နိုင်ငံတကာ ဆက်ဆံရေးပညာ
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
နိုင်ငံတကာ ဆက်ဆံရေးပညာ Nation-States ရဲ့စွမ်းအား Nation-States တွေဟာ ပြည်တွင်းမှာ လူသားတွေရဲ့လိုအင်တွေ ရရှိဖို့ သူတို့ရဲ့စွမ်းရည်ကို အသုံးပြုရာမှာ ကွာခြားကြပါတယ်။ ပုံမှန်အားဖြင့် ပြည်တွင်းနဲ့ နိုင်ငံတကာမှာ တာဝန်သိစိတ် အပြည့်အဝနဲ့ ထိရောက်အောင် ဆောင်ရွက်ကြတဲ့ Nation-States တွေမှာ အားကောင်းတဲ့ အမျိုးသားရေး ကိုယ်ပိုင် လက္ခဏာ၊ ထူးခြားသိသာတဲ့ ရုပ်ပိုင်းဆိုင်ရာ သယံဇာတ အရင်းအမြစ်တွေနဲ့ ကောင်းစွာဖွံ့ဖြိုးတဲ့ အစိုးရပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေ ရှိကြပါတယ်။ အပြန်အလှန်အားဖြင့် ထိရောက်အောင် မဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေမှာ အဲဒီ အရည်အချင်းတွေ ယေဘုယျအားဖြင့် မရှိတာ တွေ့ရပါတယ်။
နိုင်ငံတွေဟာ နိုင်ငံတကာ တာဝန်သိစိတ်တွေ ပြည့်ဝပြီး ထိရောက်အကျိုးရှိစွာ အုပ်ချုပ်နိုင်ရင် အဲဒီ နိုင်ငံတွေကို ပြည်တွင်း နိုင်ငံရေး ပေါင်းစည်း ညီညွတ်မှုနဲ့ လူမှုရေး ကျစ်လျစ်ခိုင်မာမှု ပေါ်အခြေခံပြီး တရားဝင်ဖြစ်ပြီး ပျော်ရွှင်ဖွယ် လူမှုအသိုက်အမြုံ အနေနဲ့ ရှုမြင်နိုင်ပါတယ်။ Holsti ရဲ့ အဆိုအရ တရားဝင်ဖြစ်မှု (Legitimacy)မှာ ဒိုင်မင်းရှင်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ Horizontal Legitimacy ဖြစ်ပြီး အဲဒါက နိုင်ငံရေး အသိုက်အမြုံ (Political Community)ရဲ့ သဘာဝနဲ့ စရိုက်လက္ခဏာကို ကိုယ်စားပြုပါတယ်။ နောက်တစ်ခုကတော့ Vertical Legitimacy ဖြစ်ပြီး အစိုးရပိုင်းဆိုင်ရာ ဩဇာအာဏာရဲ့အဆင့်နဲ့ ပြည်သူနဲ့ အုပ်ချုပ်သူအကြား သစ္စာရှိမှု အဆင့်ကို ကိုယ်စားပြုပါတယ်။ တကယ်တော့ Nation-States တွေကို အားကောင်းတဲ့ နိုင်ငံတွေ (Strong States) နဲ့အားနည်းတဲ့ နိုင်ငံတွေ (Weak States) ဆိုပြီး အမျိုးအစား သတ်မှတ်လို့ ရနိုင်ပါတယ်။
Strong States တွေမှာ ရေပြင်ညီ (Horizontal) နဲ့ ထောင်လိုက် (Vertical) Legitimacy မြင့်မားတဲ့ အဆင့်တွေ ပါရှိတဲ့ နိုင်ငံရေးစနစ်တွေ ရှိကြပါတယ်။ ထိရောက်တဲ့ အစိုးရအဖွဲ့အစည်းများ၊ ပြည်တွင်း အေးချမ်းငြိမ်သက်မှု အားကောင်းတဲ့ နိုင်ငံရေးပါတီတွေ၊ Interest groups တွေ၊ ကန့်သတ်ထားတဲ့ ခြစားမှုနဲ့ နိုင်ငံရေးစနစ်ရဲ့ စည်းမျဉ်းတွေ အတွက် ကျယ်ပြန့်တဲ့ အထောက်အကူပြုမှုတွေနဲ့ အဲဒီနိုင်ငံတွေကို အသွင်လက္ခဏာ ဖော်ဆောင်လို့ရပါတယ်။ သည်နိုင်ငံတွေကို ဥပမာပြရရင် ဩစတြေးလျ၊ ဒိန်းမတ်၊ နော်ဝေးနဲ့ ဆွစ်ဇာလန်တို့ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် weak states တွေကို တစ်ခါတစ်ရံ အယောင်ဆောင် ပုံဖမ်းထားတဲ့နိုင်ငံတွေ (quasistates) လို့လည်း ခေါ်ကြပါတယ်။
အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်တွေက အကန့်အသတ်ပါရှိတဲ့ ဒေါင်လိုက်နဲ့ အလျားလိုက် Legitimacy တွေရှိကြပါတယ်။ အဲဒီနိုင်ငံတွေကို ဥပမာပြရရင် အာဖဂန်နစ္စတန်၊ အယ်လ်ဘေးနီးယား၊ ဘော့စနီးယား၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဟေတီနိုင်ငံတို့ ဖြစ်ကြပါတယ်။ သည်လို စနစ်တွေမှာ အစိုးရအနေနဲ့ လာဘ်ပေး လာဘ်ယူမှုတွေရှိပြီး ထိရောက်မှု မရှိဘူး။ အုပ်ချုပ်သူတွေဟာ ဩဇာအာဏာ အနည်းငယ်နဲ့ အမိန့်ပေးကြတယ်။ နိုင်ငံရေးစနစ်ကလည်း မတည်ငြိမ်ဘူး။ အုပ်ချုပ်တဲ့ အစိုးရက ပြည်သူကို အကျိုးပြုမှု နည်းပါးတယ်။ မှုခင်းတွေနဲ့ ကျပန်းဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လို့နေတယ်။ စစ်အေးခေတ်လွန်ကာလမှာ တည်ရှိတဲ့ nation-states တွေ ပြိုကွဲပျက်စီးခဲ့ကြတယ်။ အခြေခံကျကျ ဆိုရင် ပြိုပျက်သွားတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးစနစ်တွေဟာ သူတို့ရဲ့လုပ်ငန်းဖန်ရှင်တွေရဲ့ စွမ်းရည်တွေ ဆုံးရှုံးခဲ့ကြတယ်။ နိုင်ငံတွေရဲ့နယ်မြေပိုင်နက်တွေ၊ ဒေသတွေကို ထိန်းသိမ်းဖို့အတွက် လူမျိုးအုပ်စုတွေရဲ့ကျယ်ပြန့်တဲ့ အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။
နိုင်ငံ (State) သို့ စိန်ခေါ်မှုများ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်မှာ State (နိုင်ငံ)ကို နိုင်ငံရေး အဖွဲ့အစည်းရဲ့ လွှမ်းမိုးတဲ့ပုံစံလို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ သည်နေ့ ခေတ်မှာတော့ Above the state နဲ့ From below အနေနဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေ ပေါ်ပေါက် လာခဲ့ပါတယ်။ Above the state ရဲ့ ဆိုလိုရင်း သဘောကတော့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ State (နိုင်ငံ)ရဲ့ လုပ်ငန်းဖန်ရှင်များစွာကို အစားထိုးမယ့် Structures (ဖွဲ့စည်းမှုတွေ) အတွက် အုပ်စုဖွဲ့ခြင်း (grouping) တွေပြုလုပ်လာကြပါတယ်။ သည် Above the law က အထူးသဖြင့် စီးပွားရေးရာ ကိစ္စရပ်တွေ ဖွံ့ဖြိုးလာခဲ့ပါတယ်။ EU,NAFTA the challenge from above ကတော့ စီးပွားရေး ကိစ္စရပ်တွေသာမက ဘာသာရေး ကိစ္စရပ်တွေပါ အကျုံးဝင် နေတာတွေ့ရပါတယ်။
အစ္စလာမ် လူမှုအသိုက်အမြုံမှာ ဘာသာရေး ခေါင်းဆောင်တွေမှ တစ်ဆင့် အုပ်ချုပ်တာ တွေ့ရပါတယ်။ State (နိုင်ငံ)ကို From below မှ တိုက်ခိုက်တာလည်း ရှိပါတယ်။ လူမျိုးစုံနဲ့ ဒေသဆိုင်ရာ ခွဲထွက်ရေး ဝါဒီလှုပ်ရှားမှုတွေကလည်း ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပါတယ်။ သီရိလင်္ကာ၊ ယခင် ယူရိုဆလားဗီးယား၊ ဆိုဗီယက် ပြည်ထောင်စု၊ ဒေသဆိုင်ရာနဲ့ လူမျိုးရေး ဆိုင်ရာ ပြင်းပြတဲ့ ဆန္ဒတွေ (၁၉၈၀ ပြည့်နှစ် နှစ်လွန်ကာလများနဲ့ ၁၉၉၀ ပြည့်နှစ် နှစ်လွန်ကာလများ) က လေးနက်တဲ့ နိုင်ငံရေး လှုပ်ရှားမှုသို့ ဦးတည်ခဲ့ပြီး အဲဒီနိုင်ငံတွေရဲ့ အခြေအနေတွေက ဆိုးဝါးခဲ့ပါတယ်။
