နိုက်ခီ

အမေရိကန် အားကစားပစ္စည်း ကုမ္ပဏီ

နိုက်ခီ အင်ကော်ပိုရေးရှင်း (အင်္ဂလိပ်: Nike, Inc.)[မှတ်စု ၁] သည် ဖိနပ်များ၊ အဝတ်အစားများ၊ အားကစား ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဒီဇိုင်းရေးဆွဲပြုလုပ်ခြင်း၊ တီထွင်ဖန်တီးခြင်း၊ ထုတ်လုပ်ခြင်းများ ပြုလုပ်၍ ၎င်း၏ထုတ်ကုန်များအား ကမ္ဘာတဝှမ်း ရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းများ ပြုလုပ်နေသော အမေရိကန် နိုင်ငံတကာ ကော်ပိုရေးရှင်း တစ်ခုဖြစ်သည်။ ကုမ္ပဏီ၏ ရုံးချုပ်သည် အမေရိကန်ပြည်ထောင်စု၊ အိုရီဂွန်ပြည်နယ်၊ ဘီဗာတန်မြို့၏ ပေါ့လန်း မြို့ပြဧရိယာအနီးတွင် တည်ရှိသည်။[၄] ၎င်းသည် ကမ္ဘာ့အကြီးဆုံး အားကစားသုံး ဖိနပ်နှင့် အဝတ်အထည်များ တင်ပို့ရေးလုပ်ငန်းစုဖြစ်သည့်အပြင် အားကစားပစ္စည်း ထုတ်လုပ်ရေးတွင်လည်း အဓိကကျသော လုပ်ငန်းစုတစ်ခုဖြစ်သည်။ နိုက်ခီသည် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံကျော်ရရှိထားသည်။[၅][၆]

Nike, Inc.
အမျိုးအစားအများပိုင်
လုပ်ငန်း
ဌာနချုပ်ဘီဗာတန်မြို့၊ အိုရီဂွန်ပြည်နယ်အမေရိကန်ပြည်ထောင်စု
ဝန်ဆောင်မှု ဧရိယာကမ္ဘာတဝှမ်း
အရေးပါ ပုဂ္ဂိုလ်များ
  • ဖီးလ် နိုက်တ် (ဂုဏ်ထူးဆောင် နာယက)
  • Mark Parker (နာယက)
  • John Donahoe (ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်)
  • John Hoke III (ဒီဇိုင်းပိုင်းဆိုင်ရာ အမှုဆောင်အရာရှိချုပ်)
ထုတ်ကုန်ပစ္စည်း
  • အားကစားဖိနပ်
  • အားကစားဝတ်စုံ
  • အားကစားပစ္စည်း
  • ဖက်ရှင်အသုံးအဆောင်
ဝင်ငွေIncrease အမေရိကန်ဒေါ်လာ $ ၄၆.၇၁ ဘီလီယံ (၂၀၂၂)
အခွန်မဆောင်မီ ဝင်ငွေIncrease အမေရိကန်ဒေါ်လာ $ ၆.၈၆ ဘီလီယံ (၂၀၂၂)
အသားတင် ဝင်ငွေIncrease အမေရိကန်ဒေါ်လာ $ ၆.၀၅ ဘီလီယံ (၂၀၂၂)
ရင်းနှီးမြှုပ်နှံမှုIncrease အမေရိကန်ဒေါ်လာ $ ၄၀.၃၂ ဘီလီယံ (၂၀၂၂)
စုစုပေါင်း ရှယ်ယာတန်ဖိုးIncrease အမေရိကန်ဒေါ်လာ $ ၁၅.၂၈ ဘီလီယံ (၂၀၂၂)
အလုပ်သမားဦးရေc. ၇၉,၁၀၀ (မေ ၂၀၂၂)
ကုမ္ပဏီခွဲConverse
ကိုးကား [၁]

