နိရှိဟွန်းဂန်းဂျိ (西本願寺) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ရှိမိုဂယောရပ်ကွက်တွင် တည်ရှိသည့် ဂျောဒိုးရှင်းရှူးဗုဒ္ဓဘာသာကျောင်းတော်တစ်ခုဖြစ်သည်။ ဤကျောင်းတော်သည် “ဟွန်းဂန်းဂျိဟ” ၏ ပင်မကျောင်းဆောင်အဖြစ် တည်ရှိသည်။

နိရှိဟွန်းဂန်းဂျိ
西本願寺
Amidadō and Goeidō (National Treasures)
အချက်အလက်များ
တည်နေရာ60 Monzen-machi, Horikawa-dōri Hanaya-chō Kudaru, Shimogyō-ku, Kyoto, Kyoto Prefecture
ကိုဩဒိနိတ်34°59′31.37″N 135°45′5.8″E / 34.9920472°N 135.751611°E / 34.9920472; 135.751611ကိုဩဒိနိတ်: 34°59′31.37″N 135°45′5.8″E / 34.9920472°N 135.751611°E / 34.9920472; 135.751611
ဘာသာရေး နှီးနွယ်မှုJōdo Shinshū Honganji-ha
နတ်ဘုရားAmida Nyorai (Amitābha)
နိုင်ငံJapan
လက်ရှိအခြေအနေHead temple
ဝက်ဘ်ဆိုဒ်http://www.hongwanji.or.jp/english/
ဗိသုကာ
တည်ထောင်သူHonganji Kennyo
ပြီးစီး1591

ဤကျောင်းတော်သည် ကျိုတိုတွင် တည်ရှိသည့် ဂျောဒိုးရှင်းရှူးကျောင်းတော်နှစ်ခုထဲမှ တစ်ခုလည်း ဖြစ်သည်။ အခြားတစ်ခုမှာ ဟိဂရှိဟွန်းဂန်းဂျိ ဖြစ်သည်။ ဟိဂရှိဟွန်းဂန်းဂျိသည် အိုးတနိဟ၏ အဓိကပင်မကျောင်းတော်လည်း ဖြစ်သည်။

ကျောင်းတော်ကို ၁၅၉၁ ခုနှစ်တွင် လက်ရှိတည်နေရာ၌ တည်ထောင်ခဲ့သည်။ သို့သော်လည်း ကျောင်းတော်၏ မူလဇာစ်မြစ်သည် ၁၄ ရာစုတွင် စတင်ခဲ့သည်။ ကျောင်းတော်ရှိ အဆောက်အဦများစွာသည် အဇုချိ-မိုမိုယမ နှင့် အဲဒိုခေတ်ကာလ အစောပိုင်းအချိန်များကို လွန်မြောက်ခဲ့ကြသည်။ ဤကျောင်းတော်တွင် ၁၇ ရာစုနှင့် ၁၈ ရာစုကာလတို့၏ စံနမူနာဗိသုကာလက်ရာများကို မြင်တွေ့နိုင်သည်။ နိရှိဟွန်းဂန်းဂျိရှိ အဆောက်အဦ ၇ ခုကို နိုင်ငံ့ရတနာများအဖြစ် အမျိုးအစားသုံးခုခွဲကာ သတ်မှတ်ထားသည်။

နိရှိဟွန်းဂန်းဂျိသည် ၁၉၉၄ ခုနှစ်တွင် ကျိုတိုမြို့ရှိ သမိုင်းဝင်အဆောက်အဦများ၏ ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

သမိုင်းကြောင်း

ပြင်ဆင်ရန်

၁၄၂၁ ခုနှစ်တွင် ဂျောဒိုးရှင်းရှူးဗုဒ္ဓဘာသာကို တည်ထောင်သူဖြစ်သည့် ရှင်ရန်းကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး ဂူဗိမာန်ကို ပြုလုပ်ခဲ့သည့် နေရာတွင် ဟွန်းဂန်းဂျိကို တည်ဆောက်ခဲ့သည်။ ဂူဗိမာန်သို့ ရှင်ရဟန်း၏ မြေးသားဖြစ်သူ ခခုအဲ (သမီးဖြစ်သူ ခခုရှင်းနိ မွေးသည့်သား) တက်ရောက်ခဲ့သည်။[] ခခုအဲ၏ သားဖြစ်သူ ခခုနယောသည် ပထမဆုံးသော ဟွန်းဂန်းဂျိ၏ အကြီးအကဲဘုန်းတော်ကြီး ဖြစ်လာခဲ့သည်။

အဆောက်အဦ

ပြင်ဆင်ရန်

နိရှိဟွန်းဂန်းဂျိ၏ ပရဝုဏ်သည် ထောင့်မှန်စတုဂံပုံစံ တည်ရှိသည်။ ၎င်းကို လမ်းလေးသွယ်က ဝန်းရံထားရှိသည်။ ၎င်းလမ်းများမှာ မြောက်ဘက်တွင် ဟနယချောလမ်းမ၊ အရှေ့ဘက်တွင် ဟိရခဝလမ်းမ၊ တောင်ဘက်တွင် ရှိချိဂျောလမ်းမနှင့် အနောက်ဘက်တွင် အိုးမိယလမ်းမတို့ ဖြစ်ကြသည်။ ကျောင်းတော်၏ အဓိကဝင်ပေါက်သည် ဟိရိခဝလမ်းမတည်ရှိသည့် အရှေ့ဘက်တွင် ဖြစ်သည်။ အမည်တွင် “နိရှိ” ဆိုသည်မှာ အနောက်ဘက်ဟု အဓိပ္ပါယ်ရပြီး ဟိဂရှိဟွန်းဂန်းဂျိ၏ အနောက်ဘက်တွင် တည်ရှိသည်။ နိရှိဟွန်းဂန်းဂျိသည် ပိုမို၍ ရှေးကျပြီး ပြည့်စုံသည့် ဗိသုကာလက်ရာများ တည်ရှိသည်။

