နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ

ဥပဒေပြဋ္ဌာန်းခြင်း ပြင်ဆင်ရန်

နိုင်ငံရေးပါတီအချို့အပေါ်သက်ရောက်မှု ပြင်ဆင်ရန်

အာဏာရအစိုးရနှင့်ညှိနှိုင်းဆွေနွေးကြခြင်း ပြင်ဆင်ရန်

ဥပဒေကိုပြန်လည်ပြင်ဆင်ခြင်း ပြင်ဆင်ရန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ နိုဝင်ဘာလ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး အတည်ပြု ထုတ်ပြန်ခဲ့သည်။ မူလက ပြဋ္ဌာန်းထားသော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ အချက်သုံးချက်ကို ပြင်ဆင်ထားသည်။ ထို့ပြင်ဆင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ပါတီဝင်များသည် ထောင်ဒဏ်ကျခံရသူများ မဟုတ်ရဟူသော ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ခြင်း။
  • ပါတီတစ်ခုသည် ရွေးကောက်ပွဲများတွင် အနည်းဆုံး သုံးနေရာ ဝင်ပြိုင်ရမည် ဟူသော ကန့်သတ်ချက်ကို ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော ပါတီအသစ်များနှင့် သက်ဆိုင်မှုမရှိ ဟု ပြင်ဆင်လိုက်ခြင်း။
  • ဖွဲ့စည်းပုံအခြေခံဥပဒေကို “ထိန်းသိမ်း စောင့်ရှောက်ရမည်” ဟူသော စကား ရပ်အား “လေးစားလိုက်နာရမည်” ဟု ပြင်ဆင်လိုက်ခြင်း။ [၁]

ဥပဒေပြင်ဆင်ပြီးနောက်အကျိုးသက်ရောက်မှု ပြင်ဆင်ရန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အမီ ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သော်လည်း အဆိုပါကိစ္စရပ်ကို နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို အတည်ပြု ပြီးနောက်မှသာ အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားကြောင်း Weekly Eleven News Journal တွင် ဖော်ပြထားသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ၊ (၅)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ [[လင့်ခ်သေ]]
  2. Home - Eleven Media Group