဒီဃနိကာယ် မဟာဝဂ္ဂအဋ္ဌကထာ (၃၂၃)၌ - အသမပေက္ခနေန -ဟု ရှိ၏။ ယင်း မဟာဝဂ္ဂ ဋီကာ၌လည်း အသမပေက္ခနေန -ဟုပင် အောက်ပါအတိုင်း ဖွင့်ဆိုထား၏။
ဥပရိပဏ္ဏာသအဋ္ဌကထာ (မ၊ဋ္ဌ၊၄၊၁၈၇။) ဥပရိပဏ္ဏာသဋီကာ (မ၊ဋီ၊၃၊၃၈၄)တို့၌ကား အထက်တွင် ဖော်ပြထားသည့်အတိုင်း အသမပေက္ခနေဟု ရှိ၏။ အသမပေက္ခနေန, အသမပေက္ခနေဟု ပါဌ် နှစ်ထွေ ရှိနေ သော်လည်း ဆိုလိုရင်း အဓိပ္ပါယ်မှာ မပျက်စီးသွားပေ။ ယင်းအဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏။
ပရမတ္ထဉာဏ်ပညာမျက်စိ မရှိသော အန္ဓဗာလပုထုဇန် ငမိုက်သားသည်ကား အာရုံကို နည်းမှန် လမ်းမှန် နှလုံးသွင်းမှု = အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘဟု ကောင်းမွန် မှန်ကန်စွာ နှလုံးသွင်းမှု ယောနိသောမနသိကာရကို ရှေ့သွားမပြုတတ်သဖြင့်, အာရုံ၏ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ သဘောမှန်ကို ကောင်းမွန်မှန်ကန်စွာ မရှုမမြင် တတ်သဖြင့် အာရုံကို နိစ္စ-သုခ-အတ္တ-သုဘဟု အသိမှားခြင်း နှလုံးသွင်းခြင်း အယောနိသောမနသိကာရကို ေ့ရှသွားပြုကာ မညီမညွတ် ရှုတတ်သဖြင့် --- ဣဋ္ဌာရုံနှင့် တွေ့ကြုံလျှင်လည်း ရာဂဖြင့် တပ်မက်တတ်၏၊ အနိဋ္ဌာရုံ နှင့် တွေ့ကြုံလျှင်လည်း ဒေါသဖြင့် ပြစ်မှားတတ်၏ စိတ်ပျက်တတ်၏၊ ဝမ်းနည်းတတ်၏ မျက်ရည်ပေါက်ကြီး ငယ် အသွယ်သွယ် စီးဆင်းလာတတ်၏။
အလားတူပင် --- ဣဋ္ဌာရုံ, အနိဋ္ဌာရုံ, ဣဋ္ဌမဇ္ဈတ္တာရုံ = မဇ္ဈတ္တာရုံဟူ သော အာရုံသုံးမျိုးလုံး အပေါ်၌လည်း ပရမတ္ထဉာဏ်ပညာမျက်စိ မရှိသဖြင့် ဆိုင်ရာဆိုင်ရာ ဒွါရ၌ ယင်းအာရုံ (၆)မျိုးတို့ ထိုက်သလို ထင်လာသောအခါ ယင်းအာရုံတို့ကို နိစ္စဟု, သုခဟု, အတ္တဟု, သုဘဟု မညီမညွတ် ရှု တတ်၏၊ အသိမှားနေ၏၊ အာရုံ၏ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ သဘောမှန်ကို မသိဘဲ အသိမှားနေသဖြင့် တွေဝေနေသူဟု ခေါ်ဆိုရ၏။ သို့အတွက် ပရမတ္ထ ပညာမျက်စိကာဏ်းနေသော လူမိုက်အဖို့ ဤဣဋ္ဌ-အနိဋ္ဌ-မဇ္ဈတ္တဟု သုံးမျိုးပြားသော အာရုံ (၆)မျိုးသည် နိစ္စ-သုခ-အတ္တ-သုဘဟု မညီမညွတ် ရှုကြည့်ဖွယ်ရာ အာရုံတို့ ဖြစ်နေကြ၏။ သို့သော် ပရမတ္ထ ဉာဏ်ပညာမျက်စိရှိသူ သူတော်ကောင်းကား --- ယင်းလူမိုက်၏ မညီ မညွတ် ရှုကြည့်စရာ ဖြစ်သော ဣဋ္ဌ-အနိဋ္ဌ-မဇ္ဈတ္တ အာရုံ (၆)ပါးတို့၌ နိစ္စ-သုခ-အတ္တ-သုဘဟု တွေဝေမှု မရှိဘဲ အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ ဟုသာ အမှန်အတိုင်း သိမြင်နေ၏။ ထိုထို သိမြင်နေသော မောဟဖြင့် တွေဝေမှု မရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဤနေက္ခမ္မသိတဥပေက္ခာ (၆)မျိုး ဖြစ်ပေါ်လာနိုင်ပေသည် ဟူလိုသည်။[၄]