ကုမ္ပဏီကို Bill Bowerman နှင့် ဖီးလ် နိုက်တ် တို့မှ "Blue Ribbon Sports" ဟူသော အမည်ဖြင့် ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၇၁ ခုနှစ် မေလ ၃၀ ရက်နေ့တွင် Nike Inc. ဟူသော အမည်သည် တရားဝင်ဖြစ်လာခဲ့သည်။ ကုမ္ပဏီသည် ၎င်း၏အမည်ကို ဂရိအောင်ပွဲနတ်သမီး Nike ၏ အမည်အား အစွဲပြု၍ ပေးထားခြင်းဖြစ်သည်။[၇] နိုက်ခီသည် Air Jordan နှင့် Converse လုပ်ငန်းခွဲများ အပါအဝင် Nike Golf၊ Nike Pro၊ Nike+ ၊ Air Jordan ၊ Nike Blazers ၊ Air Force 1၊ Nike Dunk၊ Air Max ၊ Foamposite၊ Nike Skateboarding ၊ Nike CR7[၈] စသည့် ၎င်း၏ ထုတ်ကုန်များအား ၎င်း၏ကိုယ်ပိုင်အမှတ်တံဆိပ်အောက်၌ ဈေးကွက်သို့ တင်ပို့ရောင်းချသည်။[၉] အားကစားဝတ်စုံနှင့် ပစ္စည်းများကို ထုတ်လုပ်ခြင်းအပြင် ကုမ္ပဏီသည် Niketown အမည်ဖြင့် လက်လီစတိုးဆိုင်များကိုလည်း ဖွင့်လှစ်ထားသည်။ Nike သည် ၎င်း၏ ကမ္ဘာတဝှမ်း အသိအမှတ်ပြုခြင်းခံထားရသော "Just Do It" နှင့် အမှန်ခြစ် (Swoosh) လိုဂိုအမှတ်တံဆိပ်တို့ဖြင့် ကမ္ဘာတစ်ဝန်းမှ နာမည်ကြီး အားကစားသမားများနှင့် အားကစားအသင်းများစွာကို ပံ့ပိုးကူညီပေးထားသည်။

၂၀၂၀ ခုနှစ်စာရင်းအရ နိုက်ခီသည် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းဦးရေ ၇၆.၇၀၀ ဦးအား အလုပ်ခန့်အပ်ထားသည်။[၁၀] ၂၀၂၀ ခုနှစ်တွင် အမှတ်တံဆိပ်တစ်ခုတည်း၏တန်ဖိုးသည် အမေရိကန် ဒေါ်လာ $ ၃၂ ဘီလီယံကျော်ရှိခဲ့ပြီး အားကစားလုပ်ငန်းများတွင် တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်ဖြစ်လာခဲ့သည်။[၁၁] ယခင် ၂၀၁၇ ခုနှစ်က နိုက်ခီ အမှတ်တံဆိပ်တန်ဖိုးသည် အမေရိကန် ဒေါ်လာ $ ၂၉.၆ ဘီလီယံရှိခဲ့သည်။[၁၂] Nike သည် ၂၀၁၈ ခုနှစ် Fortune 500 စာရင်းတွင် နံပါတ် (၈၉) နေရာ၌ ရပ်တည်ခဲ့သည်။[၁၃]

ဘဏ္ဍာရေး ပြင်ဆင်ရန်

ခုနှစ် ဝင်ငွေ အသားတင်ဝင်ငွေ စုစုပေါင်းပိုင်ဆိုင်မှု ရှယ်ယာတစ်ခု၏ ဈေးနှုန်း
(အမေရိကန်ဒေါ်လာ)
ဝန်ထမ်း အရေအတွက်
(အမေရိကန်ဒေါ်လာ သန်းဂဏန်းပမာဏဖြင့်)
၂၀၀၅ ၁၃,၇၄၀ ၁,၂၁၂ ၈,၇၉၄ ၈.၇၅ ၂၆,၀၀၀
၂၀၀၆ ၁၄,၉၅၅ ၁,၃၉၂ ၉,၈၇၀ ၉.၀၁ ၂၈,၀၀၀
၂၀၀၇ ၁၆,၃၂၆ ၁,၄၉၂ ၁၀,၆၈၈ ၁၂.၁၄ ၃၀,၂၀၀
၂၀၀၈ ၁၈,၆၂၇ ၁,၈၈၃ ၁၂,၄၄၃ ၁၃.၀၅ ၃၂,၅၀၀
၂၀၀၉ ၁၉,၁၇၆ ၁,၄၈၇ ၁၃,၂၅၀ ၁၂.၁၄ ၃၄,၃၀၀
၂၀၁၀ ၁၉,၀၁၄ ၁,၉၀၇ ၁၄,၄၁၉ ၁၆.၈၀ ၃၄,၄၀၀
၂၀၁၁ ၂၀,၁၁၇ ၂,၁၃၃ ၁၄,၉၉၈ ၁၉.၈၂ ၃၈,၀၀၀
၂၀၁၂ ၂၃,၃၃၁ ၂,၂၁၁ ၁၅,၄၆၅ ၂၃.၃၉ ၄၄,၀၀၀
၂၀၁၃ ၂၅,၃၁၃ ၂,၄၇၂ ၁၇,၅၄၅ ၃၀.၅၀ ၄၈,၀၀၀
၂၀၁၄ ၂၇,၇၉၉ ၂,၆၉၃ ၁၈,၅၉၄ ၃၈.၅၆ ၅၆,၅၀၀
၂၀၁၅ ၃၀,၆၀၁ ၃,၂၇၃ ၂၁,၅၉၇ ၅၃.၁၈ ၆၂,၆၀၀
၂၀၁၆ ၃၂,၃၇၆ ၃,၇၆၀ ၂၁,၃၇၉ ၅၄.၈၀ ၇၀,၇၀၀
၂၀၁၇ ၃၄,၃၅၀ ၄,၂၄၀ ၂၃,၂၅၉ ၅၄.၉၉ ၇၄,၄၀၀
၂၀၁၈ ၃၆,၃၉၇ ၁,၉၃၃ ၂၂,၅၃၆ ၇၂.၆၃ ၇၃,၁၀၀
၂၀၁၉ ၃၉,၁၁၇ ၄,၀၂၉ ၂၃,၇၁၇ ၈၆.၇၃ ၇၆,၇၀၀
၂၀၂၀ ၃၇,၄၀၃ ၂,၅၃၉ ၃၁,၃၄၂ ၁၀၆.၄၆ ၇၅,၄၀၀
၂၀၂၁ ၄၄,၅၃၈ ၅,၇၂၇ ၃၇,၇၄၀ ၁၄၁.၄၇ ၇၃,၃၀၀
၂၀၂၂ ၄၆,၇၁၀ ၆,၀၄၆ ၄၀,၃၂၁ ၁၆၆.၆၇ ၇၉,၁၀၀


