နိုင်ငံခြားရောက် ကြောင်တစ်ကောင် (ဝတ္ထုတို)

ပီတာဂတ်သားစ်၏ စာအုပ်

နိုင်ငံခြားရောက် ကြောင်တစ်ကောင် (အင်္ဂလိပ်: A Cat Abroad) သည် ပီတာဂတ်သား (Peter Gethers) က သူ့ စကော့တစ် ဖို့ (Scottish Fold) အမျိုးအစားဖြစ်သည့် ကြောင်လေး နော်တန် (Norton) နှင့် နေထိုင်ပုံကို မှတ်တမ်းတင်သည့် ဒုတိယ ဝတ္ထုတို ဖြစ်သည်။ ဤစာအုပ် အရှေ့မှာက ပဲရစ်သွားတဲ့ကြောင် ဖြစ်ပြီး၊ နောက်ထုတ်က တသက်လုံးနေမယ့်ကြောင်၊ နော်တန်ရဲ့ နောက်ဆုံး စွန့်စားခန်းများ ဖြစ်သည်။ နိုင်ငံခြားရောက် ကြောင်တစ်ကောင် သည် ဂတ်သားနှင့် နော်တန်တို့ နိုင်ငံခြား တိုင်းပြည် တပြည်တွင် နေထိုင်သော အချိန်များကို မှတ်တမ်းတင်ထားပြီး၊ ဆက်ဆံရေးနှင့် အတွေ့အကြုံများကို ဖော်ပြရုံသာမက နိုင်ငံခြားတိုင်းပြည် တပြည်ရှိ ကျေးရွာလေးတရွာတွင် နေထိုင်ရသည့် အခက်အခဲနှင့် အကွေ့အကောက်များကိုလည်း ဖော်ပြထားသည်။

A Cat Abroad
စာရေးသူPeter Gethers
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားစိတ်ကူးယဉ်မဟုတ်သော ဝတ္ထု
ISBN978-0-449-90952-2