နိုင်ဂျာမြစ်

အနောက်ဘက် အာဖရိကရှိ အ‌ဓိကကျသောမြစ်

နိုင်ဂျာမြစ်သည် အနောက်အာဖရိကရှိ အဓိကမြစ်ကြီးဖြစ်ပြီး ၂,၆၀၀မိုင် (၄၁၈၀ ကီလိုမီတာ) မျှ ရှည်လျားသည်။ မြစ်ဝှမ်းဒေသမှာ ၈၁၇,၆၀၀ စတုရန်းမိုင် (၂,၁၁၇,၇၀၀ စတုရန်း ကီလိုမီတာ) မျှ ရှိသည်။ နိုင်ဂျာမြစ်၏ မြစ်ဖျားခံရာ ဒေသမှာ ဂီနီတောင်ပိုင်းရှိ ဂီနီကုန်းပြင်မြင့် ဖြစ်သည်။ ၎င်းသည် မာလီနိုင်ငံနိုင်ဂျာနိုင်ငံဘီနင်နိုင်ငံ၏ နယ်စပ်တို့မှဖြတ်၍ လခြမ်းပုံသဏ္ဌာန် ကွေ့ဝိုက်စီးဆင်းပြီးနောက် နိုင်ဂျီးရီးယားနိုင်ငံ ကို ဖြတ်သန်းစီးဆင်းသည်။ နုန်းမြေ အများအပြားကို ထွက်ပေါ်စေပြီး ထိုဒေသကို နိုင်ဂျာမြစ်ဝကျွန်းပေါ် ဒေသ သို့မဟုတ် ရေနံမြစ်များ ဟုခေါ်ကြသည်။ ထို့နောက်တွင် အတ္တလန္တိတ် သမုဒ္ဒရာအတွင်းသို့ ဂီနီပင်လယ်ကွေ့မှ တဆင့် စီးဝင်သည်။ နိုင်ဂျာမြစ်သည် နိုင်းမြစ်နှင့် ကွန်ဂိုမြစ်တို့ပြီးလျှင် အာဖရိကတွင် တတိယမြောက် အရှည်လျားဆုံး မြစ်ဖြစ်သည်။ ၎င်း၏ အဓိက မြစ်ခွဲမှာ ဘီနျူးမြစ် ဖြစ်သည်။

မာလီနိုင်ငံ ကော်လီကိုရိုတွင် တွေ့ရသော နိုင်ဂျာမြစ်