လိုဂိုအမှတ်တံဆိပ် ဆင့်ကဲပြောင်းလဲမှု ပြင်ဆင်ရန်

 
၁၉၆၄ – ၇၁
၁၉၆၄ – ၇၁ 
 
၁၉၇၁ – ၇၈
၁၉၇၁ – ၇၈ 
 
၁၉၇၈ – ၉၅
၁၉၇၈ – ၉၅[မှတ်ချက် ၁] 
 
၁၉၉၅ – လက်ရှိ
၁၉၉၅ – လက်ရှိ 
မှတ်ချက်
  1. ဤလိုဂိုသည် ယခင်ထုတ်ကုန်ဟောင်းများ ပြန်လည်ထုတ်လုပ်မှုတွင် အသုံးပြုဆဲဖြစ်သည်။

ပုံများ ပြင်ဆင်ရန်


မှတ်စုများ ပြင်ဆင်ရန်

  1. "နိုက်ခီ" (/ˈnki/ (  ) NY-kee) ဟူသော အသံထွက်သည် အမေရိကန်ပြည်ထောင်စု၏ အသံထွက်ဖြစ်ပြီး တရားဝင်ဖြစ်သည်။ ယူကေတွင် "နိုက်" (/nk/ nyke) ဟုခေါ်ဆိုကြသည်။[၂][၃]

ကိုးကား ပြင်ဆင်ရန်

  1. US SEC: 2022 Form 10-K NIKE, Inc.U.S. Securities and Exchange Commission (July 21, 2022)။
  2. "Nike is pronounced Nikey, confirms guy who ought to know"၊ The Independent၊ June 2, 2014။ 
  3. It's official: Nike rhymes with spiky - and you're saying all these wrong too (in en) (2014-06-03)။ 2023-01-13 တွင် ပြန်စစ်ပြီး။
  4. Contact Nike, Inc.။ June 30, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 29, 2021 တွင် ပြန်စစ်ပြီး။
  5. Nike annual revenue worldwide 2022 (in en)။ 2023-02-19 တွင် ပြန်စစ်ပြီး။
  6. Sage၊ Alexandria။ "Nike profit up but shares tumble on U.S. concerns"၊ Reuters၊ June 26, 2008။ 
  7. Levinson၊ Philip။ How Nike almost ended up with a very different nameBusiness Insider။ June 7, 2017 တွင် ပြန်စစ်ပြီး။
  8. "Nike CR7"။ 
  9. Nike sells Bauer Hockey for $200 Million (February 21, 2008)။ February 25, 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 2, 2008 တွင် ပြန်စစ်ပြီး။
  10. Nike (NKE) (in en)။ November 21, 2020 တွင် ပြန်စစ်ပြီး။
  11. "Most Valuable Apparel Brand? Nike Just Does It Again"။ 
  12. The World's Most Valuable Brands 2017: 16. Nike။ September 27, 2017 တွင် ပြန်စစ်ပြီး။
  13. Fortune 500 Companies 2018: Who Made the List (in en-US)။ 15 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 10, 2018 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ ပြင်ဆင်ရန်

  • တရားဝင် ဝက်ဘ်ဆိုဒ်
  • ၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလား: အီရန်ကမ္ဘာ့ဖလားဇာတ်လမ်းသည် ‘အထင်မှားစေသည်’ဟု နိုက်ခီမှ ပြောကြား
  • နယူးယောက် စတော့ခ် အိတ်ချိန်း ဝဘ်ဆိုက်မှ ကုမ္ပဏီ အချက်အလက် အကျဉ်းချုပ်

ကိုဩဒိနိတ်: 45°30′33″N 122°49′48″W / 45.5093°N 122.8299°W / 45.5093; -122.8299