 
Karamon (National Treasure)
 
Chao Fu leading his ox away from the water tainted by Xu You washing his ears
 
detail of the door, front view
 
Carving of a Chinese dragon

ခရမွန် (唐門) သည် နိရှိဟွန်းဂန်းဂျိ၏ ဂိတ်ပေါက်ဖြစ်သည်။ မူလက တိုယောတိုမိဟိဒဲယောရှိ၏ ဖုရှိမိရဲတိုက်အတွက် တည်ဆောက်ခဲ့သည့် ဂိတ်ပေါက်ဖြစ်ပြီး ၁၉၅၈ ခုနှစ်ပတ်ဝန်းကျင်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆကြသည်။ ၁၆၂၃ ခုနှစ် ရဲတိုက် ပြိုပျက်သွားပြီးနောက် ၁၆၃၂ ခုနှစ်တွင် ထိုဂိတ်ပေါက်ကို နိရှိဟွန်းဂန်းဂျိသို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းကို ၂၀၁၈- ၂၀၂၁ ကာလတွင် နောက်ဆုံးအကြိမ်အဖြစ် ပြန်လည်ပြင်ဆင်ခဲ့သည်။ ၎င်းကို နိုင်ငံတော်၏ အဖိုးထိုက်သည့်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။[][]

 
Goeidō (National Treasure)
 
front view of the Goeidō

ဂေါ့အဲဒိုး

ပြင်ဆင်ရန်
 
Amidadō (National Treasure)
 
lateral view of the Amidadō and the corridor leading to the Goeidō

ဂေါ့အဲဒိုး (御影堂) သို့မဟုတ် “တည်ထောင်သူများကျောင်းဆောင်” ကို ၁၆၃၆ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့သည်။ မူလအဆောက်အဦသည် ၁၅၉၆ ခုနှစ်ငလျင်နှင့် ၁၆၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုတို့ကြောင့် ပျက်စီးခဲ့သည်။ ထို့နောက်တွင် ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဤကျောင်းဆောင်ကို ၂၀၁၄ ခုနှစ်တွင် နိုင်ငံ၏ အဖိုးထိုက်သည့်ရတနာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ကျောင်းဆောင်သည် တစ်ထပ်အဆောက်ဖြစ်သည်။ အတိုင်းအတာများအနေဖြင့် အမြင့် ၂၉ မီတာ၊ အလျား ၆၂ မီတာနှင့် အနံ ၄၈ မီတာ ရှိသည်။[][][]

အမိဒဒိုး

ပြင်ဆင်ရန်

အမိဒဒိုး သို့မဟုတ် အမိဒကျောင်းဆောင်ကို ၁၇၆၀ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့သည်။ ဤကျောင်းဆောင်ကို ၂၀၁၄ ခုနှစ်တွင် နိုင်ငံ၏ အဖိုးထိုက်သည့်ရတနာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ []

ဤကျောင်းဆောင်သည် တစ်ထပ်ကျောင်းဆောင်ဖြစ်သည်။ အတိုင်းအတာများအနေဖြင့် အမြင့် ၂၅ မီတာ၊ အလျား ၄၅ မီတာ၊ အနံ ၄၂ မီတာ ရှိသည်။ ဤကျောင်းဆောင်တွင် အမိဒဗုဒ္ဓရုပ်ပွားတော်၏ ကျောက်ရုပ်တု တည်ရှိသည်။ []

ပြန်လည်ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်စဉ်ကာလ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အများပြည်သူသည် အမိဒဒိုးသို့ ဝင်ရောက်ကြည့်ရှုနိုင်ခြင်း မရှိခဲ့ပေ။

  1. History of the Hongwanji
  2. Kirby, John B. (1962). From Castle to Teahouse: Japanese Architecture of the Momoyama Period. pp. 78.
  3. Yoko Minami (22 November 2021)။ Dazzling beauty: Restoration of gate at Kyoto's Nishi Hongwanji temple completedThe Mainichi။ 2023-08-16 တွင် ပြန်စစ်ပြီး။
  4. 本願寺御影堂။ Cultural Heritage Online။ 2019-06-20 တွင် ပြန်စစ်ပြီး။
  5. Parent၊ Mary Neighbour, ed. (2001)။ "Hongawarabuki (本瓦葺)"JAANUS: Japanese Architecture and Art Net Users System။ Tokyo: Japanese Architecture and Art Net Users System။ OCLC 3180914062018-09-29 တွင် ပြန်စစ်ပြီး
  6. ၆.၀ ၆.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named Official Website
  7. 本願寺御影堂။ Cultural Heritage Online။ 2019-06-20 တွင် ပြန်စစ်ပြီး။