နေက္ခမ္မသိတ ဥပေက္ခာဝေဒနာ ရှုကွက်
ပြင်ဆင်ရန်ယင်း နေက္ခမ္မသိတဥပေက္ခာဝေဒနာကိုပင် နိရာမိသ ဥပေက္ခာဝေဒနာဟု ခေါ်ဆို၏။ အသင်သူတော်- ကောင်းသည် ယင်းရူပါရုံ စသည့် အာရုံ (၆)ပါးတို့တွင် အာရုံ တစ်ပါးစီကို အာရုံယူ၍ --- ယင်းအာရုံ အသီး အသီး၏ ---
၁။ ဖြစ်ခြင်း ပျက်ခြင်း အနိစ္စ အခြင်းအရာကို အာရုံယူ၍ အနိစ္စဟု ရှုပါ။ အနိစ္စဟု သိနေသော ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာမည်။ ယင်းဝီထိစိတ်အစဉ်တို့၌ ဝေဒနာကို အဦးမူသဖြင့် စိတ္တက္ခဏတိုင်းရှိ နာမ်တရားတို့ကို သိမ်းဆည်းပါ။ သောမနဿဝေဒနာကို အဦးမူသဖြင့် နာမ်တရားတို့ကို သိမ်းဆည်းခဲ့သော် နိရာမိသ သုခဝေဒနာကို ဟုတ်တိုင်းမှန်စွာ သိသည် မည်၏။ ဥပေက္ခာဝေဒနာကို အဦးမူ သဖြင့် ယင်းနာမ်တရားတို့ကို သိမ်းဆည်းခဲ့သော် နိရာမိသ ဥပေက္ခာဝေဒနာကို ကွဲကွဲပြားပြား ဟုတ်တိုင်းမှန်စွာ သိသည် မည်၏။
၂။ ထိုနောင် ယင်းနာမ်တရားတို့၏ မှီရာဝတ္ထုရုပ်များနှင့် အာရုံရုပ်တို့ကိုပါ ဆက်လက်၍ သိမ်းဆည်းပါ။ (ရှုပုံ စနစ်များကို ရှေးတွင် ဖော်ပြခဲ့ပြီ။)[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ ရူပါနံတွေဝ အနိစ္စတံ ဝိဒိတွာ ဝိပရိဏာမဝိရာဂနိရောဓံ ပုဗ္ဗေ စေဝ ရူပါ ဧတရဟိ စ၊ သဗ္ဗေ တေ ရူပါ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ပဿတော ဥပ္ပဇ္ဇတိ ဥပေက္ခာ၊ ယာ ဧဝရူပါ ဥပေက္ခာ၊ ရူပံ သာ အတိဝတ္တတိ။ တသ္မာ သာ ဥပေက္ခာ နေက္ခမ္မသိတာတိ ဝုစ္စတိ။(မ၊၃၊၂၆၁-၂၆၂၊၊)
- ↑ ၂.၀ ၂.၁ နိဗ္ဗာနဂါမိနိပဋိပဒါ - ဒုတိယတွဲ - ဖားအောက်တောရဆရာတော်
- ↑ ဣမာ ဆ နေက္ခမ္မသိတာ ဥပေက္ခာတိ ဣမာ ဧဝံ ဆသု ဒွါရေသု ဣဋ္ဌာဒိအာရမ္မဏေ အာပါထဂတေ ဣဋ္ဌေ အရဇ္ဇန္တဿ အနိဋ္ဌေ အဒုဿန္တဿ အသမပေက္ခနေ အသမ္မုယှန္တဿ ဥပ္ပန္နဝိပဿနာဉာဏသမ္ပယုတ္တာ ဆ နေက္ခမ္မသိတာ ဥပေက္ခာတိ ဝေဒိတဗ္ဗာ။ (မ၊ဋ္ဌ၊၄၊၁၈၇။) အသမပေက္ခနေတိ အသမံ အယုတ္တဒဿနေ အယောနိသော သမ္မောဟပုဗ္ဗကံ အာရမ္မဏဿ ဂဟဏေ။ (မ၊ဋီ၊၃၊၃၈၄။)
- ↑ သမံ သမ္မာ ယောနိသော န ပေက္ခနံ အသမပေက္ခနံ၊ တံ ပန ဣဋ္ဌာနိဋ္ဌမဇ္ဈတ္တေ ဝိယ ဣဋ္ဌာနိဋ္ဌေသုပိ ဗာလဿ ဟောတီတိ ဣဋ္ဌာနိဋ္ဌမဇ္ဈတ္တေတိ အဝတွာ အသမပေက္ခနေန အသမ္မုယှန္တဿာတိ ဝုတ္တံ၊ တိဝိဓေပိ အာရမ္မဏေ အသမပေက္ခနဝသေန မုယှန္တဿာတိ အတ္ထော။ (ဒီ၊ဋီ၊၂၊၂၆၈။)