နိုင်ငံအပေါ် ဘာ့ကြောင့် စိန်ခေါ်မှုတွေဖြစ် ရတာလဲ နိုင်ငံအနေနဲ့ လူ့အဖွဲ့အစည်းတွေရဲ့လိုအင်တွေကို ရရှိစေရေးမှာ နည်းပါးတဲ့ တန်ဖိုးထားမှုတွေ ရှိလာနိုင်ပါတယ်။ From above အနေနဲ့ကြည့်ရင် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာပြီး အဲဒါတွေကို သီးခြားနိုင်ငံ တစ်ခုချင်းအလိုက် လွယ်လင့်တကူ မဖြေရှင်းနိုင်တာ တွေ့ရပါတယ်။ Green house ဓာတ်ငွေ့တွေက ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းကို နွေးစေပါတယ်။ စက်မှုလုပ်ငန်းရဲ့ သင့်တော်တဲ့ စကေးကလည်း ၂၀ ရာစုမှာ မြင့်တက်လာခဲ့ပါတယ်။ မော်တော်ကား ကုမ္ပဏီတွေဟာ နိုင်ငံကြီးတွေ ဖြစ်တဲ့ အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ အီတလီ နိုင်ငံတွေမှာ ဖွံ့ဖြိုးလာခဲ့ပါတယ်။ နျူကလီးယား နည်းပညာ၊ လေယာဉ်လုပ်ငန်းနဲ့ အာကာသ နည်းပညာတို့လို သွက်လက် ထက်မြက်တဲ့ လုပ်ငန်းတွေဟာ စီးပွားရေးဆန်ဆန် အလုပ်လုပ်ဖို့ ပိုမိုကြီးမားတဲ့ စကေး လိုအပ်ပါတယ်။
From below အနေနဲ့ကြည့်ရင် အိုးအိမ်၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုမှာ ဒေသဆိုင်ရာ လိုအင်တွေ ပြောင်းလဲဖို့ ကောင်းမွန်တဲ့ အလှည့်အပြောင်း တုံ့ပြန်မှုအတွက် ဗဟိုချုပ်ကိုင်မှု ပြုတဲ့နိုင်ငံတွေဟာ ပိုမိုပုံပန်းမကျတဲ့ ဖွဲ့စည်းမှုတွေ ရှိနေပါတယ်။ သည်အချက်က နိုင်ငံတွင်းနဲ့ ဒေသဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် ဖိအားတွေကို တွန်းအားပေးဖို့ ကူညီရာ ရောက်ပါတယ်။ နိုင်ငံအနေနဲ့ အချုပ်အခြာအာဏာ (Sovereignty) ကို အဓိပ္ပာယ် သတ်မှတ်ထားဆဲပါ။ နိုင်ငံ နယ်နိမိတ်တွေကို ပြင်ပမှ ကျူးကျော်ခြင်းကို ပြည်သူတွေက ဆန့်ကျင် ကာကွယ်နိုင်တာ အချုပ်အခြာအာဏာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ကမ္ဘာအနှံအပြားမှာ ပြည်တွင်း သောင်းကျန်းသူ တပ်ဖွဲ့တွေ ရှိနေဆဲပါ။
Nation အနေနဲ့ သမိုင်းဆိုင်ရာ ထင်ထင်ရှားရှား သီးခြားရပ်တည်နေတဲ့ အရာထက် ပိုမိုတာတွေ ရှိသလို State မှာလည်း ဥပဒေဆိုင်ရာ သီးခြားရပ်တည်နေတဲ့ အရာထက် ပိုမိုတာတွေ ရှိပါတယ်။ State နဲ့ ပတ်သက်တဲ့ တခြားအယူအဆတွေ ရှိပါသေးတယ်။ State ဆိုတာ စံအဖြစ်၊ စည်းမျဉ်းအဖြစ် သတ်မှတ်တဲ ့အစီအစဉ် တစ်ခုဖြစ်ပါတယ်။ သီးခြား လူ့အဖွဲ့အစည်းအတွက် သင်္ကေတ တစ်ခုလည်း ဖြစ်ပါတယ်။ နယ်နိမိတ်အတွင်း နေထိုင်နေကြတဲ့ လူတွေကို ယုံကြည်မှုတွေနဲ့ ချည်နှောင်ထားတဲ့ သင်္ကေတလို့လည်း ဆိုနိုင်ပါတယ်။ အရေးကြီးတဲ့ တာဝန် ဝတ္တရားတွေ၊ ဗဟိုချုပ်ကိုင်မှု ပြုခြင်းနဲ့ အဲဒီတာဝန်တွေကို ညီညီညွတ်ညွတ် ဆောင်ရွက်တဲ့ လုပ်ငန်းဖန်ရှင် ယူနစ် တစ်ခုလည်း ဖြစ်ပါတယ်။
