နိုင်ငံတကာဘယ်သန်များနေ့

ဩ ၁၃ အထိမ်းအမှတ်နေ့

နိုင်ငံတကာ ဘယ်သန်များနေ့သည် ဘယ်ကျော်များ၏ ညာကျော်များနှင့် မတူ ကွဲပြား ထူးခြားမှုကို ဂုဏ်ယူသည့်အနေဖြင့် နှစ်စဉ် ဩဂုတ်လ ၁၃ ရောက်သောအခါ ကျင်းပသည့် နိုင်ငံတကာ အထိမ်းအမှတ်နေ့ ဖြစ်သည်။ ထိုနေ့ကို ဘယ်သန်များကုမ္ပဏီ ထူထောင်သူ ကမ်ဘဲလ် (Campbell) က ၁၉၇၆ တွင် ပထမဆုံး စတင်ပြုလုပ်သည်။[၁]

နိုင်ငံတကာဘယ်ကျော်များနေ့
International Left-Handers Day
Left Handers' Day, 2001
နေ့ရက်၁၃ ဩဂုတ်
အကြိမ်နှစ်စဉ်

ညာသန်များ ကြီးစိုးသော လောကကြီးထဲဝယ် ဘယ်သန် ဖြစ်ရပုံ၏ ကောင်းကျိုး ဆိုးပြစ်များကို ထိုနေ့တွင် မှတ်မှတ်သိသိ နှိုးကြားလာအောင် လှုံ့ဆော်ကြသည်။ ဘယ်သန်များသည် ကမ္ဘာ့လူဦးရေ၏ ၇ မှ ၁၀ ရာခိုင်နှုန်းသာ ရှိသည့်အတွက် မည်မျှ မတူကွဲပြား ထူးခြားကြောင်း ဂုဏ်ယူစွာ ကျင်းပကြသည်။[၂]

ယင်းနေ့တွင် ဘယ်ကျော်များ ကြုံတွေ့နေရသော အမျိုးမျိုးအဖုံဖုံသော စိတ်အနှောင့်အယှက်များကို ပညာပေးဖလှယ်ကြသည်။ ဥပမာ ဘယ်ကျော်ကလေးများအတွက် အထူးလိုအပ်ချက်များနှင့် schizophrenia ရောဂါရှင် ဘယ်သန်များအတွက် ဘဝနေထိုင်ရန် လိုအပ်ပုံတို့ ဖြစ်သည်။[၃][၄] [၅]

ကမ္ဘာတဝှမ်းလုံးတွင် ထိုနေ့ကို အသိအမှတ်ပြု ကျင်းပကြကာ၊ မီဒီယာများကလည်း ဘယ်ကျော်ဆယ်လီများအကြောင်းကို တခုတ်တရ စုစည်း ဖော်ပြလေ့ရှိကြသည်။[၆][၇]

နိုင်ငံတကာဘယ်သန်များနေ့ကို ၁၉၉၆ မှစ၍ နှစ်စဉ် ကျင်းပသည်။

ကမ္ဘာကျော် ဘယ်သန်များ ပြင်ဆင်ရန်

  1. Julius Caesar
  2. Helen Keller
  3. Marilyn Monroe
  4. Leonardo Da Vinci
  5. Barack Obama
  6. Osama Bin Laden
  7. Tom Cruise
  8. Justin Bieber
  9. Prince William
  10. Angelina Jolie
  11. Martina Navratilova
  12. ခင်သန်းနု (ရုပ်ရှင်မင်းသမီး)

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်


  1. International Left-Handers Day: Here Are Some Famous Lefties။ 2021-01-23 တွင် ပြန်စစ်ပြီး။
  2. "Hand preference, performance abilities, and hand selection in children" (2014-02-18). Frontiers in Psychology 5. doi:10.3389/fpsyg.2014.00082. ISSN 1664-1078. PMID 24600414. 
  3. Left-handed people more likely to have psychotic disorders such as schizophrenia: Yale Study။ 13 August 2015 တွင် ပြန်စစ်ပြီး။
  4. The New Neuroscience of Left-Handedness။ 12 August 2019 တွင် ပြန်စစ်ပြီး။
  5. लेफ्ट हैंडर्स डे - Khabar Street။ 13 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2021 တွင် ပြန်စစ်ပြီး။
  6. Left Handers Day - Behind the News (အင်္ဂလိပ်ဘာသာစကားဖြင့်)2021-05-21 တွင် ပြန်စစ်ပြီး
  7. Happy National Left-Handers Day! (အင်္ဂလိပ်ဘာသာစကားဖြင့်)2021-05-21 တွင် ပြန်စစ်ပြီး