State အပေါ် အမြင်ရှုထောင့် State အပေါ် Liberal View ကို လေ့လာကြည့်ရင် အောက်ပါ အချက်တွေကို တွေ့နိုင်ပါတယ်။ (၁) State ဆိုတာ အခိုင်အမာ အကျိုးစီးပွားတွေ ပါဝင် ပတ်သက်တဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။ (၂) State ဆိုတာ အစိုးရရဲ့အကျိုးစီးပွားနဲ့ လူ့အဖွဲ့အစည်းရဲ့အကျိုးစီးပွား နှစ်ခုစလုံးရဲ့ ရောင်ပြန်ဟပ်မှု တစ်ခုဖြစ်ပါတယ်။ (၃) State ဆိုတာ အမျိုးစုံပြီး ပြောင်းလဲနေတဲ့ အမျိုးသား အကျိုးစီးပွား သိုလှောင်ရာနေရာလည်း ဖြစ်ပါတယ်။
State အပေါ် Realist view ကတော့ (၁) State ဆိုတာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ actor ဖြစ်ပါတယ်။ (၂) State ဆိုတာ အချုပ်အခြာအာဏာပဲ ဖြစ်တယ်။ (၃) State မှာ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီမှုရှိတယ်။ ဆိုလိုတာကတော့ အမျိုးသား အကျိုးစီးပွား (national interest) ကို ပါဝါနဲ့ အဓိပ္ပာယ် ဖွင့်ဆိုတယ်။
State အပေါ် radical view ကတော့ (၁) State ဆိုတာ အရင်းရှင် လူတန်းစားရဲ့အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့ အေးဂျင့်ဖြစ်တယ်။ (၂) State ကို အရင်းရှင် လူတန်းစားအလွှာမှ ဖိအားပေးမှုတွေနဲ့ လွှမ်းမိုးတယ်။ (၃) State ကို နိုင်ငံတကာ အရင်းရှင်စနစ်ရဲ့ ဖွဲ့စည်းမှုနဲ့ ဘောင်ခတ်ထားတယ်။
State အပေါ် constructivist view ကတော့ (၁) State ဆိုတာ လူမှုရေးအရ တည်ဆောက်ထားတဲ့ ထင်ထင်ရှားရှား သီးခြား ရပ်တည်နေတဲ့ အရာဖြစ်တယ်။ (၂) State ဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲတဲ့ အမျိုးသား အကျိုးစီးပွားတွေရဲ့ သိုလှောင်ထားရာ နေရာဖြစ်တယ်။ (၃) State ကို ပိုမို နှစ်သက်ဖွယ်ရာတွေကို ပြောင်းလဲတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ပုံသွင်းတယ်။ (၄) ကိုယ်ပိုင် လက္ခဏာတွေကို ပုံသွင်းခြင်းနဲ့ ပြန်လည် ပုံဖော်ခြင်း ပြုလုပ်တဲ့ ပြောင်းလဲနေတဲ့ အမျိုးသား အကျိုးစီးပွားတွေနဲ့ State ကိုလွှမ်းမိုးထားတယ်။ (၅) State ကို IGOs တွေနဲ့၊ NGOs တွေနဲ့ လူမှုရေး အသွင်သဏ္ဌာန် ဖော်ဆောင်ထားတယ်။
အထက်မှာ ဖော်ပြခဲ့တာတွေကတော့ Liberals, realists နဲ့ radicals တွေက State နဲ့ပတ်သက်လို့ ကိုင်စွဲထားတဲ့ ကွဲပြားခြားနားတဲ့ အမြင်တွေ ဖြစ်ပါတယ်။ အဲဒီ ကွဲပြားခြားနားမှုတွေကို လေ့လာကြည့်ရင် အဓိက နယ်ပယ်လေးခုမှာ တွေ့နိုင်ပါတယ်။ အဲဒီနယ်ပယ်တွေကတော့ State ပါဝါရဲ့သဘာဝ၊ (ပါဝါဆိုတာ ဘာလဲ။ ပါဝါရဲ့အရေးကြီးတဲ့ အရင်းအမြစ်တွေက ဘာလဲ) State ပါဝါရဲ့ အလေ့အကျင့်၊ နိုင်ငံခြားရေး မူဝါဒ (Foreign Policy)ကို ဘယ်လိုပြုလုပ်သလဲနဲ့ နိုင်ငံခြားရေး ပေါ်လစီကို ပိုင်းဖြတ်ပေးတဲ့ အရာများ (ပြည်တွင်းနဲ့ နိုင်ငံတကာ အချက်အလက်တွေရဲ့ဆက်နွှယ်အရေးပါမှု) တို့ပဲဖြစ်ပါတယ်။